part(4) ( Unicode)

2.1K 96 0
                                    

နောက်နေ့မနက်သတင်းတွင် ပိုင်တို့နှစ်ယောက်အကြောင်းသတင်းမှာပါလာပြီး အကုန်လုံးကတော့ စိတ်မကောင်းဖြစ်နေလေရဲ့။ ပိုင်တယောက်ကတော့ အခုချိန်ထိမေ့နေတုန်းပဲလေ။ ပိုင်သတိရလာတော့ အရင်ဆုံးရှာမိတာ နန်းကိုပေါ့။ဒါပေမယ့် ပိုင့်မေမေတို့နဲ့ နန်းအမေအဖေတို့တွေပဲ ပိုင့်နားမှာရှိတယ်။
ပိုင်လည်းချက်ချင်းထထိုင်လိုက်ပြီး နန်း‌ကိုရှာနေလေရဲ့။ဒါကို ပိုင့်မေမေတို့ကသိတော့ ပိုင့်အား"ပိုင် သားလေးနိုးပြီလား ဘယ်လိုနေသေးလဲ"လို့မေးသောလည်း ပိုင်တယောက်ဂရုမစိုက်အား
နန်းကိုသာ ရှာနေမိ၏။ထိုအခါမှ ပိုင့်မေမေက ငိုပြီး"နန်း ဆုံးပြီသား မနက်ဖြန်အသုဘ ချမှာ"
"ဗျာ"
"ဟုတ်တယ် နန်းဆုံးသွားပြီသား"
"မေမေက လိမ်ပြန်ပြီ သားတို့ ရန်ကုန်ကိုတူတူပြန်လာတာမလား နန်းဘယ်မှာလဲဟင်မေမေ"
"သားရယ် သတိထားပါအုံး"
"မဖြစ်နိုင်ဘူးမေမေ မေမေတို့လျှောက်ပြောနေတာ နန်းဘယ်မှာလဲ သားကိုပြောပြ"
"သားပိုင်လေး သတိထား သမီးလေးက ဆုံးပြီ သားရဲ့"နန်းမေမေ၀င်ပြောတော့မှ ပိုင်တယောက် ယူကျုံးမရ ဖြစ်နေလေသည်။ထိုအချိန်မှာ နန်းဖေဖေက
"သား တို့ကို ‌ဘယ်ကားက ၀င်တိုက်တာတာလဲ သား"
"ဟိုလူယုတ်မာကောင် ၀င်တိုက်တာ ဦး"
"ဘယ်သူလဲ သားမှတ်မိလား"
"မှတ်မိတာပေါ့ ဟိုလူယုတ်မာ ဦးခွန်းဦးမာန်‌ဆိုတဲ့လူပဲ"
"ဟေ"ဆိုပြီး ပိုင်ဖေဖေနဲ့နန်းဖေဖေတို့ကတ‌ယောက်မျက်နှာတယောက်ကြည့်နေကြလေသည်။ပိုင်က "သားသူ့ကိုတရားစွဲ မှာ သူ့ကို ထောင်ကျအောင်လုပ်မှာ သားခွင့်မလွှတ်ဘူး ဖေဖေ"
"သား အလိုလုပ်ရင် သားတို့မိသားစုရော ဦးတို့မိသားစုရော ဘ၀ပျက်မှာသားရဲ့"
"ဟုတ်တယ်သား ဖေဖေတို့ လုပ်ငန်းတိုင်းမှာ သူက ရှယ်ယာအများဆုံးလူပဲ သား သားသာ အဲ့လိုလုပ်ရင် ဖေဖေတို့ ဘ၀ပျက်လိမ့်မယ်"
"ဒါဆိုသား က နန်းအတွက် ဘာမှ လုပ်ပေးလို့မရတော့ဘူးလားဖေဖေ"
"သားရယ်"ဆိုပြီးအကုန်လုံးက စိတ်မကောင်းဖြစ်နေတော့သည်။ထိုအချိန်မှာ အခန်းထဲသို့ ဟို လူ၀င်လာသည်နှင့်အပြင် ပိုင်တယောက် ဘေးစာပွဲမှာတင်ထားသော ဖန်ခွက်ဖြင့်ကောက်ပေါက်လိုက်သည်။ကံကောင်းချင်တော့ မာန့်ကိုမထိပဲ သူ့ တပည့်တယောက်ကိုထိသွားသည်။ပိုင်သည်ဖေဖေတို့အား"အပြင်ထွက်ပေးလား ဖေဖေတို့ သားအဲ့လူနဲ့စကားပြောချင်လို့"
"ဟုတ်ပြီးသားလေး ပြီးရင်ဆရာ၀န်လာလိမ့်မယ်နော် သား"
