Part(3) (Unicode)

2.3K 107 0
                                    

မင်္ဂလာဆောင်နေ့။
ပိုင်တယောက် စိတ်တွေအရမ်းလှုပ်ရှားပြီးတော့ အရမ်း‌တွေပျော်နေတော့သည်။ သူ့ချစ်ရသူနဲ့ယူရတော့မှာကို အရမ်းပျော်ရွှင်နေပါတယ်။လူတိုင်းပါ ကိုယ့်ချစ်သူနဲ့ ယူရမယ်ဆို မပျော်တဲ့လူသားရှိဘူးလို့လား။ မင်္ဂလာခန်းမထဲမှာ ထိုင်လိုက် ထလိုက် လုပ်နေသူမှာ ပိုင်တယောက်ပင်ဖြစ်ပေသည်။ထိုအရာကိုကြည့်မရသော ပိုင့်မေမေက
"ဟဲ့ ဟိုကောင်လေး နင်ငြိမ်ငြိမ်နေလို့မရဘူးလားဟင် ငါတို့ မျက်လုံးတွေမူးနှောက်နေပြီ"
"ဟီး မေမေကလည်း သားက အရမ်းပျော်နေလို့ပါ"
"အေးအေး နင်ပျော်တာကလည်း သတို့သမီးတောင်အဲ့လောက်အပျော်မလွန်ဘူး နင့်က သတို့သမီးကျနေတာပဲ ငြိမ်ငြိမ်နေ"
"တော်ပြီ ဗျာ နန်းဆီပဲသွားနေတော့မယ်"
"အေးကြွကြွ "
ပိုင်လည်း နန်းအ၀တ်လဲနေသောအခန်းသို့လာစဉ် လမ်းမှာ ခွန်းဦးမာန်နဲ့တွေ့တော့"ဂုဏ်ပြုပါတယ် Doctor တော်တော်ပျော်နေတာပဲ"
"ပျော်တာပေါ့ဗျာ ကိုယ်ချစ်တဲ့သူနဲ့ ယူရတော့မယ်လေ ကိုခွန်းဦးမာန်လည်း ချစ်တဲ့သူနဲ့တွေ့မှာပါဗျာ"
"ဒါနဲ့ ခွင့်ပြုပါအုံး ကျနော့် ဇနီးလောင်းလေးဆီသွားမလို့ "
"ကောင်းပါပြီ"
ပိုင်လည်း ထိုလူရှေ့မှ အမြန်ထွက်လာပြီး နန်း‌ရှိရာသို့ သွားလိုက်တော့သည်။
"အယ် ကို ရောက်လာပြီလား"
"ကို့ ကောင်မလေးကို ‌တွေ့ချင်လို့လေ"
"ကိုကတော့ နော်"
"ကောင်မလေးမဟုတ်တော့ဘူး ကိုရဲ့ မိန်းမလေးလေ"
"ဟာ ကို နော်"
"ဟား ဟား" ပိုင်တို့နှစ်ယောက် စနောက်ချိန်တွင် ဘိတ်သိပ် ဆရာဩဘာစကားပေးသံကြောင့် သူတို့နှစ်ယောက်ခန်းမ‌ရှိရာသို့ထွက်လာခဲ့၏။
မင်္ဂလာ ၀တ်ဆုံ ၀တ်ထားသော မင်္ဂလာမောင်နှံ နှစ်ဦးသည် တခြားသူများအမြင်မှာ တင့်တယ် လိုက်ဖက်လွန်းနေပေမယ့်လည်း ခွန်းဦးမာန် မျက်လုံးထဲမှာတော့ ဒေါသရိပ်တွေထွက်နေလေတော့သည်။ မင်္ဂလာဆောင်ပြီးချိန်တွင် အကုန်လုံး ပြန်ဖို့ ပြင်ဆင်ပြီး ပိုင်တို့နှစ်ယောက်ကတော့ ဟန်းနီးမွန်းထွက်ဖို့ ပြင်ဆင်နေကြသည်။ "မေမေတို့ ဖေဖေတို့ သားတို့သွားတော့မယ်နော် "
