Part 2

5.9K 738 166
                                    

Unicode

-Psycho-

အိမ်ရောက်တော့ စကားပြောရအောင်ဆိုတဲ့ အဖေလုပ်သူကြောင့် ရေချိုးအ၀တ်စားလဲပြီး ဧည့်ခန်းထဲမှာ ထိုင်စောင့်နေလိုက်တယ်။ ခဏကြာတော့ အခန်းထဲက ထွက်လာတဲ့ အဖေ။ လက်ထဲမှာ ဓာတ်ပုံအချို့ကိုင်ထားသေးတယ်။ ဘာတွေပြောအုံးမလဲမသိ...။

"ပြောစရာရှိတယ်ဆို"

"အင်း ဆိုပါတော့၊ ဒီပုံတွေအရင်ကြည့်လိုက်"

ခုံပေါ်ကိုပြစ်ပေးတဲ့ ပုံတွေထဲက တပုံးအား Yoongi ကောက်ကြည့်လိုက်တော့ ကောင်မလေးတယောက်ပုံ။ ချောသည်၊ လှသည်ဆိုပေမယ့် ဆေးဆိုပန်းရိုက်အလှမို့ ကျွန်တော်အတွက် စိတ်ရှုပ်စရာတခုလို...။

"ဘာအတွက်ကြည့်ခိုင်းတာလဲ?

"သူက Company မှာရှယ်ယာအများဆုံး သူဌေးလင်း ရဲ့သမီး"

"ဒီတော့?

"မင်းနဲ့လက်ထပ်ပေးဖို့"

ထင်တဲ့အတိုင်းပါပဲ။ လက်ထပ်ပေးဖို့တဲ့လေ။ ငြင်းလို့လည်းရမှာမဟုတ်။ ကျွန်တော်ဘ၀က အဖေနဲ့ပတ်သတ်လာရင် ငြင်းဆန်ခွင့်မရှိတဲ့ ဘ၀လေ။ ဘာတက်နိုင်မှာလဲ...။

"မင်းကိုခွင့်တောင်းနေတာ မဟုတ်ဘူး၊ အသိပေးနေတာ၊ စေ့စပ်ပွဲကို ဒီရက်ထဲစီစဥ်မယ်၊ ပုံကိုသိမ်းထားအုံး၊ မပြစ်လိုက်နဲ့"

ပြောချင်တာပြောပြီး အခန်းထဲ၀င်သွားတဲ့ အဖေ့ကိုကြည့်ပြီး Yoongi ဘာမှပြန်မပြောမိ။ လက်ထဲက ဓာတ်ပုံကို အိတ်ကပ်ထဲ ကောက်ထည့်ကာ ငူငူကြီးထိုင်နေမိသည်။ ငြင်းဆန်ခွင့်မရှိတဲ့ ကိုယ့်ဘ၀ကို အင်မတန်မှ ငြီးငွေ့မိသည်...။

ရုတ်တရက်ဆိုသလို ခေါင်းထဲရောက်လာတဲ့ အတွေးအခုကြောင့် လက်ထဲက နာရီကိုကြည့်လိုက်တော့ ည၆နာရီသာရှိသေးရဲ့။ စောသေးတာမို့ ကားသော့ကိုဆွဲကာ အိမ်ထဲကနေ ထွက်လာလိုက်တော့သည်...။

**ကလင်းး**

ဆိုင်ဘဲတီးသံနှင့်အတူ ကြားရတဲ့ ခြေသံကြောင့် Jimin ကိတ်လုပ်နေရင်း လှမ်းထူးလိုက်သည်...။

"ဘာများသုံးဆောင်မလို့လဲခဗျ"

"Jimin..."

"ဟင် Yoongi...ဒီအချိန်ကြီး ဘယ်လိုလုပ်...

⛓️ 𝙋𝙨𝙮𝙘𝙝𝙤 ⛓️ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞]Where stories live. Discover now