"ဟုတ်"လို့ပြောပြီးတော့ ဖေ‌ဖေတို့က အခန်းပြင်ထွက်သွားကြသည်နှင့်အပြိုင် ဟိုလူသည်လည်း သူ့လူတွေကိုထွက်သွားခိုင်တော့သည်။ပိုင်လည်း ထိုလူတွေထွက်သွားပြီးမကြာဘူး နောက်ဖန်ခွက်ကို ကိုင်ပြီး ထပ်ပေါက်လိုက်သည်။ထိုအချိန်မှာတော့ ဖာန်ခွက်က မာန့်နဖူးကိုထိပြီး သွေးတွေစီးကျလာသည်။သို့သော် မာန်အပြုံးမပြတ်ပါ။ဒီထက်ဒီကောင်လေးက ပိုနာကျင်မည်လေ။ "စိတ်လျှော့ပိုင် ကိုယ် က လူနာသတင်းလာမေးတာပြီးတော့ သေသွားတဲ့ပိုင့် ဇနီးလောင်းလေးအတွက်လည်း စိတ်မကောင်းဘူး"ဆိုပြီး မာန်တယောက် ပိုင့်အား မဲ့ပြုံးပြုံးပြလိုက်သည်။ထိုအခါပိုင့်ဆီမှ"လူယုတ်မာကောင် ခင်‌ဗျား ကိုမုန်းတယ် ခုချက်ချင်းထွက်သွား"ဆိုပြီး ပန်းအိုနဲ့ထပ်ပစ်ပေါက်ပြန်၏။ထိုအခါ ပိုင့်မေမေတို့က "မောင်ခွန်းဦးမာန် ပြန်လိုက်ပါတော့ အန်တီတို့တောင်းပန်ပါတယ်ကွယ်" "ဒါဆိုခွင့်ပြုပါအုံး"
ထိုအခါမှ နန်းမေမေက ပိုင့်နားသွားပြီးမှ "သားပိုင်လေး စိတ်ထိန်းပါအုံးကွယ်"
ဆိုပြီးဖက်ထားသည်။
နန်းရက်လည်နေ့
ပိုင်တယောက်နန်းတို့ အိမ်ထဲမှာ ငိုင်ငိုင်ကြီးထိုင်နေလေသည်။ ပိုင့်သူငယ်ချင်း‌ေတွရော နန်းသူငယ်ချင်း‌ေတွရောက ဝိုင်းပြီးနှစ်သိမ့်ပေမယ့် ပိုင်နားမဝင် ငိုင်ငိုင်ကြီးထိုင်နေသည်။ ထိုအချိန်တွင် ဟိုလူက အရှက်မရှိသူ့နားလာပြန်၏။ ပိုင်မတ်တတ်ထရက်ပြီး"ခင်ဗျားဘာလာလုပ်တာလဲ"
"ရှယ်ယာရှင်တဦး‌အနေနဲ့ သတင်းလာမေးတာလေ ပိုင်ရဲ့"
"ဘယ်သူကြောင့်သေတာလဲ "
"ငယ်မြင်လိုက်လာ ဘယ်သူသတ်လိုက်တာလဲ"
"ခင်ဗျားတော်တော် မျက်နှာပြောင်တိုက်တဲ့သူပဲ သွားအခုထွက်သွား လူယုတ်မာကောင် သွား"
ထိုအချိန်ပိုင့်မိဘတွေနဲ့ နန်းဖေဖေမေမေတို့က ဆင်းလာပြီး ပိုင့်သူငယ်ချင်းတွေကပါ။ ပိုင့်ကို ဝိုင်းဆွဲကြသည်။ ထိုအခါနန်းဖေဖေက"မောင်ခွန်းဦမာန်ရယ် အန်ကယ်တောင်းပန်ပါတယ် ကွယ် ပိုင်လေးက စိတ်အရမ်းဆက်နေလို့ပါ မောင်မာန် ပြန်လိုက်ပါနော်""ဒါဆိုခွင့်ပြုပါအုံး အန်ကယ် သွားလိုက်ပါအုံးမယ်""အေးကွယ်"
ပိုင့်တယောက်တော့ စိတ်မထိန်းနိုင်တော့သဖြင့် နံရံများကိုစိတ်ကြိုက်ထိုး၍ဒေါသာများကိုဖြေလျော့နေသည်။မာန်တယောက် အိမ်ပြင်‌ယောက်တော့ "ဘယ်လောက်မှမလိုတော့ဘူး ငယ် ငယ် စိတ်ငြိမ်သွားတဲ့အချိန်ကိုယ်က အပိုင်းသိမ်းတော့မှာ မို့
မင်း အခုတော့ လွှတ်လွှတ်လပ်လပ်နေအုံးငယ်"

ငယ်Where stories live. Discover now