ep 4

311 35 3
                                    

ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင်ပဲ မြူခွန်းဆက်တို့ရဲ့ cafe လေးတောင်မှ စဖွင့်တော့မည်။

ဒါပေမယ့် အခုချိန်ထိတော့ ဆိုင်မှာကူလုပ်ပေးမယ့် လူနောက်တယောက်က မရနိုင်သေးဘူး။

ဟိုသူ့သူငယ်ချင်းမ သိင်္ဂီမကလည်း သိပ်အားကိုးရတယ်။ အခု လူလို​နေပြီ သူ့ကိုတောင်းတောင်းပန်ပန်နဲ့တောင် လာလုပ်ပါတော့ဟဲ့ဆိုကြ လာမလုပ်ချင်တော့ဘူးတဲ့လေ။

ဆိုင်ရှေ့မှန်မှာ လူခေါ်ပို့စ်ကပ်ထားတာကလည်း မနေ့ကတည်းကကို လူတကောင်ကြောင်တမြီးတောင်မှ လာမလျှောက်ကြပြန်တော့ မခက်ပေဘူးလား။ အခုမှပဲ ရှိသမျှလူတွေအကုန်လုံးက အလုပ်မလိုကြတော့တာများလို့တောင် ခပ်ပြောင်ပြောင်တွေးမိနေတော့သည်။

မြူခွန်းဆက်တို့ မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာတွေရယ်၊ ဖိတ်မယ့်လူစာရင်းတွေရယ်ကို စားပွဲပေါ်မှာပြုစုနေရင်း အလုပ်ရှုပ်နေရင်းမှပဲ ထိုအချိန် ဆိုင်အပေါက်ဝမှာ ဆွဲချိတ်ထားသည့် ဆည်းလည်းသံလေးက ချွင်ခနဲ မြည်သွားခဲ့သည်။

လူတယောက်က ဆိုင်ထဲသို့ ဝင်လာသည်။ မြူခွန်းဆက်ကတော့ အလုပ်လာလျှောက်တဲ့သူများလားလို့ ဝမ်းပမ်းတသာဖြစ်သွားမိပေမယ့်၊ သို့သော် ဝင်လာသူမှာက ကောင်းဆက်ကိုသာ ဖြစ်နေခဲ့သည်လေ။

"ကျစ်! နင် ဘာလာလုပ်ပြန်တာလဲ ကောင်းဆက်ကို"

ကောင်းဆက်ကိုမျက်နှာမြင်တာနဲ့ကို မြူခွန်းဆက်တို့က ရန်အရင်လုပ်တော့တာပါပဲ။

ဟိုကလည်း မျက်နှာအရေထူတယ်။ ခပ်ပြောင်ပြောင်ပဲ။

"ဪ... အခုတော့ ကိုယ်က မောင်တောင်မဟုတ်တော့ဘူးပေါ့လေ"

"ကျစ်! အာရုံပဲ ကောင်းဆက်ရာ... နင်ငါ့ကို ဘယ်အချိန်ထိများ တွယ်ကပ်​နေဖို့ စီစဥ်ထားလဲ။ ဟမ်။ ကျေးဇူးပြု၍ပါ။ ငါ့ကိုတစ်ယောက်တည်း လွှတ်ထားပေးလို့ မရဘူးလား။ ငါနင့်ကို တောင်းပန်နေတာပါဟ"

မြူခွန်းဆက်လည်း စိတ်ရှုပ်လာတာနဲ့ ကောင်းဆက်ကိုအား အတင်းကာရောကိုပဲ ရန်တွေ့မိသွားသည်။ ဒါပေမယ့် သူပြောနေလည်း ပြောနေတာပဲ အဖတ်တင်ပါသည်။ ကောင်းဆက်ကိုက မကြားချင်ယောင်ဆောင်၍ နေနေသည်လေ။

You've reached the end of published parts.

⏰ Last updated: Oct 04, 2022 ⏰

Add this story to your Library to get notified about new parts!

You Are Too Much Where stories live. Discover now