N_N Couple

5.7K 713 74
                                    

တစ်နေ့သ၌...မြန်မာပြည်ကြီးတွင်ကိုဗစ် ခဏငြိမ်နေစဥ်အခါသမယတွင်
ဖြစ်သည်။ နေသစ်တစ်
ယောက် အိပ်ရာထဲလူးလှိမ့်နေရသည်။ ညီလေးမှာမူကား နေသစ်
လက်ပတော့ဖြင့် Etab သင်တန်း
မှ အိမ်စာများကို လုပ်နေရှာသည်။

နေသစ်နှောင့်မယှက်ရဲ။ တစ်ယောက်တည်းလိုဖြစ်နေသဖြင့်ပျင်းသည်ဆိုသော်ငြား ညီလေးကို
အနှောင့်အယှက်မပြုလို။ ကြိုးစား
နေသော ညီလေး၏ အာရုံစူးစိုက်မှု
လေးသည် သူ့အတွက် ဆွဲဆောင်မှု
ရှိနေသည်။ ဖြူဖြူဥဥ လက်ချောင်း
လေးများသည် ခလုတ်မည်းမည်းလေးတွေအပေါ်ပြေးလွှားလိုက်၊ မီးအနီရောင်မီးလေးတဖြတ်ဖြတ်လင်းနေသော မောက်စ်ကလေးကိုကိုင်ကာဟိုရွှေ့ဒီရွှေ့လုပ်လိုက် လက်ချောင်း
လေးဖြင့် ကလစ်ကလစ်နှိပ်လိုက်နှင့်
သူ့အာရုံလေးနှင့်သူရှိနေသည်။ တစ်
ခါတလေ ဘေးနားချထားသော တက်ပလက်မှ အိမ်စာဒီဇိုင်းကို လက်ချောင်းလေးနှစ်ချောင်းနှင့်ဇုံးဆွဲကာ ဖြဲကာအနီးကပ်ငုံ့ကြည့်ပုံလေးက ချစ်စရာ။ ဂိမ်းမဆော့တတ်သော ညီလေးသည် အခုထိ မျက်လုံးအားလည်းကောင်းရှာသည်။ တစ်ခါတလေ စဥ်းစားရပါက ပေါင်
တိုဘောင်းဘီလေးအောက်က ဒူး
ဆစ်ရဲရဲလေးတွေသည် တလှုပ်လှုပ်
နှင့်...  ဖြူဝင်းဝင်းခြေသလုံးမှာ အား
ကစားလုပ်စဥ်ကရထားသော အမာ
ရွတ်ဟောင်းလေးများတစ်ခုနှစ်ခုက
လည်း ရေးတေးတေးနှင့်။ အကုန်
ချော၊ အကုန်လှသည့် သူ့ညီလေး။

"ညီ..."

"အင်"

"ဗိုလ်ချုပ်စျေးသွားရအောင်"

ညီလေး လက်ပတော့မှခွာကာ နေသစ်ကိုပြန်ကြည့်သည်။ မျက်လုံး
များက အံ့သြဟန်ရှိနေသည်။

"အခုလား"

"အင်း"

ငြင်းဆိုခြင်းဘယ်သောအခါမှမပြု
သည့် ညီတစ်ယောက်ဘယ်လိုတုံ့ပြန်
မလဲ နေသစ်မစောင့်နိုင်။

"ရုတ်တရက်ကြီး"

"အင်း နေနေရင်း သီချင်းတစ်ပုဒ်
ခေါင်းထဲဝင်လာလို့"

"အမ်"

"ဗိုလ်ချုပ်စျေးထဲမှာဝယ် ဂျင်းရှပ်တွေရယ် အမှတ်တရဝယ်မယ်။ဂီတာတစ်လက်မောင့်အတွက် ချစ်လက်
ဆောင်ဆိုတာ...ကြားဖူးလား"

sweetsWhere stories live. Discover now