Unicode ✅
-Psycho-
မိုးလင်းပြီးဆိုတာနှင့် Seok Jin တို့ အလန်းစားပြင်ကာ ချစ်ရတဲ့ Daddy Joon ကုမ္ပဏီသို့ ချီတက်လေသည်။ ဒါသူမနက်တိုင်းလုပ်နေကြအလုပ်။ Daddy Joon ဟာအစကတော့ သူ့ကိုလိုလိုလားလား မရှိပေမယ့် အခုတော့ အနားမှာနေခွင့်ပေးလေပြီ...။
တနေကုန် Daddy Joon ကုမ္ပဏီသွားပြီး Daddy Joon အနားကပ်ရင်း အချိန်ကုန်စေတယ်။ နေ့လယ်စာဆိုလဲ အတူတူစားပြီး အပြန်လည်း အတူတူပြန်လေ့ရှိတယ်...။
"Daddy Joon~~"
"ရောက်လာပြန်ပြီလား"
"Daddy Joon~~ ကျွန်တော်နေမကောင်ဖူး"
"အဲ့တော့"
သူပြောတာကို အဖတ်တောင်မလုပ်တဲ့အပြင် Laptopပေါ်က အကြည့်မပျက်တာမို့ Jinieလေး ၀မ်းနည်းမိသည်။ Daddy Joon ဆီက Attention ရချင်လို့ လိမ်ပြောနေချင်းမဟုတ်။ တကယ်ဖျားနေတာမို့ ပြောပြနေချင်တာ...။
သို့သော် Daddy Joon ကတော့ ထုံစံအတိုင်းသူ့ကို Neglect လုပ်နေလေရဲ့...။
"Daddy Joon~~ ကျွန်တော်တကယ်ပြောနေတာ"
"မင်းဟာမင်းဖျားတာ ငါနဲ့ဘာဆိုင်လဲ!! အလုပ်ရှုပ်ရတဲ့ကြားထဲ"
Namjoon ပိတ်ဟောက်လိုက်တော့ Jinieလေးငြိမ်သွားသည်။ ဘာစကားမှလည်း ထပ်မပြောတော့သလို ဆိုဖာထက် ငြိမ်ငြိမ်လေး ထိုင်နေရဲ့။
Namjoonလည်း အလုပ်ထဲ အာရုံရောက်နေပြီ Jinကို ပြစ်ထားလိုက်တယ်...။အလုပ်တွေပြီးသွားချိန် နာရီကိုကြည့်လိုက်တော့ နေ့လယ်၁၂ပင်ထိုးနေပြီ။ ထမင်းစားချိန် ရောက်ပြီမို့ ကြည့်လိုက်တော့ ဟိုကောင်လေးက ဆိုဖာထက် ကွေးကွေးလေးအိပ်နေရဲ့...။
အိပ်နေတဲ့ကောင်လေးအနားသွားပြီး အသာလေးလှုပ်နှိိုးလိုက်တော့ မနိုးလာပေ။ အသားတွေပူနေသလို ခံစားရတာမို့ နဖူးပေါ်စမ်းကြည့်လိုက်တော့ ကိုယ်တွေပူခြစ်တောက်နေရဲ့...။
"ဟင်...သူတကယ်ဖျားနေတာပဲ"
"ဟေ့ကောင်လေး...ထ..ထအုံး"
"ဟင်...Daddy Joon~~ အဟင့်"
ရုတ်တရက်ထငိုတာမို့ Namjoonမှာ ပြာပြာသလဲ ချော့ရပြန်တယ်။ Jinieကတော့ သူ့ရင်ခွင်ထဲ၀င်ပြိီး တအီအီနဲ့ငိုနေရဲ့...။
YOU ARE READING
⛓️ 𝙋𝙨𝙮𝙘𝙝𝙤 ⛓️ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞]
Fanfiction⌫ Warning Yoonmin / Namjin ⌫ ☠︎︎-This is a story about the boy who Fell in love with Psycho Boy-☠︎︎