part-13

1K 96 7
                                    

Unicode

" taehyung ah.........giက ငါ့ကိုထားပြီး U.Sကို ပြန်သွားပြီ "

" ဟမ်..... yoongi hyungပြန်ဖို့က လိုသေးတယ်မဟုတ်လား ဘာလို့ချက်ချင်းကြီးပြန်သွားရတာလဲ "

___________________________________

" Jung hoseok.........အပြင်မှာ ခင်ဗျားက တခြားတစ်ယောက်နဲ့ ဖြစ်ပျက်နေရအောင် ကျုပ်ကခင်ဗျားလိုချင်တိုင်း မပေးလို့လား ဟမ်......ပြောစမ်းပါ မပေးလို့လားလို့..... "

" မဟုတ်ဘူး.....gi.......gi.......giထင်သလိုမဟုတ်ဘူး.......ကိုယ်ရှင်းပြမယ်.......ကိုယ်......"

" လက်ပူးလက်ကြပ်မိခဲ့တာကို ဘာကိုရှင်းအုံးမှာလဲ ဒီလောက်မျက်စိဒေါက်ထောက်ကြည့်နေတာတောင်
ဖောက်ပြန်ရဲတဲ့ ခင်ဗျားရဲ့စကားကို ကျွန်တော်က ဘာကြည့်ပြီးယုံကြည်ပေးရမှာလဲ ဟမ်.....ပြောစမ်းပါအုံး Jung hoseokရဲ့......"

" gi......gi......."

ထုရိုက်နေသည့် လက်က‌လေးတွေ ရဲတက်လာသည်မို့ လက်ကောက်ဝတ်ကို အသာထိန်းဖမ်းချုပ်လိုက်တော့

" မထိနဲ့ မသတီဘူး.......သွား.......အဲ့ကောင်စီကိုသွား......."

ချုပ်ထားသည့်လက်တွေကို အတင်းရုန်းကာ ရန်လိုစွာပြုမူနေသည့် ကြောင်ပေါက်က ရင်ခွင်ထဲ တင်းနေအောင်ဖက်ထားပြီး ခေါင်းကိုဖွဖွပုတ်ပေးတော့ ငြိမ်ကျသွားသည်။ ရှိုက်သံတို့ထွက်သည်အထိ အားရပါးရငိုနေသည့်ကလေးငယ်‌.......။

ရင်ဘတ်တစ်ခုလုံးရွှဲနစ်နေအောင် အားရပါးရငိုအပြီးမှာတော့ မောပြီးအိပ်ပျော်သွားသည့်ကလေးငယ်......။ တောင်းပန်စကားဆိုဖို့တောင် မထိုက်တန်မှန်းသိပေမဲ့ ကလေးငယ်မကြားနိုင်သည့် တစ်ခဏမှာ ‌အကြိမ်ကြိမ်တောင်းပန်နေမိရဲ့......။

ဖြူနုနု ကလေးငယ်ကို အိပ်ယာပေါ်အသာချပေးပြီး ငယ်ငယ်က အရမ်းချစ်ရတဲ့အရုပ်ကလေး ပျောက်သွားမှာဆိုးလို့ အတင်းဖက်တွယ်ထားသလိုမျိုး ဖက်တွယ်ထားမိသည်။

အိပ်ယာဘေးကလစ်လပ်မှုနဲ့အတူ နိုးထလာရသည့်မနက်ခင်းဟာ သာယာမနေတာတော့အမှန်ပါ။ တစ်အိမ်လုံးအနှံ့ရှာပြီးသည့်တိုင်အောင် သူနဲ့တူသည့်အရိပ်အယောင်တစ်ခုမှမတွေ့ရတဲ့အခါ  ဆောက်တည်ရာမရတော့.....။

Our LoveTempat cerita menjadi hidup. Temukan sekarang