Episode 20

6.2K 474 10
                                    

သူမ ဘာဝတ်ရမှန်းမသိတာနဲ့ ... ညအိပ်ဝတ်လေး Rilakkhuma အရုပ်လေးတွေနဲ့ပဲ ဝတ်လိုက်တယ် နဲနဲပါးပါး ပြင်လိုက်ရင်သိသာသွားမှာပေါ့ Park ChanYeol ဘက်ကနေကြည့်ရင် သူနဲ့တွေ့ချင်လို့ အရမ်းပြင်လာသလိုလို ~ ဒီလိုတွေပြောမှကြောက်လို့ Baek ညအိပ်ဝတ်စုံဝတ်မိတာပါ ~ ပြီးတော့ ChanYeol က သူ့အိမ်နားကလမ်းထိပ်မှာစောင့်နေလို့ ထွက်လာခိုင်းတာပါ Baek အိပ်ချင်မူးတူးဖြစ်နေတဲ့ရုပ်တောင် ပျောက်သွားတယ်လေ Baek ရှုပ်ပွနေတဲ့ခေါင်းကို လက်နဲ့ပဲ ဖြီးလိုက်တယ် သူမ umma ကို အပြင်ဘက်ခဏဆိုပြီး ပြောပြီးသာ ထွက်လာလိုက်တယ် !!

ဟိုမှာ တွေ့ပါပြီ ဦးထုပ်ကိုအငိုက်ဆောင်းထားတာ လမ်းမီးဘက် မရပ်ပဲ မမှောင်မကျတကျ နေရာမှာ ရပ်စောင့်နေတယ် ဘယ်လိုပဲပြောပြော ဒါကChanYeol မဟုတ်ဘူးလို့ ပြောရင် Baek တစ်ယောက် ChanYeolကို တကယ်ကြိုက်တာမဟုတ်လောက်တော့ဘူး ~~

Baek သူရှေ့နားသွားရပ်ရင် ဘာစကားမှပြောစရာမရှိတာနဲ့ တိတ်တိတ်လေးပဲ နေမိတယ် ရင်ခုန်သံတွေက ထိန်းလို့မရ ~

^ အော် Baek ရောက်ပြီလား ^ ChanYeol ပြုံးပြလိုက်တယ် သူ့အပြုံးကတကယ်ပဲ ချိုသာလွန်းပါတယ် ကြည့်နေတဲ့သူတောင် ပြုံးမိတယ်

// အယ် အယ် စာဖတ်သူတွေပြုံးတော့မယ် xP //

^ Umm... Hehee ^ Baek ဘာမှတုံ့ပြန်စရာစကားမရှိလို့ ဖြီးပြလိုက်တာ Baek ရဲ့ထုံးစံပဲလေ ဒါမဲ့သူဘက်ကစကားဘာပြောရမှန်းမသိမှာစိုးလို့ Baek ထပ်ပြောမိပါတယ် ^ ဘယ်ကလာတာလဲ Op...Pa အဲ့ Sunbaenim ^

Baek စကားကြောင့်သူ့ နှုတ်ခမ်းလေး တွန့်တတ်သွားတာ သတိထားမိလိုက်တယ်

^ ရပါတယ် ကြိုက်သလိုခေါ်လို့ ... အကို သူငယ်ချင်းနဲ့ နဲနဲသောက်ပြီလာတာ ဟို ဖုန်းဆက်ပြီးကပါနော် တမျိုးထင်သွားမာစိုးလို့ ဟိုကောင်တွေ အတင်းတိုက်လို့^

ိဟိုကောင်လို့ပြောတာနဲ့ Baek သိလိုက်တယ် Suho ဒါမှမဟုတ် Jongin ပဲ သူပေါင်းတာက ဒါပဲရှိတာကို !!

^ အော် ရပါတယ် တမျိုးမထင်ပါဘူး ဒါမဲ့ သိပ်မသောက်နဲ့သိလား Baek ကသိပ်မကြိုက်လို့ပါ ...^

// ByunBaekhyun ဘာတွေပြောမိမှန်းမသိ ရည်းစားလည်းမဟုတ်ပဲ //

^ အော် အကိုက ညီမလေးစကားပဲ နားထောင်ပါတယ် ညီမလေး စကားက အကိုအတွက်အရေးပါတယ်လေ ^

Can U be My Boyfriend?Donde viven las historias. Descúbrelo ahora