Paing
4.2K 697 40
Saying about Paing
#Ex_pect
ပိုင် က အမှန်တော့ သူ့နည်းသူ့
ဟန်နဲ့ ချန်းဆီကAttentionကို
ရအောင်တော့ယူခဲ့တယ်။
သူ့အရွယ်လေးနဲ့ ချန်းဆီက လေးစားမှု
အထင်ကြီးမှုတွေကို ရချင်ခဲ့တယ်။
စာစီစာကုံးကိုခပ်တည်တည်နဲ့ရေးပေး
လိုက်တာပဲကြည့်။
နောက်ပြီး သူဟာ တည်ကြည်ခန့်ညား
သူဆိုတဲ့ ပုံရိပ်ကိုလည်းပြခဲ့တယ်။
ဟုတ်တယ်မလား။ မန္တလေးနန်းရှေ့ရပ်
ကွက်မှာ ကလေးချင်း ငြင်းတာတောင်
ဗျင်းဗျင်းလွှတ်လိုက်တဲ့ သူက ချန်းရှေ့
ချ အစ်ကိုကြီးတစ်ယောက်လို သည်း
ခံနေပေးတယ်လေ။ နောက်ပြီး အားကိုး
ခံချင်တယ်။ အမယ် အဲ့အရွယ်လေးနဲ့
ပိုက်ဆံကိုင်ပြီးနောက်ကလိုက်ရှင်းချင်
တဲ့ ဒယ်ဒီဆန်မှူကြီးကိုလည်း တွေ့ရသေး
တာနော်။ ရော့ ကြိုက်တာစား။ လိုချင်
လားဝယ်လိုက် ဆိုတာမျိုးတွေ ဟားဟား...
အဲ့ကောင်လေးရှေ့ သူဟာ သိပ်ပြီး ပြီး
ပြည့်စုံပြချင်ခဲ့တယ်။ နယ်က မို့လို့ပါ
ကွာဆိုပြီး နှိမ်သလိုလိုပြောခဲ့တဲ့ ကောင်
လေးကို သူ့ရဲ့ ကျိုင်းကိုင်လေ့ကျင့်ကွင်း
တွေမှာ မုန့်ဗူးကိုင်ပြီးလိုက်စေခဲ့တယ်။
အဲ့ကောင်လေး အရမ်းကြိုက်လှပါတယ်
ဆိုတဲ့ Novelကြီးကိုလည်း dicကြီးရှေ့ချ
ပြီး ရေကုန်ရေခန်းဘာသာပြန်ပေးခဲ့တာ
နော်။ ဟုတ်သော်ရှိမဟုတ်သော်ရှိ သူတကယ် လုပ်ပေးခဲ့တာပဲ။ ချန်း မျက်လုံးထဲ သူဟာ ဘက်
ပေါင်းစုံက ပြည့်စုံနေတတ်တဲ့ လူလိုပြု
မူထားတာ သူအတိတ်က  ဆိုးခဲ့တာတွေ
ကိုတောင် အသိမခံချင်တဲ့ထိပဲ။
အသက်ကြီးလာတော့ အဲ့ သူတစ်
ယောက်အတွက် ပြီးပြည့်စုံတယ်ဆိုတာကို ပြချင်တဲ့ သူ့မသိစိတ်က ပိုပိုများလာတယ်။ နောက်ဆုံးသိက္ခာ ၊ ငွေကြေး ၊ မာန အကုန် လုံးဝသူ့ဖက်က ချခင်းခဲ့တာ
အဲ့လိုတွေ အားလုံးလုပ်ပြခဲ့တယ်။
အမှန်တော့လေ သူက တံခါးတစ်ချပ်ကို
ဖွင့်ဖို့ master keyတွေ အများကြီးကြိုး
စားလုပ်ခဲ့တာ။ အဲ့လိုလုပ်နေခဲ့လို့ပဲ
တံခါးလေးက တွန်းဖွင့်ရုံနဲ့ ပွင့်တယ်ဆို
တာကို သူ သတိမထားမိခဲ့တာပေါ့။
ရယ်ရတယ်နော် တစ်ခါတလေ အချစ်က
ဥာဏ်ကောင်းလွန်းပါတယ်ဆိုတဲ့ သူ
တွေကိုတောင် တုံးအ စေတယ်
(အလွမ်းပြေလေး ရေးလိုက်သည်)
(Zawgyi)
Saying about Paing
#Ex_pect
ရအောင်တော့ယူခဲ့တယ်။
လိုက်တာပဲကြည့်။
ဟုတ်တယ်မလား။ မန္တလေးနန်းရှေ့ရပ်
ခံနေပေးတယ်လေ။ နောက်ပြီး အားကိုး
ခံချင်တယ်။ အမယ် အဲ့အရွယ်လေးနဲ့
တာနော်။ ရော့ ကြိုက်တာစား။ လိုချင်
sweetsWhere stories live. Discover now