Time Skip

3.5K 517 23
                                    

သားကို ဖူးဖူမှုတ်ထားကြတာလား။ ချန်းကိုပဲ သားအဖ
တွေ ဖူးဖူးမှုတ်နေရတာလား ဖြေပါ

"သားက တကယ်ပဲ political
science တက်ချင်တာလား"

သွက်သွက်လက်လက်ပင် ခေါင်း
ညိတ်ပြသည်။ စကားအပိုမပြောတတ်သော သား၏
ညာဉ်သည် ကျွန်တော်နဲ့ တူတာလား ချန်း နဲ့တူတာ
လားတော့ ကျွန်တော်မစဉ်းစားနိုင်သေးပါ။

"သား နိုင်ငံရေးလောကထဲ ဝင်ချင်လို့လား"

ခေါင်းခါပြီး

"နိုင်ငံတကာက Law တွေကို သိမှ အဲ့နိုင်ငံမှာရှိတဲ့
လူတွေအတွက် လူ့အခွင့်အရေးဆိုတာတွေကိုတောင်း
ဆိုပေးလို့ရမှာ…"

ကျွန်တော်တိတ်တိတ်ဘုရားတမိသည်။ ကျွန်တော်
ထင်ထားသည့် ဤနိုင်ငံမှ နိုင်ငံရေးသမား ဆိုသည်
ထက် ကျော်လွန်နေသော သားအတွေးအခေါ်

"သား ကုလသမဂ္ဂမှာ အလုပ်လုပ်ချင်တယ်။ မေနဲ့
ဘိုး လို…ဒါကြောင့် တက်ခွင့်ပြုနော် ဖေကြီး"

တစ်ချိန်ကုန်ငြိမ်နေရင်း သားနဲ့ ကျွန်တော်ပြောသည်ကို
ပဲ နားထောင်နေသော ချန်း သည် အခန်းထဲဝင်သွား
တော့…သား လန့်သွားရှာသည်။ ချန်း၏ စိတ်မထိန်း
နိုင်မှုကို သားက ချက်ချင်းရိပ်မိပြီး သူ့အဖေနောက်
လိုက်ရန် ပြင်သည်။

"နေ နေ သား။ သူ လုံးဝ မထင်ထားတဲ့ ကိစ္စမို့လို့
သားဖေ စိတ်လှုပ်ရှားသွားတာ။ သား တကယ်ပဲ
ပြည်ပမှာကျောင်းတက်ချင်တာလား"

"ဟုတ်။ သား ဖေကြီး နဲ့ ဖေ့ ကို ခွဲချင်လို့မဟုတ်ဘူး
နော်။ သား ပြန်လာမှာပါ။ ကျောင်းပိတ်ရက်တွေတိုင်း
လည်း ပြန်လာမယ်လေနော်။ ဖေကြီး နဲ့ ဖေ ခွင့်မပြု
ရင်လည်း ဖြစ်ပါတယ်။ သား တက်ချက်တာ ပြောဆို
လို့…"

ကျွန်တော်သက်ပြင်းမချမိအောင် သားကိုသာ ပြုံးပြ
လိုက်ပြီး ခေါင်းညိတ်ခြင်းဖြင့် ခွင့်ပြုသည်ကို သိစေ၏

"သား ဖေ ကိုတော့ ကတိတွေ သေချာပေးသွားဖို့
လိုလိမ့်မယ်။"

(ဟီးဟီး စိတ်ကူးပေါက်လို့ 2018ကရေးထားတာလေး ပြန်တွေ့လို့တင်
ပေးလိုက်တာ)

sweetsWhere stories live. Discover now