ep 3

257 43 1
                                    

ကျောင်းပိတ်ရက်တွင်ဖြစ်သည်။ သတိုးခန့်တို့ သူ့ရဲ့ မ ဆီ မသွားခင်လေး စာကြည့်တိုက်သို့လာ၍ စာအုပ်တွေလာဖတ်နေမိသည်လေ။ သူ့အတွက်တော့ စာဖတ်ရတာဟာလည်း စိတ်အပန်းဖြေခြင်းတမျိုးပါပဲ။

စင်ပေါ်က စာအုပ်လေး နှစ်အုပ်သုံးအုပ်လောက် ယူပြီး စာပွဲမှာသွားထိုင်ဖတ်မယ်ပေါ့။ သို့ပေမယ့် သူလိုချင်တဲ့စာအုပ်တအုပ်က စင်ရဲ့အပေါ်ဆုံးထပ်မှာရှိနေသည်မလို့ သူ့အရပ်နဲ့မမှီဘဲ ခြေဖဝါးထောက်ကာ လှမ်းယူနေရတော့သည်။

ထိုအချိန် သူ့ရဲ့အနောက်ပါးဆီမှ လူတယောက်ဟာ သူ့ကိုအုပ်မိုး၍ ထိုစင်အပေါ်ဆုံးထပ်မှ သူလိုချင်နေတဲ့စာအုပ်ကို လှမ်းလို့ယူပေးခဲ့ပါသည်။

"ရော့ ညီ... ညီလိုချင်နေတာ ဒီစာအုပ်မလား"

"ဟုတ် ကျေးဇူး အကို..."

ကျေးဇူးတင်စကားပြောနေရင်းတန်းလန်းမှပင် နှစ်ယောက်စလုံးရဲ့မျက်နှာတွေက ပျက်သွားခဲ့တော့တယ်။

"မင်း!"
"ခင်များ!"

ခုနကလို အကိုတွေ ညီတွေမဟုတ်တော့ဘဲ ခင်များတွေ မင်းတွေဖြစ်သွားကုန်ပြီလေ။ ဖြစ်ဆို ရန်သူတော်တွေက အမှတ်မထင်ပဲ လာဆုံနေရတာကိုး။

ကောင်းဆက်ကိုက အရင် ညစ်ပြီး ပေးထားတဲ့စာအုပ်ကို သတိုးခန့်လက်ထဲမှ ပြန်လုယူလိုက်တော့သည်။

"ခင်များ ဒါဘာလုပ်တာလဲ။ ပေး ကျွန်တော့်စာအုပ်ကို ပြန်ပေးစမ်း"

သတိုးခန့်က မရမက ပြန်လိုက်လုတော့ ညစ်ကျယ်ကျယ်နဲ့ ကောင်းဆက်ကိုက စာအုပ်ကို အပေါ်မြှောက်ကိုင်ထားလေရဲ့။

"ဘာလို့ပေးရမှာလဲ ငါယူထားတဲ့စာအုပ်ပဲကို။ ယူချင်ရင် မှီအောင်လိုက်ယူလေ"

မင်းဂျပုလေးပါကွာလို့ လှောင်ချင်နေတဲ့ ကောင်းဆက်က သတိုးခန့်မမှီလေအောင် တမင်သက်သက်အပေါ်သို့မြှောက်၍ လိုက်ယူခိုင်းနေသလို သတိုးခန့်ကလည်း သူ့ကိုလာကျောရကောင်းမလားဆိုပြီး မမှီ့တမှီကို ခုန်ဆွခုန်ခွနဲ့ အတင်းလိုက်လုနေလေသည်။

ကိုးယို့ကားယားနဲ့ သတိုးခန့်မှာ အခုန်မတော်လေတော့ ဝတ်ထားသည့် ကိုယ့်ပုဆိုးအနားစကို ကိုယ်ပြန်နင်းမိပြီး ခလုတ်တိုက် ချော်လဲသွားလေတော့သည်။

You Are Too Much Where stories live. Discover now