Episode 17

8.4K 501 12
                                    

Can You Be My Boyfriend?

Episode-17

စာမေးလိုက်တိုင်း ထစ်ငေါ့ငေါ့နဲ့ဖြေမိတဲ့ Byun Baekhyun ဘယ်လိုတွေ ဖြစ်နေတာပါလိမ့် ဘေးက Sooနဲ့ လည်း ရန်ဖြစ်ပြီး စိတ်ကောက်ထားသေးတယ် အရေးထဲ …Ep 1 မှာ ရေးထားတဲ့အတိုင်း စိတ်မကောက်တော့ဘူးလည်း ရေးထားသေးတယ် ခုကောက်နေတယ်လို့ ပြောပြီး အတွန့်တတ်တယ်ပြောတော့မယ် မဟုတ်ဘူး လူ့စိတ်ဆိုတာ မျောက်စိတ် ဆိုတာသိထား ……… အဲ့တော့ စာမေးတော့လည်းမရတော့ ပိုရှက်တာပေါ့ စာမေးပွဲနီးလာလို့ stressတွေပဲ များနေတာလားမသိ ~~

ဒါက ByunBaekhyun တွေးစိတ် မသိစိတ်က တွေးနေတာက Park ChanYeoLကို မတွေ့ရသေးလို့ အဲ့ Chee Htokeက ဘယ်ရောက်နေတာတုန်း  ဒီမှာ လုပ်သမျှ အလွဲ …စိတ်က သူကို မတွေ့တာနဲ့ မွန်းကျပ်လာတာ ဒါကို ChanYeoL တစ်ယောက် သိမည်မဟုတ် ~~ယောကျာင်္းလေးတိုင်းက အဲ့လိုပဲလား ဟိုတခေါက် မိုးရွာတဲ့နေ့တုန်းက သူပဲ လုပ်ချင်တိုင်းလုပ် အဲ့ Baek နှုတ်ခမ်းကို နမ်းသွားတာ ပြောပါတယ် ခုတော့ သူမဟုတ်သလိုလို မိန်းကလေးမို့ အစွဲကြီးတယ် ပြောပြော ဒါပေမဲ့ ဒီလိုနမ်းခဲ့တာ Baekကို ချစ်လို့မဟုတ်လား ~~…

ဘာလဲကွာ ## Baek Break ပေးချိန် နောက်တချိန်တောင် အတန်းတတ်မို့ စိတ်ကုန်နေတာနဲ့ ကျောင်းခေါင်မိုးထက် ထွက်လာလိုက်တယ် လက်က Cola ဘူးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ် Colaကို ChanYeoLလို့ သဘောထားပြီး လုပ်ပစ်တာ အမြင်ကတ်လွန်းလို့ ……

Baek ကျောင်းခေါင်မိုးလည်းရောက်ရော လက်ရန်းဘက်ပြေး သွားပြီး လေကို တဝရှုလိုက်တယ် ပြီးတော့ လက်လေးနှစ်ဖက်ကို ပါးစပ်မှာ တေ့ပြီး ……

^ နင်ကိုငါ မုန်းတယ် ……………………………^

ဟူးး သူမ အသံလောက်ကျယ်တာမရှိဆိုတာ သိမယ်ထင်ပါရဲ့

ရပြီ သူမ စိတ်အေးသွားပြီလေ စိတ်ထဲရှိသလောက် အော်ပစ်တာ  ……

^ အဟမ်း ………^

ချောင်းဟန့်သံ ငါဟန့်လိုက်တာလား ……ဟုတ်ပါဘူး ဒါဆို

သူမ လှည့်ကြည့်လိုက်တော့ Park ChanYeoL ဟုတ်ပါတယ် Park ChanYeoLပါ မိုးပေါ်ကကျလာတဲ့ နတ်သားလေးများလား ……သူကြီးက ပြုံးပြနေသလို သူနားကနေ အရောင်တွေလက်နေသလိုလို ………

Can U be My Boyfriend?Donde viven las historias. Descúbrelo ahora