Unicode
မနက်ခင်းအိပ်ယာနိုး လိုက်ကာဖွင့်လိုက်သည်နှင့် မြင်ရသည်က ပြာလဲ့လဲ့ပင်လယ်ပြင် စိမ်းလဲ့လဲ့တောင်တန်း....။ တောင်တန်းနှင့်ပင်လယ် စပ်ဟပ်စွာပေါင်းဖက်ထားသော ဂျယ်ဂျူကျွန်းကို ကျွန်တော်တို့ ဟန်းနီးမွန်းအဖြစ် ရောက်ရှိနေခြင်း.....။
နံရံအပြည့်ကာရံထားသော မှန်တံခါးကြီးကို ကျော်လွန်၍ ဝင်လာသော နေရောင်ပြင်းပြင်းကြောင့် အချိန်အားဖြင့် မွန်းတည့်ချိန်ကျော်နေပြီဖြစ်မှန်း သိလိုက်သည်။ ထသင့်သည့်အချိန် ကျော်လွန်၍ မျက်နှာနေထိုးလာသည့်တိုင် မထသေးသည့် hyungနှစ်ယောက်ဘေး အသာပြန်သွားကာ ကိုင်လှုပ်နိုးတော့ အင်းအဲနှင့် အကြောဆန့်၍နေသည်။
" Kookie~~~~အစောကြီးနိုးနေတာလား....... "
" နေ့ခင်း1နာရီကျော်နေပြီကို ဘာအစောကြီးလဲ.....? "
" အဟား.......ဟုတ်ပါပြီ ကိုယ်က မင်းလေးပင်ပန်းထားလို့ ဒီထပ်ပိုအိပ်မယ်ထင်ထားလို့ပါ......"
ခါးကိုဖက်ကာ အိပ်ယာပေါ်ဆွဲချနေသောလက်ကို ပုတ်ထုတ်လိုက်ပြီး
" ခင်ဗျားကြီး အစလာမဖော်နဲ့ဗျာ......"
seokieကို စိတ်ဆိုးစိတ်ကောက်သည့်အခါတိုင်း ခင်ဗျားကြီး၊ ဟိုလူကြီး၊ အဲ့လူကြီးဟု ပြောတတ်ပါသည်။ ဟုတ်ပါသည်...စိတ်ဆိုးနေပါသည်...။ ဘယ်လိုမှ ဦးဆောင်မခံပါဘူးဆိုတာကို ကိုယ့်အလစ်မှာ ကိုယ့်ကိုမရရအောင် ဦးဆောင်သွားသည်။ ထိုကိစ္စကို ဘယ်လိုမှ မကျေနပ်နိုင်......။
" ခွေးကောင်.....မင်းငါ့ကို မညာမတာလုပ်သွားတာကကော......ငါ့ကိုဘယ်ကတည်းက ချောင်းနေလဲ မသိဘူး တကယ်ဘဲ......."
hyungပိစိကို ဦးဆောင်သူလုပ်ခဲ့တာကို ပြန်တွေးမိတော့ ကျေနပ်သလို ပြုံးလိုက်သည်။ ဒါကိုမြင်သော hyungပိစိက မျက်စောင်းတခဲခဲနှင့်.....။ hyungပိစိ ရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း
" gigiမှာ ဒီကလေးတစ်ယောက်ဘဲရှိတာကို အလိုလိုက်ဘူးလားဟင်......ဟိုလူကြီးကျ အလိုလိုက်ပြီး...... "
" လူလည်လေး........"
မျက်ဝန်းကြည်တောက်တောက်လေးတွေနှင့် သနားစဖွယ်ဆိုတော့ ခေါင်းထဲလက်လျှိုဝင်ကာ ဆံပင်တို့ကို ထိုးဖွလို့လာသည်။
YOU ARE READING
Our Love
Fanfiction(Unicode) ချစ်ခဲ့ဖူးလားလို့ မေးကြည့်ချင်ပေမဲ့ အဖြေကိုလက်ခံနိုင်စွမ်းမရှိတော့..... #jimin ******************************************** အချစ်ကို ကိုယ်ချစ်တယ်ဆိုတဲ့အကြောင်းကို နောက်ထပ်တွေ့ရင်ကိုယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြမယ်နော်အချစ် ချစ်တယ်..... #taehy...