"အေး ဂရုစိုက်နော် သားတို့ လမ်းခရီး သာယာဖြောင့်ဖြူးပါစေကွယ်"
"ဟုတ် သွားပြီနော် တာ့တာ"
"အေးအေး" သူတို့နှစ်ယောက် ပျော်ပျော်ပါးပါး ထွက်သွားသောခရီးက ၀မ်းနည်းစရာကောင်း‌တဲ့နေ့ရက် ဖြစ်မယ်ဆိုတာ သိရင် သူတို့ ပျော်‌နိုင်ကြအုံးမလား။
တဖက်မှာလည်း "ကားထွက်သွားပြီ အဲ့ကားနောက်ကိုလိုက် လမ်းမှာစောင့်တဲ့သူတွေကို အသင့်ပြင်ထားခိုင်းလိုက်"
"ဟုတ်ကဲ့ boss"
"အေး သွားမယ်"
ဆိုပြီး ခွန်ဦးမာန်လည်း ပိုင်တို့ကားနောက်ကို ထပ်ကြပ်မကွာ လိုက်သွားခဲ့သည်။
ပိုင်‌တို့ကတော့ ကားပေါ်မှာစနောက်ရင်း ပျော်ပါးနေကြတော့ ‌အနောက်က ကားတွေကို ဂရုမစိုက် သူတို့ လမ်းကိုသာဂရုစိုက်မောင်းပြီး ပျော်ပါးနေကြလေရဲ့။
အမြန်လမ်းတက်ပြီးနှစ် နာရီလောက်အကြာမှာတော့ မှောင်ရည်စပြုစလေပြီလေ။ တောင်ကြီးကျော် ကလောဘက်ကို မောင်းနှင်သော လမ်းတွင်တော့ သူ့တို့ရှေ့ကို ကားနှစ်စီးပိတ်ရပ်ခဲ့သည်။ အနောက်ကိုကြည့်တော့လည်း ကားတစ်စီး ထပ်တွေ့ခဲ့ပြန်သည်။
ပိုင်တို့နှစ်ယောက် ကြောင်တောင်တောင်ဖြင့်သာ ကားပေါ်က ဆင်းလာခဲ့သည်။ သူ့တို့နှစ်ယောက်ဆင်းလားပြီး မကြာဘူး အရှေ့ကားနှစ်စီးမှ အနက်ရောင် ၀တ်စုံများဖြင့် ဆင်းလာသော လူအများနောက်တွင် မြင်လိုက်ရသောသူက ပိုင့်အား ဒေါသ‌ထွက်စေခဲ့သည်လေ။ထိုလူကတော့ ခွန်းဦးမာန်ပင်ဖြစ်သည်။ ထိုလူအား ပိုင်က"ဒီမှာကို ခွန်းဦးမာန် ခင်ဗျား ဘာအကြောင်းကြောင့် ကျနော်တို့ ကားရှေ့ကိာပိတ်ရက်ရတာလဲ"
"နေပါအုံး ငယ်ရယ် ကိုယ် က ငယ့်ကို ပြောစရာရှိလိူ့ပါ"
"ခင်ဗျား ပြောစရာရှိတာ မြန်မြန်ပြော ပြီးရင်အရှေ့ကဖယ် ကျနော့် မိန်းမ ပင်ပန်းလိူ့ နားချင်နေပြီ"
"ဟား ငယ်ရယ် မင်းဇနီးလောင်းလေးက  အခုပဲ မင်းနဲ့အဝေးဆုံးကို ထွက်သွားတော့မှာ ဆိုရင်ရော"
"ခင်ဗျားမယုတ်မာနဲ့ နော် ကျနော် ခဗျားကိုပြောပြီးသား ကျနော်တို့ရှေ့က ဘယ်ပေးပါ နောက်ကျနေပြီ"
"ကိုယ် ငယ့်ကို ပြောခဲ့တယ်လေ ဒီမိန်းကလေးကို လမ်းခွဲလိုက်ပါလို့"
"ကို သူက ဘာတွေပြောနေတာလဲ ဟင်နန်းတို့က ဘာလို့ လမ်းခွဲရမှာလဲဟင်"
"အဲ့တာကတော့ ငါက မင်းရဲ့ ပူပုနွေးနွေးယောကျာ်း‌ကိုချစ်နေလို့လေ"
