Episode-2 [ Starting uni life]

11.2K 668 2
                                    

Can You Be My Boyfriend?

Episode_2

Baek မနက်စောစောထပြီး ကျောင်း လာရတော့ ဗိုက်ဆာဆာနဲ့ Canteenထဲပဲ ဝင်လိုက်သည်။

# umma ရယ် ရက်စက်တာ့နော် canteenမှာပဲ ဝယ်စားလိုက်ဆိုပဲ ဟူး ………ရောက်တာ uniရောက်တာတစ်လပြည့်နေပြီ  canteenထဲ တစ်ယောက်တည်း ဝင်ရဲသေးဘူး …… unnie တွေ oppaတွေ ရှိန်နေသေးတာ နင်လည်းနော် ဟွန့်

ကိုယ်ခေါင်းကိုယ် ပြန်ထုမိသည်။

Sooမကလည်းနော် လာပါဆို နေ ငါ့ တစ်ယောက်တည်းပါဆို ……

Baek ဟိုဟိုသည်သည်ရှာရင်းနဲ့ ထမင်းလိပ်ပဲ ဝယ်စားရန် စိတ်ကူးမိသည်နှင့် …

^Ajashii ဟိုထမင်းလိပ်လေး……^

^ကျွန်တော်ကိုလည်း အဲဒါလေးပေးပါ .^

Baek ဘေးကအသံကြောင့် ထိုသူကိုကြည့်မိတော့

* မြင်ဖူးသလိုလိုတော့ရှိတာဘယ်မှာပါ့လိမ့် *

^ ကလေးမ ဒီမှာ ရပြီ ……^

^Nae! ^

* အော် တစ်ကျောင်းတည်းပဲလေ တွေ့ဖူးမှာပေါ့ ငါနှယ်နော်*

Baek စဉ်းစားနေတာအတွေးဖြတ်ပြီး Canteenကနေထွက်လာလိုက်သည်။

♡♡♡♡♡♡♡♡♡♡♡♡♡♡♡

Chanyeol သူ့စက်ဘီးလေး ထောက်ပြီး Canteenဘက်ထွက်လာမယ်ပြင်တော့ စက်ဘီးထားတဲ့နေရာလေးမှာ… ကောင်မလေးတစ်ယောက် သူခေါင်းသူ မကျေနပ်ချက်နဲ့ ပြန်ခေါက်နေတာတွေ့တော့ Chanyeol ခိုးရယ်မိသည်။ သူဘယ်သူမှာ မတွေ့ဘူးထင်လို့ထင်တယ် Yeol တွေးမိပါသည်။ သူ့ပါးစပ်ကိုလက်လေးနဲ့ အုပ်ပြီး ရယ်ရင်း အသံထွက်မိသွားတော့ #ခီးး Yeol လည်း လူရိပ်မိမှာစိုးလို့ ပြန်ထိန်းလိုက်ရသည်။

ကောင်မလေးနောက်လိုက်နေသလိုလို သူ့ကိုယ်သူ ခံစားမိသည်။ ကောင်မလေးက Canteenဝင်တော့ သူလည်း ဝင်လိုက်သည်လေ အဆောင်မှာနေရတော့ မနက်စာဆိုတာ Canteenမှာစားသုံးနေရသည်မှာ သူFirst yr တည်းက ဒီအစားအစာတွေ ရိုးနေပေမဲ့ တခါတလေ မစားရ ရင် စားချင်စိတ်ဖြစ်မိတာ အမှန်ပါလေ .……ကောင်မလေး ဟိုကြည့်ဒီကြည့်နဲ့ အစားရွေးနေတယ်ထင်တယ် Yeolလည်း သူ့တခါတလေ စားနေကျဖြစ်တဲ့ ထမင်းလိပ် စားတန်းလေးဘက်ကို ရွေးလိုက်သည်။ ဖြစ်ချင်တော့ ကောင်မလေးလည်း အဲသည့် ဘက်ကို ရွေးလိုက်တယ်ထင်တယ် သူအဲ့ဘက်ကို ရောက်သွားသည်။

Can U be My Boyfriend?Où les histoires vivent. Découvrez maintenant