Part(2) ( Unicode)

2.8K 119 0
                                    

နောက်နေ့မနက် ပိုင်ဆေးရုံရောက်တော့ သူနာပြုမလေးတယောက်က
"ဒေါက်တာရှင့် ဒေါက်တာကို လူတယောက်က တွေ့ချင်လို့တဲ့ရှင့် စောင့်နေပါတယ်"
"အော် ဟုတ်လားဆရာမ ဘယ်သူလဲဗျ"
"ဟိုနေ့က လူနာပါရှင့်"
"အော် ဟုတ်ကဲ့ခင်ဗျ ကျနော် လာခဲ့ပါမယ်လို့ပြောလိုက်ပါ"
"ဟုတ်ကဲ့ရှင့်"
သူနာပြုထွက်သွားတော့ ပိုင်က နန်းဆီဖုန်းဆက်ပြီး "နန်းရေ ကိုတို့ နေ့လည်စာတူတူစားမယ်နော် ကိုလာခေါ်မယ်"
"အွန်းပါကို ဒါပဲမလား ဖုန်းချလိုက်တော့နော် နန်းလူနာတွေများနေလို့"
"အွန်း ချစ်တယ်နော် "
"နန်းရောပဲ" နန်ူနဲ့ဖုန်းပြောပြီး မနေ့ကလူနာရှိရာ‌ကိုထွက်လာခဲ့တယ်။
"လူနာဗျ အဆင်မပြေ‌လို့လား ချုပ်ရိုးပြည်သွားတာနဲ့တူတယ် လှုပ်ရှားလိုက်သေးလို့လား"
" အော်မဟုတ်ဘူး ကိုယ် က မင်းနဲ့စကားပြောချင်လို့ အားလားမသိဘူး"
"အခုတော့မအားသေးဘူးဗျ 11 နာရီလောက်ကျရင် အားပြီ"
"အော် ကိုယ် စောင့်နေမယ်လေ"
"ဟုတ်ကဲ့ဗျ အဲ့ချိန်မှ ဆုံကြမယ် ကျနော့်ကို ခွင့်ပြုပါအုံး"
"အွန်း" သူနဲ့စကားပြောပြီးပိုင်တယောက် သူ့ကြည့်ရမယ့်လူနာတွေဆီ သွားတော့သည်။
Time skip.....
"နန်း သွားမယ်လေ ကို မိတ်‌ဆွေတယောက်နဲ့ ချိန်းထားတာရှိတယ်"
"နန်း မလိုက်တော့ဘူး ကို ပြီးမှပဲစားတော့မယ်"
"ဘာဖြစ်လို့လဲ နန်း"
" အလုပ်မပြီးသေးလို့ပါ ကိုရယ် သွားတော့ နန်းနောက်မှစားလိုက်မယ်"
"အွန်းပါသွားတော့မယ် "နန်းက မလိုက်တော့ဘူး‌ဆိုတာကြောင့် ပိုင် ခွန်းဦးမာန်နဲ့ ချိန်းထားတဲ့ဆိုင်သို့ တန်းသွားလိုက်တော့သည်။ဆိုင်ထဲရောက်တော့ ၀န်းထမ်းကောင်လေးက "အကိုက ပိုင်မင်းဆက်လားမသိဘူးဗျ"
"အော် ဟုတ်တယ်ဗျ "
"အဲ့တာ‌ဆို ကျနော့်နောက်လိုက်ခဲ့ပေးပါ"ဆိုပြီူ ၀န်ထမ်းကောင်လေးနောက်က လိုက်လာခဲ့တယ်။ အခန်းတစ်ခုရောက်တော့ အခန်းထဲမှာ ဟိုနေ့က လူနာကိုတွေ့တော့ "လူနာဗျ အပြင်မှာစားလည်းအဆင်ပြေပါတယ် "
"ကိုယ့် ကို လူနာလို့မခေါ်ပါနဲ့ ကိုယ့်နာမည်က ခွန်းဦးမာန်ပါ"
"အော် ဟုတ်ကဲ့ ကိုခွန်းဦးမာန်ဗျ"
"ဘာကြိုက်တတ်လဲမသိပေမယ့် ကိုယ် မှာထားတာအဆင်ပြေရဲ့လား"
"ပြေပါတယ်ဗျ"
"ကိုယ် မင်းကို ချစ်တယ်"
"ဗျာ"
"အွန်း ကိုယ် မင်းကိုချစ်တယ်"
"ကျနော်က gay မဟုတ်ဘူးဗျ"
"ကျနော့်မှာ ကောင်မလေးရှိတယ်"
"သိတယ် အဲ့တာ‌ကြောင့် ကောင်မလေးကို ဖြတ်လိုက်"
"ကျနော် စားလို့၀ပြီဗျ ပြီးတော့ ကျနော် ခင်ဗျားကို မကြိုက်သလို ခဗျားပြော‌သလို လည်းမလုပ်နိုင်ဘူး ပြီးတော့ ကျနော့်ကောင်မလေးနဲ့က ယူတော့မှာဗျ ပွဲတက်ဖို့ ဖိတ်စာပို့ပေးလိုက်ပါ့မယ် ခွင့်ပြုပါအုံး"ဆိုကာ စိတ်ဆိုးပြီး ထွက်သွားသောကောင်လေးအား ခွန်းဦးမာန်တယောက်စိတ်ထဲက ပြောလိုက်သောစကားက "အခုတော့ ပြောထားငယ် မင်းချစ်တဲ့သူ့ကို မင်းရှေ့မှာသတ်ပြမှာမို့" ပိုင်တယောက် ဆိုင်မှ ဒေါသတကြီး ထွက်လာပြီး စိတ်ထဲမှာ တော့ "ဒီလူကကြောက်ဆရာကြီး "ပဲလိူ့တွေးပြီး နန်းရှိရာကိုသွားလိုက်တော့သည်။ နန်းဆီရောက်တော့ နန်းက"ကို ထမင်းစားပြီးပြီလား မြန်လိုက်တာ"
