Unicode
-Psycho-
Meeting အခန်းထဲက လူကြီးမင်းတွေရဲ့ တယောက်တပေါက် အသံတွေ အခန်းထဲဆူညံလို့။ သူ့ထက်ငါအပြိုင်း ပြောနေကြတဲ့ သူတွေကိုကြည့်ပြီး စိတ်ရှုပ်စရာကောင်းလိုက်တာ...။
အမြဲတမ်းကိုယ်ဖြစ်ချင်တာပဲ ရွေးပြောနေတဲ့ လူတွေဟာ အသိဉာဏ်များတိမ်ပါးနေသလား။ တခါလောက် ကိုယ်ဖြစ်ချင်တာထက် တဖက်သားရဲ့ ထင်မြင်ချက်ကို ထည့်တွေးပေးဖို့ အဆင်မပြေဘူးလား...။
ကိုယ့်ဘက်ကိုယ်ပဲ ကြည့််တက်တဲ့ လူတွေရဲ့ စိတ်ဓာတ်ဟာ အတော်လေး စိတ်ပျက်စရာကောင်းလွန်းသည်...။
"တော်လောက်ပြီ၊ ခင်ဗျားတို့ပြောတဲ့ ဒဇိုင်းတွေအကုန်လုံး ကျွန်တော်ပယ်ချတယ်"
အမြဲတမ်း ကိုယ်နှင့်မဆိုင်သလို အေးတိအေးစက် နေတက်တဲ့ CEO Min Yoongi ဟာ ဒီနေ့မှ ထူးထူးခြားခြား ကန့်ကွက်လို့ပါလား။ အားလုံးသူ့ကို ထူးဆန်းသလို ကြည့်နေတော့ Yoongi မဲ့ပြုံးပြုံးမိသည်...။
Jimin ကပြောတယ်။ ခင်ဗျားက သိပ်ပျော့ညံ့တာပဲ။ ကျွန်တော်သူတခြားတွေအမြင်မှာ ပျော့ညံ့ချင်ပျော့ညံ့မယ်။ ဒါပေမယ့် သူ့အမြင်မှာတော့ ပျော့ညံ့တဲ့သူ မဖြစ်ချင်ဘူး...။
"CEO Min ဒီကိစ္စကိုဘယ်လို ဆုံးဖြတ်ချင်လဲ"
"ခင်ဗျားတို့ဆီက အချက်အလက်တွေ အကုန်လုံး ကျွန်တော်လက်မခံဘူး၊ အကုန်ပယ်ချမယ်"
"အဲ့လိုလုပ်လို့မရဖူးလေ CEO Min"
"ကျွန်တော်က ဒီ Company ကိုပိုင်တဲ့ CEO Min Yoongiဆိုတာ လူကြီးမင်းတို့မေ့နေသလား၊ ကျွန်တော်စိတ်မပါရင် ခင်ဗျားတို့အားလုံးရဲ့ ရှယ်ယာတွေကိုတောင် ပြန်အန်းလိုက်လို့ရတယ် နားလည်ကြလား"
ရှယ်ယာငွေတွေ ပြန်အန်းမယ်လည်းပြောရော ချက်ချင်းဆိုသလို ငြိမ်ကျသွားတဲ့ Meeting အခန်းဟာ အပ်ကျသံတောင်မကြားရတော့။ ခုနက တယောက်တပေါက်အသံတွေလည်း ထွက်မလာတော့...။
"ဒီနေ့တော့ ဒီလောက်ပဲ၊ Joon မင်းဆွဲထားတဲ့ ဒဇိုင်းနဲ့ပဲထုတ်လိုက်တော့"
"ကျွန်တော် ဒဇိုင်း?
"ဟုတ်တယ်၊ ငါမင်းဒဇိုင်းကို သဘောကျတယ်၊ ဒီတော့ မင်းဒဇိုင်းကိုသုံးမယ်၊ အကုန်လုံး အဆင်ပြေအောင်လုပ်လိုက်၊ နောက်တခုက ငါတပတ်လောက်ခွင့်ယူမယ်၊ Companyကိုမင်းပဲ သေချာကြည့်ထားပါ"
YOU ARE READING
⛓️ 𝙋𝙨𝙮𝙘𝙝𝙤 ⛓️ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞]
Fanfiction⌫ Warning Yoonmin / Namjin ⌫ ☠︎︎-This is a story about the boy who Fell in love with Psycho Boy-☠︎︎