Part 1

21K 980 273
                                    

Unicode

-Psycho-

ကုမ္ပဏီရဲ့နှစ်ပတ်လည်နေ့မို့ Hotel ထဲမှာ ဂုဏ်သရေရှိ လူကြီးလူကောင်းများ တယောက်လက် တယောက်နှုတ်ဆက်ကာ သူ့ထက်ငါ အပြိုင်း စီးပွားရေးသမားတွေသာ ရှိသည်မို့ စိတ်ထွက်ပေါက်ဆိုတာရယ် ဘယ်မှာလဲ...။

ကျွန်တော်အသက် ၂၀....။ ကျွန်တော် ဘွဲ့ရပြီးထဲက ၀ါသနာပါတဲ့ ဂီတကိုစွန့်လွှတ်ခဲ့ပြီး အဖေရဲ့ ကုမ္ပဏီကို လက်လွှဲယူခဲ့တယ်...။

အမေမရှိတော့တဲ့ နောက်မှာ အဖေခိုင်းသမျှ မငြင်းဆန်ပဲ လိုက်လုပ်နေခဲ့သည်မှာအခုထိ။ အဖေရဲ့ အမိန့်တခွန်းဆိုတခွန်း ငြင်းဆန်ခွင့်မရှိတဲ့ ကျွန်တော်ဟာ သိပ်ကိုပျော့ညံ့လွန်းပါတယ်လေ...။

တခါတလေတော့လဲ ဘ၀ကြီးကို ဖြစ်ချင်ရာဖြစ် ထင်ရာစိုင်းလိုက်ချင်တယ်။ ကျွန်တော်ဆိုတဲ့ လူက လမ်းမှားတော့သွားမည်လူမဟုတ်...။

တခါတလေတော့ ကျွန်တော်ဘ၀အတွက် ပျော်ရွှင်မှု လမ်းပေါ်ကို ခေါ်သွားပေးမယ့် တယောက်ယောက်ကို တောင်းတမိတယ်...။

အင်း...တယောက်ယောက်ပေါ့...။

"ဒရိုက်ဘာChim ပြန်လိုက်တော့"

"ကျွန်တော် သူဌေးလေးကို ပြန်လိုက်ပို့ပေးရအုံးမယ်လေ"

"ကျွန်တော်ဘာသာ ပြန်မှာမို့ ပြန်လိုက်ပါ"

ဘာစကားမှ ထပ်မထွက်ပဲ လှည့်ပြန်သွားတဲ့ ဒရိုက်ဘာChim ကိုကြည့်ပြီး လှောင်းပြုံးတခုချိတ်ဆွဲလိုက်သည်...။

ငါ့ကိုကြောက်တာလား။ အဖေ့ကိုကြောက်တာလား သိချင်မိတယ်...။

သေချာတာကတော့ အဖေ့ကိုပေါ့ ဟက်...။

အသိမိတ်ဆွေ‌တချို့ကို နှုတ်ဆက်ကာ Hotel ထဲကနေ ထွက်လာလိုက်သည်။ မုန်းတယ်။ အေးအေးဆေးဆေးနေချင်တဲ့ ကျွန်တော်က အခုလိုလူအများကို ဟန်ဆောင်ပြီးပြုံးပြနေရတဲ့ ဘ၀ကြီးကို သိပ်မုန်းတာပဲ...။

လမင်းကြီးရေ....။ ငါလဲမင်လို လွတ်လွတ်လပ်လပ် တောက်ပချင်တယ်...။

အိမ်လဲမပြန်ချင်သေးတာမို့ ဟန်မြစ်တံတားဘက်ကိုသာ မောင်းလာလိုက်တယ်။ ကျွန်တော်ဆိုတဲ့ကောင်က Bar Clubတွေသွားပြီး မူးရူးတက်တဲ့သူမှမဟုတ်တာ...။

⛓️ 𝙋𝙨𝙮𝙘𝙝𝙤 ⛓️ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞]Where stories live. Discover now