Ep.26💖

6.8K 346 5
                                    

( Unicode )

ယနေ့ အခုအချိန်မှာဆိုရင်တော့ ဖူးတစ်ယောက် မမကားမောင်းနေသည်ကို မေးထောက်ကာ အဝကြီး ထိုင်ကြည့်နေပါသည်။

Blackကြိုက်သူကြီးက အခုလည်း အင်္ကျီလက်ရှည်အမည်းကို ဂျင်းဘောင်းဘီအမည်းအရှည်နဲ့ ဝတ်ထားပြီး အပေါ်ကနေ ထပ်ပြီး မမမေမေကိုယ်တိုင် ချည်ထိုးပေးထားတာဆိုသည့် လက်ပြတ်ဆွယ်တာအဖြူအပါးလေးကို ဝတ်ထားသည်။

"မမ မမဝတ်ထားတာ အင်္ကျီနှစ်ထပ်ကို ဘောင်းဘီထဲ ထည့်ဝတ်ထားတာတောင် ခါးလေးက သေးပြီး ခန္ဓာကိုယ်အချိုးအစားက လှနေလိုက်တာ"

"ကလေးလည်း ဝတ်ရင် လှပါတယ်"

"ဒါပေမဲ့ မမလို ခါးမှ မသေးတာ"

"ခါးသေးတိုင်း လှတယ်လို့ ဘယ်သူပြောလဲ ကလေးရယ် အခု ကလေးဝတ်ထားတာလေးလည်း မမျက်လုံးထဲမှာ modelမလေးအတိုင်းပဲ"

"မမကတော့ ပိုပြီ"

"အော တစ်ကယ်ပါဆို ဟုတ်တယ်မလား ညီမတို့"

အနောက်မှန်ကနေကြည့်လိုက်တော့ အီလည်လည်လေးတွေ ပြုံးပြတဲ့ ကလေးသူငယ်ချင်းတစ်သိုက်။

လမင်းတက်တဲ့uniကိုပဲ တက်ကြတာမို့ စာရွက်စာတမ်းတွေ လိုအပ်တာတွေ ဖောင်ဖြည့်တာတွေ အဆောင်တွေ ဘာတွေ လိုက်ပြပေးမယ်ဆိုပြီး လမင်း ကလေးတို့နဲ့ ထွက်လာခဲ့ခြင်း။

အရင်တစ်ခါကလို ဟိန်းထက်က ကားယူလာတာမို့ နှစ်စီး ကျောင်းသို့ မောင်းလာခဲ့ကြသည်။

ကျောင်းရောက်တော့ ကားပေါ်က ဆင်းတာနဲ့ လူတိုင်းရဲ့ အကြည့်က ဖူးဆို့ဆီသို့ ရောက်ရှိလာသည်။

အများဆုံးကတော့ မမ။

ဖူးတို့အုပ်စုကလည်း အချောအလှလေးတွေပဲဆိုပေမဲ့ မမနဲ့တော့ ဘယ်ယှဉ်နိုင်မလဲကွယ်။

"ကလေးတို့ ဖောင်ဖြည့်ဖို့ တန်းစီကြတော့နော်"

"ဟုတ် မမ ဟို ဘယ်ဘက်မှာ"

"first yearကဟိုဘက်မှာ မမ finalက ဒီဘက်မို့ လမ်းတော့မတူဘူး ကလေးတို့နဲ့ အရင်လိုက်ခဲ့မယ်"

မမသည်သာ ကလေးအချစ်ဆုံးလူသား❣️Dove le storie prendono vita. Scoprilo ora