part(5) (Unicode)

2K 86 0
                                    

3months later....
ဒီနေ့ဆို နန်းဆုံးတာ သုံးလရှိပြီ။ပိုင်တယောက်အခုထိမေ့မရသေးဘူး။ပိုင်တယောက် သူ့နားရက်ရောက်တိုင်း နန်းအုတ်ဂူလေး‌နားမှာ သွားထိုင်ပြီး အမှိုက်လေးတွေရှင်းပေးရင်း စကားတွေအကြာကြီးပြောနေခဲ့သည်လေ။ပိုင်နန်းဆုံးပြီးတဲ့က ထမင်းကောင်းကောင်းမစားသလို အိပ်လည်းမအိပ်။ပြီးတော့ ပိုလို့တောင် အနေအေးသွားခဲ့တယ်။ဘယ်သူနဲ့မှလည်း လိုတာထက် ပိုမပြောသလို ဘယ်သူနဲ့မှလည်း အရင်းအနှ‌ီးနေတယ်လို့မရှိတော့ဘူး။မေမေတို့ကိုတောင် တစ်ခွန်းမေးမှတစ်ခွန်းဖြေတာ။မေမေတို့ကလည်းသူ့ကိုအပြည့်အ၀နားလည်ပေးခဲ့တယ်လေ။
ဒါပေမယ့် စိတ်ကိုအလိုမလိုက်နဲ့လို့တော့ အမြဲသတိပေးတယ်။ပိုင်တယောက်အတွေးနေတုန်း သူနာပြုမလေးက "ဆရာရှင့် မပြန်သေးဘူးလားဟင်""ဗျာ"
"ဆေးရုံးက ဆရာ၀န်‌တွေ‌အကုန်ပြန်သွားပြီ ဆရာက မဆင်းသေးပဲ ထိုင်နေလို့ မေးကြည့်တာပါ"
"အာ ဟုတ်ကဲ့ သတိပေးလို့ကျေးဇူးပါဗျ"
"ဟုတ်ကဲ့ဆရာ ကျွန်မကိုသွားခွင့်ပြပါအုံး"
"ပိုင်တယောက် အိမ်ပြန်လမ်းတွင် မျက်ခုံးတွေ အရမ်းလှုပ်နေလို့ အိမ်မှာဘာဖြစ်လဲဆိုပြီးအမြန်ပြန်တော့ အိမ်ရောက်တော့ထင်တဲ့အတိုင်းပဲ ဖေဖေနဲ့မေမေက ဧည့်ခန်ူထဲ၌ထိုင်၍မျက်နှာမကောင်းကြ။ပိုင်တယောက် အိမ်ထဲ၀င်တေယ့ မေမေက "သားလေးပြန်လာပြီလား"
"ဟုတ်မေမေ ဒါနဲ့မေမေတို့မျက်နှာမကောင်းကြဘူးဘာဖြစ်တာလဲဟင်"
"သားဖေဖေကုမ္မဏီအခြေအနေမကောင်းဘူး သားလေး "
"ဗျာ ဟုတ်လား ဖေဖေ"
"သားရယ် စိတ်ထဲမထားနဲ့ရေသွားချိုးတော့သား မေကြီးကလဲ သားလေးကို နောက်ထပ် စိတ်မကောင်းဖြစ်အောင်မပြောပါနဲ့ဆိုတာကိုကွာ"
"သွားသားလေး သားဖေဖေပြောသလို စိတ်ထဲမထားနဲ့နော် ပြီးရင်မေမေ ထမင်းပြင်ပေးမယ်"
"ဟုတ်မေမေ"ဆိုပြီး ပိုင်လည်း အပေါ်သို့တက်လာခဲ့သည်။ သူအခန်းထဲရောက်တော့ အိပ်ယာပေါ်ခဏလဲပြီး ဖေဖေတို့ကို သူဘယ်လိုကူညီရမလဲစဉ်းစားနေသည်။သို့သော် သူကူညီနိုင်တာ ဘာမှမရှိ သူ့ဆရာ၀န်လစာ တစ်ပဲခြောက်ပြားနဲ့ မေမေတို့ကိုတောင် လစာတ၀က်ပဲပေးနိုင်ခဲ့သည်လေ။သူလည်း စိတ်ညစ်ညစ်နဲ့ရေချိုးချင်တာကြောင့် ရေချိုးခန်းထဲ၀င်သွားသည်။သူပြန်ထွက်လာတော့ ဖုန်းလာတာကြောင့်သွားကိုင်လိုက်တော့ ဟင် ဟိုလူပဲ ထိုလူ သူ့ကိုအဆက်အသွယ်မလုပ်သည်မှာ နန်းရက်လည်ပြီးထဲကပင်ဖြစ်သည်။သူလည်းမကိုင်ချင်တာနဲ့ ဖုန်းကိုချပြီး ရေသုတ်နေလေသည်။နောက်တစ်ခါလည်း ထိုလူပင်။ သူထပ်ခါထပ်ခါချသောလည်း ခဏခဏခေါ်သောကြောင့် ဖုန်းအားဆွဲယူကာ ကောက်ကိုက်လိုက်သည်။ထိုအခါ ဟိုဘက်ကလူက "ပိုင်ဖုန်းမချနဲ့နော်"
"ပိုင့်ကို အရေးတကြီးပြောစရာရှိတယ်ပြီးတော့ကိုယ်တို့ ညှိနှိုင်းရမှာလဲရှိတယ်"
"ခင်ဗျားဘာလိုချင်တာလဲ ဘာမှ ညှိနှိုင်းစရာအကြောင်းမရှိဘူး ပြီးတော့ ဖုန်းထပ်မဆက်ပါနဲ့တော့ ခင်ဗျားနဲ့ ဖုန်းပြောဖို့အချိန် ကျနော့်မှာမရှိဘူး"လို့ပြောပြီးပိုင် ဖုန်းချဖို့လုပ်နေချိန် ထိုလူပြောလိုက်တဲ့စကားတစ်ခွန်းက ပိုင့်လက်တို့ရပ်တန့်စေ၏။

ငယ်Where stories live. Discover now