"ဟင် ဟုတ်လားကို ဘာလို့ နန်းကိုမပြောတာလဲ "
"ကို က အဲ့နေ့တည်းက သူ့ကိုအပြတ်ပြောပြီးသား နန်းခ‌ဏနေအုံးနော်"
"ဒီမှာ ကိုခွန်းဦးမာန်  ကျနော့်တို့ လင်မယားကို မနှောက်ယှက်ပါနဲ့ ခင်ဗျားကို ချစ်တဲ့သူကို ခင်ဗျားရှာတွေ့မှာပါ ကျနော်တို့ ကို သွားခွင့်ပြု‌ပါအုံး နန်း ကားပေါ်တက်တော့ "
"အွန်း ကို"သူတို့နှစ်ယောက် ကားပေါ်တက်ဖို့ပြင်နေချိန်မှာပဲ လူလေးယောက်က သူ့တို့နှစ်ယောက်ကို လာချုပ်ထားသည်လေ။ပြီးတော့ ကျနော့်ကို ဟိုလူရှိရာကို ခေါ်လာပြီး နန်းကိုကြ လမ်းမနားခေါ်သွားသည် ။ "ခင်ဗျား ဘာလုပ်တာလဲ"
"ငယ်က ကောင်းကောင်းပြောလို့မရ‌လို့ပေါ့ငယ် အခုမှ ကိုယ့် အဆိုးမဆိုနဲ့ငယ် "
"ဟှောင့်တွေ သူ့ကို ကားပေါ်တင်လိုက်ပီးရင်သူထိုင်တဲ့ခုံပေါ်မှာ ကြိုးတုတ်ပြီး ရိုက်သတ်လိုက် ပြီးရင် ကားကို သူထိုင်တဲ့အခြမ်း ကို ကြေမွအောင်ရိုက်ခွဲလိုက် "
"ဟုတ်ကဲ့ boss"
"ခင်ဗျားမယုတ်မာနဲ့နော် ခွန်းဦးမာန်"
"ကို ရေ နန်းကိုကယ်ပါအုံး "
"ကျနော်တောင်းပန်ပါတယ်ဗျာ အဲ့လိုမလုပ်ပါနဲ့ "ပိုင်ဘယ်လိုတောင်းပန်ပန် ခွန်းဦးမာန်တယောက် တုတ်တုတ်မျှ မလုပ် နန်းအမရာတယောက် ကားပေါ်ရောက်ပြီးမကြာဘူး ခေါင်းကို သံတုတ်နဲ့ ရိုက်ခံလိုက်ရသည်။ ပိုင်သည်လည်း ဦးခွန်းဦးမာန်အား ဘယ်လိုတောင်းပန်ပန်မရတဲ့အပြင် သူချစ်သူတယောက် သူ့မျက်စိရှေ့မှာရက်ရက်စက်စက်အသတ်ခံနေရတာကို တွေ့ကာ မျက်ရည်များမထိန်းနိုင်အောင် ကျလာတေယ့သည်။ မာန်တယောက်က တော့ ကားထဲမှာ သွေးသံတရဲရဲနဲ့ သေဆုံးသွားသော နန်းအမရာကို ကြည့်ပြီးကျေနပ်နေလေရဲ့ ထိုနောက်သူလည်း သူ့တပည့်တယောက်အား မျက်စပြစ်ပြရဲ့ ပိုင့်ခေါင်းအား ‌သွေးထွက်အောင် တချက်ရိုက်ခိုင်းပြီး ‌ကားပေါ်သို့တင်ပေးလိုက်သည်။ ထို့နောက် သက်ဆိုင်ရာအား အကြောင်းကြားကာတိုက်သွားသည့်ကားသည် ထွက်ပြေးသွားသည်ဟု ပြောပြီး သူ့တပည့်များနဲ့ ရန်ကုန်အိမ်သို့ပြန်လာခဲ့သည်။ စိတ်ထဲတွင်တော့ "ရန်ကုန်မှာပြန်ဆုံမယ် ငယ်" ဟူ၍ပင်။

ငယ်Where stories live. Discover now