ep 2

267 41 1
                                    

သူ မောင့်ကို သေချာပေါက်ကို ယောကျ်ား ပေးစားမှဖြစ်တော့မယ်။

မြူခွန်းဆက်တို့ အခိုင်အမာပဲ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ဖြစ်ပုံတွေကတော့ ဒီလိုပါ။

သူ...ညနေခင်းအဆောင်သို့ပြန်ရောက်ချိန် သူဆီကို ဖုန်းတစ်ကော ဝင်လာခဲ့သည်လေ။ အဲ့တာက တခြားလူတော့မဟုတ် မာယာပျိုပဲ ဖြစ်နေခဲ့ပါသည်။ ပြောစရာရှိတာမို့ သူ့အိမ်နားက cafe မှာ တွေ့ကြရအောင်တဲ့။ ဆိုတော့ ကိုယ်လဲ သူဘာတွေများပြောဦးမှာလဲဆိုပြီး နားထောင်ဖို့ရာ သူချိန်းထားတဲ့နေရာသို့ သွားလိုက်ရတော့သည်။

ချိန်းထားတဲ့နေရာ ရောက်လေတော့ ဟိုမာယာပျိုမက အရင်ထိုင်စောင့်နှင့်နေပြီလေ။ သူလည်း အဲ့မာယာပျိုမရှေ့က ခုံကိုခပ်တည်တည်နဲ့ဆွဲပြီး ဝင်ထိုင်လိုက်တော့တယ်။

လူချင်းမျက်နှာချင်းဆိုင်တွေ့ရပြီဆိုတော့ သူလည်း ဘယ်ရမလဲ... ကိုယ့်ဘက်ကဦးပြီးကို ပိတ်ပြောပစ်လိုက်တာ။

"ပြော ...ဘာပြောချင်တာလဲ မြန်မြန်ပြော! ငါ့မှာ အချိန်တွေမပေါဘူး။ နင့်လို အားယားနေတာလဲမဟုတ်ဘူး"

"ငါလည်း အရမ်းအားလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နင့်ကိုတော့ သေသေချာချာလေး ပြောထားရမယ်ထင်လို့"

မာယာပျိုရဲ့ စကားတွေကိုကြားပြီးသကာလ မြူခွန်းဆက်ဖက်က ဂရုမစိုက်သလိုနဲ့ ပခုံးလေးတောင် တွန့်ပြလိုက်သေးတယ်လေ။

"နင်...ကိုနဲ့ ကင်းကင်းရှင်းရှင်း နေပေးပါ"

"ဘာ!!! ကင်းကင်းရှင်ရှင်းနေရမယ် ငါက ဟုတ်လား....why? "

"ဟက် နင့်ရဲ့ ဇတ်လမ်းတွေကို ငါမသိဘူးများ မှတ်နေလား"

'ဟမ်...ငါ့ရဲ့ မလုပ်ဖြစ်တော့တဲ့ လက်စားချေမယ့်ဇတ်လမ်းကို သူက ဘယ်လိုသိသွားတာတုန်း'
မြူခွန်းဆက်တို့ အထိတ်တလန့်ဖြစ်သွားရတော့သည်။

"ဘာလဲ ငါသိနေလို့ အံဩသွားတာလား"

'အင် ...' မာယာပျိုရဲ့ စကားကို မြူခွန်းဆက်တယောက် စိတ်ထဲကပင် ခေါင်းငြိမ့်ပြလိုက်မိသည်လေ။

You Are Too Much Where stories live. Discover now