🚫 Part 4 Warning For Yoonmin 🚫

11.2K 796 145
                                    

Unicode

-Psycho-

လေလေးတချွန်ချွန်နဲ့ အပေါ်ထပ်ကနေ ဆင်းလာတဲ့ သားလုပ်သူကြောင့် Mr.Min မှာကြောင်အန့်မိ။ အရင်က အေးတိအေးစက်နဲ့ တက်ကြွမှုမရှိတဲ့ သူ့သား Min Yoongi မှဟုတ်ရဲ့လား။ လေတချွန်ချွန်နဲ့ မျက်နှာကလည်း ပြုံးလို့။ ဒီကောင်လေး ဆေးစားများမှားလေသလား...။

"Min Yoongi"

"Aww အဖေပြောလေ"

"မနက်စာ လာစားလေ ဒါကဘယ်လဲ"

"မစားတော့ဘူး သွားပြီ"

သူ့စကားကိုတောင် မစောင့်တော့ပဲ ထွက်သွားတဲ့ Yoongi ကြောင့် ဒေါသထွက်ပြီး ကျန်ခဲ့သူမှာ Mr.Min ပင်။ ဒီကောင်လေး ဒီရက်ပိုင်း သိသိသာသာကြီး ပြောင်းလဲနေတာ သတိထားမိတယ်။ တခုခုဆိုလဲ ပြန်ပြောတက်နေပြီ။ တခုခုတော့ တခုခုပဲ...။

"Hello လာနေပြီ စောင့်နေ"

ဖုန်းချပြီးတာနဲ့ Yoongi ကားလေးဟာ ကော်ဖီဆိုင်သို့။ ဒီနေ့ Yoongi တက်ကြွနေခြင်း အကြောင်းကတော့ မနက်စာကို Jimin ကိုယ်တိုင်းလုပ်ပေးပြီး အတူတူစားမယ်ဟု ချိန်းထားခြင်းကြောင့်ပင်...။

မကြာခင်မှာပဲ Yoongi ကားလေးဟာ Jiminရဲ့ ကော်ဖီဆိုင်လေးသို့ ရောက်ရှိလာလေပြီ။ ဆိုင်ထဲ၀င်လိုက်တော့ Jimin ကကောင်မလေးတယောက်နဲ့ စကားပြောပြီး ရယ်မောနေတာများ သူလာတာတောင် သတိမထားမိပုံ...။

မကြိုက်ဘူး။ ကိုယ်မဟုတ်တဲ့ တခြားတယောက်ကို အဲ့လိုအပြုံးတွေပြုံးပြနေတာ ကိုယ်တကယ်မကြိုက်ဘူး။ ဆိုင်တာမဆိုင်တာ မသိချင်ဘူး။ မင်းကတော့ ကိုယ့်လူပဲဖြစ်နေရမယ်...။

ဟုတ်တယ်...Park Jimin ဆိုတဲ့ကောင်လေးက ကိုယ့်လူ...။

"Yoongi...ရောက်ပြီလား"

Yoongi ပြန်မဖြေပဲ ထိုင်နေကြ၀ိုင်းမှာ ၀င်ထိုင်လိုက်တယ်။ Jiminကတော့ နှုတ်တောင်မဆက်နိုင်ပဲ ‌ေအးစက်နေတဲ့ Yoongi မျက်နှာထားကြောင့် ကြောင်တောင်တောင်လေးသာ...။

"ဒါဆို ပြန်လိုက်ပါအုံးမယ်၊ နောက်မှလာလည်မယ်နော်"

"ဟုတ်...Noona အားရင်လာခဲ့ပေါ့"

"See u Jiminie"

Jiminie? အဲ့လိုခေါ်ဖို့ သူ့ကိုဘယ်သူက ခွင့်ပြုထားတာလဲ။ Jimin ကိုယ်တိုင်က ခွင့်ပြုထားလေသလား။ တယောက်ထဲ ဘာကိုမကျေနပ်လို့ မကျေနပ်မှန်းမသိ။ စိတ်တော့မကြည့်တော့တာ အမှန်...။

⛓️ 𝙋𝙨𝙮𝙘𝙝𝙤 ⛓️ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞]Tempat cerita menjadi hidup. Temukan sekarang