(Unicode)
" taehyung~~~~"
စာဖတ်နေရာကနေ jiminခေါ်လို့ လှည့်ကြည့်တော့ တစ်ခုခုကို အလေးအနက်ပြောဖို့ စဉ်းစားတွေဝေနေသည့်ပုံ။ထို့ကြောင့် ကျွန်တော်က စကားခေါ်လိုက်သည်။
" jimin ah......တစ်ခုခု ပြောစရာရှိလို့လား "
"အွန်း...... ငါမင်းကို ပြောပြစရာရှိတယ်"
ပြတင်းပေါက်ကို ခပ်တွေတွေ ငေးကြည့်ရင်း jiminက
" taehyung မင်း အထက်တန်း ဒုတိယနှစ်က jeon jungkookကို သိလား "
" jeon jungkook သိတယ်လေ။ စာအရမ်းတော်လို့ နာမည်ကြီးတယ်လေ။ "
" အွန်း....... သူဒီနေ့မနက်က ငါ့ကို ဖွင့်ပြောလာတယ်။ သူငါ့ကို ကြိုက်နေတာ ကြာပြီတဲ့။ သူ့ကိုစဉ်းစားပေးပါတဲ့ "
jungkookက စာတော်တဲ့အပြင် ရုပ်လဲချောသည်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လဲဖြစ်သည်။ ထိုသို့သော လူမျိုးကို အချစ်က ငြင်းမည်တဲ့လား။ တကယ်လို့ သူတို့တွေ တွဲဖြစ်သွားရင်။ အတွေးနဲ့တင် ကျွန်တော့ကို ခြောက်ခြားစေပါသည်။
မဟုတ်ဘူး အချစ်က ငြင်းမှာပါ၊ သေချာပေါက်ငြင်းမှာပါ။ ဟုတ်တယ်မလား အချစ် ငြင်းခဲ့တယ်မလား ။ ကျွန်တော် မျှော်လင့်ချက်ကြီးစွာနှင့်
" ငြင်းခဲ့တယ်မလား။ မင်းသူ့ကို ငြင်းခဲ့တယ်မလား။ ဟုတ်တယ်မလား "
" သူပြောတာ နားထောင်ပြီး ငါဒီတိုင်းဘဲ ထွက်လာခဲ့လိုက်တာ။ ဘာမှ မပြောခဲ့ဘူး။ "
" အဲ့တော့ မင်းသူ့ကို ကြိုက်တာလား မကြိုက်တာလား။ "
ကျွန်တော် စိုးရိမ်တကြီး မေးလိုက်တော့ အချစ်က ကျွန်တော့်ကို စိုက်ကြည့်လာသည်။
" သူ့ကို ငါက အခုမှ သေချာမြင်ဖူးတာကို ကြိုက်စရာလား။ ဒါပေမဲ့ ငါသူ့ကို သဘောကျမိတာတော့ အမှန်ဘဲ။"
" အဲ့ဒါဆို မင်းကသူ့ကို တွဲမှာလား။ "
" ငါပြောတဲ့ သဘောကျမိတယ်ဆိုတာက ဖွင့်ပြောရဲတဲ့ သတ္တိကို ပြောတာ "
အချစ်က သူ့ကိုသဘောကျတယ်ဆိုလို့ လန့်သွားမိပေမဲ့ ဖွင့်ပြောရဲတဲ့သတ္တိကိုတိုတော့ တော်သေးတာပေါ့။
KAMU SEDANG MEMBACA
Our Love
Fiksi Penggemar(Unicode) ချစ်ခဲ့ဖူးလားလို့ မေးကြည့်ချင်ပေမဲ့ အဖြေကိုလက်ခံနိုင်စွမ်းမရှိတော့..... #jimin ******************************************** အချစ်ကို ကိုယ်ချစ်တယ်ဆိုတဲ့အကြောင်းကို နောက်ထပ်တွေ့ရင်ကိုယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြမယ်နော်အချစ် ချစ်တယ်..... #taehy...