Episode 25

5.7K 484 14
                                    

1 Month Later >>>

အဖြစ်အပျက်တွေက မြန်ဆန်လွန်းနေတယ်ပြောရမလား

Jongin နဲ့ ပြန်တွဲလိုက်ပြီလို့ Sooဆီကနေကြားလိုက်ရတော့ Baek ရင်ထဲ တမျိုးကြီးဖြစ်မိတယ် ခုဆိုကျောင်းလည်းပိတ်သွားပြီလေ သူလည်းChanYeolကိုကြိုက်နေတာ တနှစ်ကျော်သွားပြီ Sooကတော့ Suhoနဲ့ဖြစ်လိုက် Jonginနဲ့ဖြစ်လိုက်နဲ့ နောက်ဆုံးမှာ ဖူးစာမှန်လို့ Jonginနဲ့ ပြန်ရသွားတယ်ဆိုရမလား ဒါဆို ParkChanYeolနဲ့ Baekနဲ့ကတော့ ဖူးစာမစစ်လို့များလားပဲလေ ~~

Suhoကကြားထဲကနေ လက်လွှတ်ပေးခဲ့တာသိရင်ကော Soo …Suhoဆီ ပြန်သွားမလားတော့ စဉ်းစားရခက်ခက်ပဲလေ ……!! Party ပွဲမသွားခင် Suhoနဲ့ Jonginနဲ့ တွေ့ပြီး စကားတွေပြောခဲ့ကြတာ Sooကို လျှို့ဝှက်ထားကြတယ်လေ

Last Month ~~ >>>

ညတိုင်း အိပ်မပျော်တဲ့စိတ်က ပိုမို ကြီးစိုးလာသလားပဲလေ အခေါက်ပေါင်းများစွာ Jongin Sooကိုတောင်းပန်တာတွေ မြင်တွေ့ခဲ့ရတယ် Soo ကြိတ်ပြီးငိုကြွေးခဲ့တယ် ခံစားခဲ့တယ် Suhoဘာမှမပြောမိပါဘူး ချစ်ရတဲ့သူ ခံစားနေရတာတွေ မကြည့်ရက်နိုင်တော့ မနက်စောစော… Jongin ဆီကို  တွေ့ဖို့ စာပို့ခဲ့တယ် Jongin လာခဲ့ပါတယ် ပန်းခြံထဲ …

သူ နောက်ကျောပေးထားရင်း

" ဘာကိတ်စလဲ Suho…"

လေသံလေးနဲ့နဲ့မာတာ သတိထားမိတဲ့Suho Jongin ဘက်ကိုလှည့်ရင်းကြည့်လိုက်တယ်

" ငါ Sooကိုတကယ်မချစ်နိုင်ဘူး မင်းအဆက် မင်းပြန်ယူ ငါဒုက္ခများတယ် ……မင်းဟာလေးကကွာ ပျင်းစရာကြီးပါ "

Suhoစကားက Jonginရင်ထဲ အစပျိုးနေတဲ့မီး ထပ်ထဲ့လိုက်သလို ရှို့လိုက်တော့ Jongin ဒေါသက Suhoရဲ့ ကော်လံစတွေဆီကို ရောက်သွားတယ်

" မင်း တွဲတုန်းကတွဲပြီး Sooကိုပြောစရာမလိုဘူးထင်တယ်"

" မင်းလည်းတချိန်တုန်းကပြောခဲ့တာပဲမဟုတ်လား"

Jonginစကားသံထပ်မထွက်လာပဲ Suhoမျက်နှာပေါ်ကို လက်သီးပြင်းပြင်း ကျရောက်လာတယ်
သူ နောက်ပြန်ကျ ထိုင်လျက်ကျသွားတယ် နှုတ်ခမ်းမှာရှိတဲ့ သွေးစတွေကို လက်နဲ့ သုတ်လိုက်ရင်း …

" Suho … ငါတချိန်ကပြောခဲ့ပေမဲ့ မင်းလိုမဟုတ်ဘူး ငါတကယ်ချစ်ခဲ့တယ်ဆိုတာ မင်းသိဖို့လိုတယ် …"

Jongin ဒေါသနဲ့ ပြောပြီး ထွက်သွားသည် သူကတော့ Jonginကျောပြင်ကိုကြည့်ရင်း……

" ငါလည်းမင်းလိုပါပဲ သူကိုတကယ်ချစ်တယ် ငါချစ်ရတဲ့သူမပျော်တဲ့အခိုက်မှာ ငါဘယ်လိုစိတ်ချမ်းသာနိုင်မလဲ မဆွဲထားနိုင်တော့ဘူး "

သူ တိုးညင်းစွာပြောနေမိတယ်

Flashback end ~~~

ဒီအဖြစ်အပျက်တွေကို Sooသိရင်ကော ……Suho .Baekကိုရင်လာဖွင့်ခဲ့တာပါလေ

သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ရင်း Baek အိပ်ရာပေါ်မှာ လူးလိမ့်လိုက်သည်

ChanYeol ကော လို့မေးကြလိမ့်မယ် ChanYeolလား ~
Baek သိခဲ့တာက ChanYeol သူမကို အိပ်မက်တွေ မျှော်လင့်ချက်တွေပေးခဲ့တယ်ဆိုတာပဲ ~ သူ့ကို Party ပြီးတည်းက မတွေ့တော့ဘူး အရင်ကလို Lineပေါ်မှာလည်း မပြောမိတော့ဘူး သူဘက်ကလည်း စကားမပြောသလို သူမလည်း မပြောမိ ~~

သူ ဆော့ကစားခဲ့လေခြင်းလား ?? နောက်ကျောင်းပြန်ဖွင့်ရင်ကော တွေ့ရပါဦးမလား ~ သူမ သူ့ကို မုန်းမိချင်မိလေ …မျှော်လင့်ချက်ဆိုတဲ့ အရောင်မှိန်မှိန်ကြယ်လေးကို သူ့ကို အမြင့်မှည ခူးဆွတ်ခိုင်းပြီမှ  တွန်းချခံလိုက်ရသလို ခံစားလိုက်ရတာက Baek သူ့ကို မုန်းရလေမလား …ဆက်ချစ်ရလေမလား ဝေဝါးစရာမလိုတော့ဘူးထင်တယ်လေ

သူ့ကို မုန်းသင့်နေပြီ ဆိုတဲ့အတွေးလေးတော့ စရှိလာခဲ့ပြီ !

ByunBaekhyun ရယ် ဘဝဝဋ်ကြွေးရှိရင် ဒီမှာပဲ ကြေပါစေတော့လို့

သူမကြွေသွားတဲ့ကြယ်လေးကိုကြည့်ရင်း
ဆုတောင်းနေမိသည်  ~~~

TBC or The End xD xD xD

Can U be My Boyfriend?Opowieści tętniące życiem. Odkryj je teraz