Unicode ✅
-Psycho-
Yoongi တယောက်၊ အဖေနဲ့ အပြတ်ရှင်းရန်၊ ကုမ္ပဏီကို၊ ထွက်လာလိုက်တယ်။ ကုမ္ပဏီရောက်တော့၊ အဖေလုပ်သူ ရုံးခန်းထဲကို၊ တန်း၀င်သွားလိုက်တယ်။ သူ့ကိုမြင်တဲ့အဖေ့ရဲ့၊ မျက်နှာဟာ၊ အလွန်တင်းမာနေသည်၊ ဆိုသည်မှာ၊ ပြောစရာမလိုအောင်ပင်...။
"Min Yoongi မင်းငါ့ရှေ့ပေါ်လာရဲသေးတယ်ပေါ့"
"စိတ်မပူပါနဲ့၊ အခုလာတွေ့တာ၊ အဖေ့အရှေ့က်ို၊ နောက်ဆုံး အကြိမ်ပေါ်လာတာမို့"
"မင်းဘာကိုဆိုလိုတာလဲ Min Yoongi"
"အခုကျွန်တော်နဲ့ လက်ထပ်ပေးမယ့်၊ Kim Soyaလည်း မရှိတော့ဘူး၊ ဒီတော့ကျွန်တော်နဲ့၊ ကျွန်တော်ကောင်လေးကို၊ သဘောတူပေးပါ"
"ဟာ အဲ့လောက်လွယ်ရောလား"
"အဟက်...အဖေဘာတွေလုပ်နေလဲ၊ ကျွန်တော်ကောင်းကောင်းသိတယ်၊ အဖေသိအောင် တခုပဲပြောခဲ့မယ်၊ ကျွန်တော်အခုကစပြီး၊ ကျွန်တော်လမ်းကျွန်တော်၊ လျှောက်တော့မယ်"
သူပြောတာကို အဖေကနည်းနည်းလေးတောင်၊ ဂရုမစိုက်ပေ။ အေးစက်စက်နှင့်သာ။ အဖေကခန့််မှန်းရသိပ်ခက်သလို၊ လွယ်လွယ်နှင့်၊ အရှုံးပေးမယ်သူမဟုတ်တာ၊ သူကောင်းကောင်းသိသည်...။
"လုပ်ကြည့်လိုက်လေ၊ မင်းကောင်လေး တခုခုဖြစ်ချင်တယ်ဆိုရင်ပေါ့"
"ကျွန်တော်ဂရုမစိုက်ဘူး၊ အဖေJiminကိုထိချင်ရင်၊ သူ့အကို RMနဲ့အရင် ဆုံရလိမ့်မယ်"
သူ့စကားကြောင့်၊ ထိတ်လန့်သွားတဲ့၊ အဖေ့မျက်နှာကို၊ မြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။ အမှောင်လောကရဲ့ သခင်ဖြစ်တဲ့၊ RMကိုတော့ အဖေကြောက်တယ်ထင်ပါရဲ့...။
"သွားခွင့်ပြုပါအုံး"
"မင်းရွေးချယ်တဲ့လမ်း ဖြောင့်ဖြူးသာယာပါစေ"
"ကျေးဇူးပါအဖေ၊ ကျွန်တော်အဖေ့ကို ချစ်တယ်ဆိုတာတော့ ယုံပေးပါ"
ထို့နောက်ထွက်သွားတဲ့ သားလုပ်သူရဲ့၊ ကျောပြင်ကိုကြည့်ပြီး၊ မျက်ရည်တွေကြားကနေ ပြုံးမိပါသည်။ လူတွေပြောတဲ့ "တဖတ်သားရဲ့ ဘ၀ကိုအချိန်အကြာကြီး၊ ချုပ်ကိုင်ထားလို့၊ မရဘူး" ဆိုတာကို သူနားလည်ပါပြီ...။
YOU ARE READING
⛓️ 𝙋𝙨𝙮𝙘𝙝𝙤 ⛓️ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞]
Fanfiction⌫ Warning Yoonmin / Namjin ⌫ ☠︎︎-This is a story about the boy who Fell in love with Psycho Boy-☠︎︎