HBD ! Thaw

3.8K 555 40
                                    

"ဒီပုံတွေ ဘယ်တုန်းကရိုက်
ထားတာလဲ။ ဟာ ဟာ"

"ဘုရားရေ သော် အဲ့ပုံတွေ ဘယ်လိုတွေ့"

"အစ်ကို့ ဗီရိုထဲကလေ..."

သော့်လက်ထဲမှ ဓာတ်ပုံတစ်ထပ်လိုက်
ကြီးကို ဆွဲယူဖို့ရန်ဆိုသည်မှာ မဖြစ်နိုင်
အဘယ်ကြောင့် ဆိုသော် တစ်ပုံချင်း
ကြည့်နေရင်းမှ

"ကို ဝေဟင် ငြိမ်ငြိမ်နေလိုက်နော်"

ဟု ​မျက်နှာတည်နှင့် ပြောလိုက်တည်းက
ဝေ သဘောပေါက်သင့်သည်။
စင်ကာပူတွင်ကျောင်းတက်စဥ်က အသိဒီဇိုင်နာအစ်မတစ်ယောက်အကူအညီတောင်း၍modelလုပ်ပေးဖြစ်သော ပုံတွေကိုမှကျေးဇူးရှင်လေးက ရှာရှာဖွေဖွေတွေ့သွားတာပင်။ အင်း ဝေနေရာပြောင်းမိတာလည်းပါတာပေါ့...

"ဒီပုံတွေ ကို ဘယ်မှာသွားသုံးလိုက်လဲ"

"Jie က သူ့ဒီဇိုင်းအတွက် ကုမ္ပဏီကို မိတ်ဆက်တုန်းက..."

"တခြား အပြင်ကိုရော ရောက်သေးလားပြောချင်တာ Fashion magazineတွေနဲ့ တခြားsiteတွေ"

"အ အဲ့လိုရှိပါဘူး။ ဒီဇိုင်းအတည်ဖြစ်
တော့ နာမည်ကြီးမော်ဒယ်တွေနဲ့ ရိုက်
တာပေါ့။ ဝေ က ဘာမှ မှ မဟုတ်ဘဲ "

"ဘာမှမဟုတ်လို့သာပဲ ကြည့်စမ်းပါဦး
ဝေဟင်"

ဟုတ်ပါသည်။ အဝါရောင်သန်းနေသောမြက်ပင်ရိုင်းတွေကြား လဲလျောင်းနေပုံ၊လက်နားတွင် ရော့လျဲစွာကျဆင်းနေသော ပိုးပုဝါပြာလဲ့လဲ့က ကောင်းကင်နှင့်အပြိုင် ၊ အဖြူရောင်ပေါ်မှာမှ နေရောင်
အောက်လဲ့ထနေသော ဘောင်းဘီက
ဒူးအထက်နားတွင်မို့...

"အဲ့လို ပုံစံမျိုးပေါ့...မြက်ပင်ရိုင်းတွေ
ရှိတဲ့ လွင်ပြင်ထဲ ပြေးနေတဲ့ အစ်ကို့ကို
အိပ်မက် မက်ဖူးတယ်။ နောက်ပြီး အဲ့
မှာပဲ အစ်ကို့ ကို..."

အလျင်အမြန်လှမ်းပိတ်လိုက်တော့
တိုးဖွဖွရယ်သည်။

"ကျွန်တော် ပါးစပ်ဟ လိုက်တာနဲ့ ဘာ
မဆို သိနေတော့တာပဲလား။ ဟမ်
ဝေဟင် လေး။ အဲ့လိုတွေ လုပ်ထားတာ
တွေ ကို ဖုံးထားတယ်နော်"

"စကားမစပ်မိလို့...ပြီးတော့ အဲ့Jieက
ဆုံးသွားရှာပြီလေ ဒါကြောင့်..."

sweetsTahanan ng mga kuwento. Tumuklas ngayon