ep 1

1.2K 58 5
                                    

"မောင်...ချစ် အခု တွေ့နေတာတွေက အမှန်တွေမဟုတ်ဘူးမလား ဟမ်... ပြောပါစမ်းပါဦး မောင် ရယ်။ ဘာလို့ ခေါင်းကြီးပဲ ငုံ့ထားနေရတာတုန်း ဖြေလေ ... ဖြေလို့...အဲ့ကောင်မနဲ့ မောင်က ဘာမှမပတ်သက်ဘူးမလား...ဟုတ်တယ်မလား"

သူပြောလိုက်တဲ့စကားတွေကို အားနာသလိုလို စိတ်မကောင်းသလိုလို အကြည့်တွေနဲ့သာ တုံ့ပြန်လာတဲ့ မောင့်ကို မုန်းလိုက်တာ။

မောင့်ဘေးမှာ အောင်နိုင်သူအပြုံးတွေနဲ့ ကြည့်နေတဲ့ မာယာပျို ဆိုတဲ့ မိန်းမကိုလည်း ဒေါသထွက်လွန်းလို့ ရူးတော့မယ်။

"အား...ဘာလို့လဲ မောင်...ဘာလို့ဒီလိုတွေ ဖြစ်လာရတာလဲ။ မောင်ပဲပြောတော့ ချစ်ကို အရမ်းချစ်တယ်ဆို။ အခုကျတော့ အခုတော့ မြူခွန်းဆက် ဆိုတဲ့ မိန်းမကို မချစ်တော့ပြန်ဘူးတဲ့လား အား...."

"ဟား...ဟား... မောင်ရူးနေတာ ဒီကောင်မရဲ့ မာယာအောက်မှာ မျှောပါပြီး စောက်ရူးထနေတာ"

"ကိုယ် ...ကိုယ် တောင်းပန်ပါတယ်..."

အို ဘာတဲ့...တောင်းပန်ပါတယ် ဟက်... ဒါဆို သဘောက မောင်က မှားခဲ့တာပေါ့လေ။ သူ့ဖက်ကအထင်လွဲနေတာ မဟုတ်ပဲ တကယ်ကြီး ဟိုကောင်မနဲဲ့ ဖြစ်နေတာပေါ့လေ။

ဟား...ဟား...ရယ်ရတယ်။ မောင်က ဒီတောင်းပန်စကားလေး တစ်ခွန်းထဲနဲ့ ၆နှစ်တာ ပက်သတ်ခဲ့ကြတဲ့ အချိန်တွေကို ပြန်လျော်ပစ်လို့ရမယ်ထင်နေလား။ ဟ! မရဘူးမောင်....မရဘူး ချစ်က သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ မိန်းမတစ်ယောက် မဟုတ်ဘူးဆိုတာကို မောင်ဘာလို့ မသိခဲ့ရတာလဲ။ မောင့်အတွက် ခွင့်လွှတ်မှုဆိုတာ မရှိစေရဘူးမောင်။

"Ok ရတယ်လေ...မောင် ...လမ်းခွဲမယ်။ အင်...လမ်းခွဲကျတာပေါ့ ..."

သူက လမ်းခွဲစကားပြောလိုက်တော့ မောင်ကသူ့ကို အလန့်တကြား မော့ကြည့်လာတယ်။

ဘာလို့လဲမောင်...ချစ်က မောင်ဖောက်ပြန်နေတာကို သိသိကြီးနဲ့ ခွင့်လွှတ်ပေးမယ်လို့ ဘာလို့ ထင်နေရတာလဲ။ မောင် ချစ်ကို သိပ်ပြီး လျှော့တွက်လွန်းခဲ့တာပဲ။

သူ မောင့်ကို မျက်နှာလွဲလိုက်ပြီး မောင့်အနားမှာ ရပ်နေတဲ့ မာယာပျိုထံသို့ ချဥ်းကပ်သွားလိုက်သည်။ ပြီးနောက် သူမအနားနားလေးကိုကပ်ပြီး ကြိမ်းဝါးစကား ဆိုလိုက်မိ၏။

You Are Too Much Where stories live. Discover now