Ep.49💖

4.9K 295 6
                                    

( Unicode )

နောက်နေ့မှစပြီး လမင်းနဲ့ အကိုဝူချန်ကို တွဲတွဲတွေ့နေရပေမဲ့ ကျောင်းကိစ္စကြောင့်ဆိုတာ သိတော့ အပြောနည်းသွားကြသည်။

"ညီမ ကိုယ်ပြောတဲ့နေ့ကတည်းက စာရင်းတွေ လိုက်ကောက်ထားတာပေါ့"

"ဟုတ်"

"Wow ထိပ်တန်းစီးပွါးရေးရှင်ရဲ့ သမီးဆိုတော့လည်း ဒီလောက်က အေးဆေးပေါ့ဗျာ"

"အွန်း"

"ဒါနဲ့ ကိုယ့်ပါတနာအဖြစ်က အဆင်ပြေလားဟင်"

"အဲ့ဒါက အဆင်မပြေဘူး အကိုဝူချန်"

"အော် အဆင်မပြေဘူးဆိုလည်း အိုခေ အိုခေ"

"ဟုတ်"

တစ်ကယ်ဆို လမင်း ကလေးကိုပင် မပြောပြ။ကလေးက မလိုက်စေချင်ရင် နဂိုကတည်းက မလိုက်ချင်တာနဲ့အတော်ပဲ။အားနာပြီး လိုက်ခိုင်းလည်း လမင်းက မလိုက်ဘူးပဲ။

"မမ!"

ကလေးအကြောင်း တွေးတုန်း ရှိသေး။အသံလေးက အနောက်ကနေ ထွက်လာသည်။

လမင်း လှည့်ကြည့်တော့ အမြဲ ဝတ်နေကျ hoodieက်ို အဝါရောင်လေးနဲ့ ဂျင်းအပြာနုလေး ဝတ်ထားတဲ့ကလေး နဂိုကတည်းက ချစ်ဖို့ကောင်းတာ အခုလိုလေးကျ ပိုလို့ပင် ချစ်ဖို့ကောင်းနေသလို။

"မမ အာ့"

ကလေး အနားလည်းရောက်ရော လမင်း ခေါင်းစွပ် စွပ်ပေးလိုက်ပြီး ကြိုးကို ဆွဲလိုက်ပြီး ကလေးမျက်နှာကို ပိုလို့ မမြင်ရအောင် ရင်ခွင်ထဲမှာ ဆွဲထည့်ပစ်လိုက်သည်။

"မမ ဘာလုပ်တာလဲ ဖယ်အုန်း"

"ဒီအတိုင်းနေ မိုးရွာနေတာ အေးတယ်"

"အေးလို့ hoodieဝတ်ထားတယ်လေ"

"မျက်နှာအေးမှာစိုးလို့"

"Hmm?? မမကလည်း ဖယ်အုန်းလို့"

"လာ ကလေး ကြိုက်တဲ့ ကိတ်မုန့်လေး သွားစားကြမယ် အကိုဝူချန် ခွင့်ပြုပါဦး"

"အာ အင်း ညီမ နောက်မှ တွေ့မယ်"

"ဟုတ်"

လမင်း ကလေးကို ရင်ခွင်ထဲ ဆွဲဖက်လျက် လျှောက်နေတာမို့ ဖူးမှာ ယက်ကန်ယက်ကန်နဲ့ ပါသွားတော့သည်။

မမသည်သာ ကလေးအချစ်ဆုံးလူသား❣️Where stories live. Discover now