"အွန်း ကို ဗိုက်သိပ်မစာလို့ နန်း"
"နန်း ကို တို့ ယူရအောင်လေ ကြာနေပြီမလား မေမေကလည်းပြောနေပြီ"
"အွန်း ပါ ကိုရယ် ကို့ သဘောနော်"
"တကယ်နော် နန်း "
"အွန်း"
ပိုင်တယောက်အပျော်ကြီးပျော်ပြီး အိမ်ပြန်လာတော့ပိုင့်မေမေက
"ဟဲ့သား ဘယ်လိုဖြစ်နေတာလဲ ဘာပျော်စရာရှိလို့လဲ"
"သား မိန်းမရတော့မယ်မေမေ "
"ဟေ"
"ဟုတ်‌တယ်မေမေ သားတို့ယူတော့မှာ"
"ဒီအပတ်သားတို့နားရက်ရောက်ရင် စေ့စပ်ပွဲလုပ်မလို့"
"မေမေတို့ ချွေးမ ရတော့မှာပေါ့"
ဟုတ်တယ်မေမေရေ ဖေဖေ့ကိုပြောလိုက်အုံး"
"ဟုတ်ပါပြီ သွားရေသွားချိူတော့ ဒီအပတ်သားတို့ နားရက်ရောက်ရင် လိုက်တောင်းပေးမယ်"
"ဟုတ်မေမေ ချစ်တယ်နော် မွ"
"ဒီကလေးကတော့ လိုချင်တာရတော့ တစ်မျိုး"
"ဟဲ ဟဲ"
စေ့စပ်ပွဲနေ့.....
နန်းမေမေက "လာပြီလား ပိုင်လေး လာ၀င်အမရယ် ညမက အမကို မျှော်နေတာ" ပိုင့်မေမေကလည်း
"ဟုတ်လား ညမရေ အိမ်က ကို‌ယ်တော်ချော်က အမေ ပြင်ဆင်နေတာကို အမြန်လုပ်ခိုင်းပြီး ဖင်တကြွကြွဖြစ်နေလေရဲ့" "ဟာ မေမေကလည်း "
"မဟုတ်ဘူးလား"
"ဟုတ်တယ် ဟဲဟဲ"
"အဲ့တာပဲကြည့် ညမ‌ရေ ဘယ်ချိန်ထဲကလိုချင်နေတာလဲမသိဘူး"
"သားပိုင်လေး အပေါ်မှာ သမီးရှိတယ် တက်သွားလိုက်လေ အန်တီတို့စကားပြောအုံးမယ်"
"ဟုတ်အန်တီ သားသွားအုံးမယ်ဗျ"
" လာအမ သွားထိုင်ကြမယ်"
"အေးအေး ညီမလေး"
ပိုင် အပေါ်တက်ပြီး နန်းအခန်းရှေ့ရောက်တော့"နန်း ကို ဝင်ခဲ့မယ်နော်"
"အွန်း ကို ဝင်ခဲ့"
ပိုင်ဝင်သွားချိန်မှာပဲ မင်သက်သွားပြီး
"ကို ရယ်ဘာလို့အဲ့လောက်ကြည့်နေတာလဲ"
"ကို့ ဇနီးလောင်းလေးက လှလို့လေ"
"ဟာ ကို ကတော့ "
ထိုအချိန်မှာပဲ နန်းမေမေက
"သားနဲ့သမီးရေ ဆင်းခဲ့တော့ လေ"
"ဟုတ်မေမေ" "ဟုတ်အန်တီ"
စေ့စပ်ပွဲ ပြီးတော့ မင်္ဂလာရပ် သတ်မှတ်ပြီး ပိုင်တို့အိမ်ပြန်လာခဲ့ကြတယ် မင်္ဂလာရပ်ကို နောက်အပတ် Sunday ကိုသတ်မှတ်ခဲ့ကြတယ်။
ပိုင် အခန်းထဲရောက်တော့ ခဏနား ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာချိန်မှာ ဖုန်းသံကမြည်လာတော့ ဖုန်းနံပါတ်အစိမ်းမို့လို့ ကိုင်ကြည့်လိုက်တော့ ဟိုနေကလူ ဖုန်းကိုင်လိုက်တာနဲ့ သူ့အသံကြားလိုက်ရတယ်
"ကိုယ် ပါ ခွန်းဦးမာန်"
"ပြောပါဘာကိစ္စလဲ"
"အော် ဟိုနေက ကိုယ်ပြောခဲ့တယ်လေ အဲ့တာပြောဖို့"
"စိတ်မကောင်းပါဘူးဗျ ဒီနေ့ပဲ ကျနော့်ကောင်မလေးနဲ့ စေ့စပ်ပြီးသွားပြီဗျ"
"မနက်ဖြန်နေ့လည် ဟိုနေ့က ဆိုင်ကို လာခဲ့ပါနဲ့ ဖိတ်စာကမ်းချင်လို့ ပြောစရာမရှိရင် ဖုန်းချလိုက်မယ်ဗျ မအားလို့"
ဖုန်းချသွားပြီး ခွန်းဦးမာန်တယောက်စိတ်ထဲက ပြောလိုက်တဲ့စကားကို ပိုင်မကြားခဲ့။ ပြောတဲ့စကားက "မင်းသိပ်လည်တယ် ငယ် မင်းဘယ်လောက်လည်လည် ကိုယ် က မင်းက်ုရအောင်ယူမှာမို့ စောင့်နေပါငယ်"

ငယ်Where stories live. Discover now