Unicode
အချစ်ကို ဖျောင့်ဖျပြီး မေဂျာတူမတတ်ခိုင်းခဲ့တာ ကျွန်တော်ကိုယ်တိုင်ဆိုပေမဲ့ တကယ်တမ်းကျ ဘယ်လိုမှ စိတ်မချနိုင်။
အချစ်ကကျောင်းသွားရင် အရင်လို ယူနီဖောင်းနဲ့သွားရတော့မှာ မဟုတ်ဘဲ အဝတ်အစားအလန်းတွေဝတ်ပြီး သွားရတော့မည်။
အချစ်က ဂျင်းပန်ကို တီရှပ်လက်ရှည်နဲ့ ရိုးရိုးလေးဝတ်တာတောင် နတ်သားရှုံးလောက်အောင် လှသည်မဟုတ်ပါလား။ ဒါကို ကျောင်းတက်တော့မှာမို့ဆိုပြီး ဆံပင်မဲမဲလုံးလုံးလေးကို ကာလာတင်ပြီး ဂျယ်နဲ့အမြဲပုံသွင်းသည်။
ကိုယ့်အကြောင်းသိတဲ့အချစ်က ဒီဇိုင်းမေဂျာယူထားရင် ဒီလောက်တော့ပြင်ရဆင်ရမှာပေါ့ဆိုပြီး ကြိုပိတ်ပြောတော့ ကိုယ့်မှာတားလို့ကလဲမရ....။
" minie~~~~စာကိုဘဲအာရုံစိုက်နော်.....ဆရာ့ကိုဘဲကြည့်နေ....မဟုတ်....စာအုပ်နဲ့သင်ပုန်းကိုဘဲကြည့်နော်......ကောင်မလေးတွေနဲ့နီးနီးကပ်ကပ်မနေနဲ့နော်.... ပြီးတော့... ယောက်ျားလေးတွေနဲ့လဲ ဝေးဝေးနေ....သူငယ်ချင်းကိုလဲ ရုပ်ဆိုးဆိုး......မဟုတ်....ရည်းစားရှိတဲ့သူတွေကိုဘဲပေါင်းနော်......"
စာသင်ခန်းရှေ့မှာ ရပ်ပြီး ကိုယ့်လက်ကိုတယုတယဆုပ်ကိုင်ကာ မပြီးနိုင်အောင် မှာတမ်းချွေနေသော taehyungကိုကြည့်ပြီး ကိုယ့်မှာရယ်ရခက် ငိုရခက်...။ ဒီလိုတွေဖြစ်မှာ သိလို့မေဂျာတူယူမယ်ဆိုတော့ သူဘဲအတင်းတားခဲ့ပြီး.....။
" မင်းက ငါ့အဖေကြီးကျနေတာဘဲ.....ကလေးကိုမူကြိုပို့နေတဲ့ အဖေလိုမျိုး မှာနေလိုက်တာ မပြီးတော့ဘူး "
" အဲ့ဒါ အရမ်းချောပြီး အရမ်းမိုက်နေတဲ့မင်းကြောင့် စိတ်မချနိုင်ဖြစ်နေရတာလေ "
" ငါ့မှာ မင်းကလွဲပြီး မရှိတာကို သိတယ်မလား မင်းကလွဲပြီး တခြားဘယ်သူ့ကိုမှ စိတ်မဝင်စားတာကိုလဲ သိတယ်မလား "
" သိတယ်....သိပေမဲ့....."
" ငါ့ကိုယုံလို့ရတယ် ယုံတယ်မလား "
" ယုံတယ် "
"အဲ့ဒါဆို ပြီးပြီလေ တခြားဘာမှလျှောက်တွေးမနေနဲ့တော့ အတန်းနောက်ကျတော့မယ် သွားတော့ "
BẠN ĐANG ĐỌC
Our Love
Fanfiction(Unicode) ချစ်ခဲ့ဖူးလားလို့ မေးကြည့်ချင်ပေမဲ့ အဖြေကိုလက်ခံနိုင်စွမ်းမရှိတော့..... #jimin ******************************************** အချစ်ကို ကိုယ်ချစ်တယ်ဆိုတဲ့အကြောင်းကို နောက်ထပ်တွေ့ရင်ကိုယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြမယ်နော်အချစ် ချစ်တယ်..... #taehy...