စစ်ငြိမ်းချမ်းပိုင်လေးက မူလတန်းအရွယ်အထိ သူ့ဖေကြီး ပိုင်သုတ ကို
ချို့တဲ့ တယ် ။ ဖေကြီးက ဖေဖေ ထက်ဆင်းရဲတယ်လို့ထင်တယ်တဲ့။ ဘာလို့
ဆို ချန်းက အပြင်company မှာလုပ်
တော့ ကောင်းကောင်းဝတ်စားတယ်။
ပိုင်ကကျ အပြင်ဆေးခန်းမထိုင်တော့ သူ့ဆရာဝန်လစာပဲရှိတယ်။ အဲ့ဒါ
လည်း ချန်းကို အကုန်ပြန်ပေးတယ်။
ချန်းက နောက်ပိုင်းကျ အဝတ်အစား
ဝယ်ပါ ပြောပေမဲ့ သူက မလိုဘူးပဲငြင်း
တာ။ ချန်းက ဝယ်လာရင်တောင် သူက
ချန်းကိုပဲ ဦးစားပေးခဲ့တာ။ ပြီးတော့ ဆိုင်တွေသွားစားတာပဲဖြစ်ဖြစ် ၊ ဘယ်
ပဲသွားသွား ပိုက်ဆံကိုင်တဲ့ ချန်းကပဲ
ထုတ်ရှင်းတော့ ကလေးက အဲ့လိုထင်
တာလည်း မမှားဘူး။နောက်ကျမှ ဖေကြီးက ဆင်းရဲတယ်
နော် ဆိုပြီး စကားစပ်မိရင်း သူ့အဖေ
ချန်းရှေ့မှာမှ သွားပြောမိတာ။အဲ့မှာ
ချန်း က သူ့လူကို ဆင်းရဲတယ်ထင်နေ
တာလားဆိုပြီး"မင်းဦးလေးတွေ အဒေါ်တွေရဲ့ ဟိုတယ် လည်း သူ့ပိုက်ဆံပါတယ်။ မင်း မန်းလေးက ဒေါ်လေးပိုင်တဲ့ ရက်ကန်းစင်ဆီကနေလည်း သူ့ပိုက်ဆံရတယ်။ ဆေးရုံမှာ မင်းအဖေလောက် ချမ်းသာတာ ဘယ်သူမှမရှိဘူး"
ဆိုပြီး ထပြောတာ။ ပိုင်က သိတော့
မျက်လုံးတွေပြူး။"ဒါတွေက ငါပိုင်တာမှ မဟုတ်တာ။ သားပိုင်တာတွေလေ..."
ဆိုပြီး ပြန်နားချရတယ်။
ဒါတောင် ချန်းကဘာပြောတယ်မှတ်လဲ။
"ဘာကို သားပိုင်တာလဲ။ မင်းပေးမှ
ဒီကောင်လေးရမှာ" ဆိုပြီး သားကို
လက်ညှိုးကြီးထိုးပြောလို့
အဲ့နေ့က စစ်ငြိမ်းချမ်းပိုင် ငိုသွားရပါတယ်။သူ့လူ ထိရင် သားတောင်မရပါ။ ခဏ
ခဏ ခြိမ်းခြောက်ဟိန်းဟောက်လုပ်
ပါတယ်။ ကလေးက သူ့ဆို ကြောက်
ရပါတယ်။ အထူးသဖြင့် ဖေကြီးအကြောင်း သူ့ရှေ့ မကောင်းမပြောရဲ
တော့ပါ