Unicodeအချစ်အိမ်မှာ ကုန်ဆုံးတဲ့ကျောင်းပိတ်ရက်ရှည်ကြီးအပြီးမှာတော့ ကျောင်းတွေတက်ရပါတော့မည်။အချစ်ကောကျွန်တော်ပါ ဟန်ဆယ်တက္ကသိုလ်ကိုတက်ခွင့်ရခဲ့သည်။
ကျွန်တော်က မိသားစုအတွက်မကျေခဲ့တဲ့တာဝန်တွေကို ကျေဖို့အတွက် စီးပွားရေးမေဂျာယူဖို့ ဆုံးဖြတ်ထားသည်။ အချစ်နဲ့မေဂျာတူတက်ချင်ပေမဲ့ မိသားစုအတွက်လဲ တစ်ဖက်တစ်လမ်းက တာဝန်ကျေရမည်မဟုတ်လား။
အချစ်က အနုပညာပိုင်း စိတ်ဝင်စားသူမို့ အနုပညာနဲ့ပတ်သတ်တာတစ်ခုခု တက်မည်ဟု ထင်ထားခဲ့သော်လည်း အချစ်က ကျွန်တော်နဲ့အတူ စီးပွါးရေးလိုက်တက်မည်တဲ့...။ အမြဲကိုယ်က စချစ်တဲ့သူဖြစ်ပေမဲ့ ပိုချစ်ပေးတဲ့သူတော့အမြဲသူဖြစ်နေသည်။
" minie~~~~~~minieတကယ်ဝါသနာပါတဲ့ မေဂျာတက်လေ ကိုယ်နဲ့အတူလိုက်တက်ဖို့မလိုပါဘူး ကိုယ်နဲ့မေဂျာတူလဲ ကိုယ်ကကုမ္ပဏီမှာ တစ်ခါတည်း အလုပ်ဝင်သင်မှာဆိုတော့ minieနဲ့အမြဲတွေ့ရဖို့က သိပ်မသေချာဘူး "
" minieလဲ taetaeနဲ့အတူ ကုမ္ပဏီမှာအလုပ်ဝင်လုပ်မယ်လေ အဲ့လိုဆို အမြဲအတူရှိလို့ရပြီလေ "
" အဲ့ဒါကမလွယ်ဘူးလေ minieရယ် "
" မလွယ်တာမဟုတ်ပါဘူး မင်းကလွယ်အောင်မလုပ်ချင်တာပါ "
အချစ်ပြောသလို မလွယ်တာမဟုတ်ပါဘူး။ ကျွန်တော်လုပ်ချင်တယ်ဆိုရင်အလွယ်လေးပါ အမေတို့ဆိုတာကလဲ အချစ်ကို ဟိုးအရင်က ချစ်ကြတဲ့သူတွေမို့ ကိစ္စမရှိ။ အိမ်ခေါ်လာဖို့တောင် ပြောနေကြတာ ကျွန်တော်ကအချစ်အနေခက်မှာ စိုးလို့သာ မခေါ်တာ...။
တကယ့်ပြဿနာက ဘာလဲဆို အချစ်ဝါသနာမပါတဲ့ အရာတစ်ခုကို ကျွန်တော့်ကြောင့်ဆိုပြီး မလုပ်စေချင်ဘူး အခုလတ်တလောတော့ အဆင်ပြေနိုင်ပေမဲ့ ကြာလာရင် အချစ်မပျော်ဘဲနေလိမ့်မယ် အဲ့လိုမျိုး မဖြစ်စေချင်ဘူး သူဝါသနာပါတာကိုလုပ်ပြီး ပျော်နေတာကိုဘဲမြင်ချင်တာ....။
" minieဝါသနာမပါတာကို ကိုယ့်ကြောင့်လုပ်ပြီး စိတ်မပျော်တာမျိုး စိတ်ပင်ပန်းတာမျိုးကို ကိုယ်ကမဖြစ်စေချင်ဘူး။ minieဝါသနာပါတာကိုဘဲလုပ်ပြီး ပျော်နေတာမျိုးကိုဘဲ ကိုယ်ကတွေ့ချင်တာ။ ကိုယ်ကminieနဲ့တွေ့ဖို့အမြဲနည်းလမ်းရှာနေမှာမို့ ကိုယ်တို့မခွဲရဘူး စိတ်ချ... ကိုယ့်ကိုယုံ.... "
ESTÁS LEYENDO
Our Love
Fanfic(Unicode) ချစ်ခဲ့ဖူးလားလို့ မေးကြည့်ချင်ပေမဲ့ အဖြေကိုလက်ခံနိုင်စွမ်းမရှိတော့..... #jimin ******************************************** အချစ်ကို ကိုယ်ချစ်တယ်ဆိုတဲ့အကြောင်းကို နောက်ထပ်တွေ့ရင်ကိုယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြမယ်နော်အချစ် ချစ်တယ်..... #taehy...