Part(9)(Unicode). (Final)

2.8K 90 5
                                    

Weeding day.......
ဒီနေ့ပိုင်တို့မင်္ဂလာပွဲ ဖေဖေလည်း မလာသလို နန်းမိဘတွေလည်းမလာဘူး။မေမေကတော့ ကျနော်စိတ်မဆင်းရဲအောင်"မင်းဖေဖေက ရှယ်ယာရှင်တွေနဲ့သွားတွေ့တယ်တဲ့"ပိုင်သိတာပေါ့ ဖေဖေလုပ်ငန်းတွေအကုန်လုံးက ဦးခွန်းမာန်ဦး လက်အောက်မှာဆိုတာ။သူဖေဖေ့ကိုနားလည်ပါတယ်။တစ်ဦးတည်းသောသားက မိန်းကလေးနဲ့လက်ထပ်ပြီးမကြာဘူး အဲ့မိန်းကလေးက ဆုံးသွားတယ်။ပြီးတော့ သူ့လုပ်ငန်းတွေမှာရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်တဲ့ဦးခွန်းဦးမာန်နဲ့ယူတယ်။ဖေဖေ့ကို သူ့ရဲ့မိတ်ဆွေတွေဘယ်လိုပြောမလည်းဆိုတာပိုင်တယောက်နားလည်ပါတယ်။ဒါပေမယ့် သူမင်္ဂလာပွဲမှာဖေဖေမရှိဘူးဆိုတော့ ပိုင်စိတ်မကောင်းပဲမနေနိုင်။ဖေဖေက သူငယ်ငယ်လေးတည်းက လေးစားအားကျခဲ့ရတဲ့သူလေ။သူ့ရဲ့ပွဲကိုမလားဘူးဆိုတော့ဘယ်လိုစိတ်မကောင်းမဖြစ်ပဲနေနိုင်ပါ့မလဲ။ဒါကိုမေမေကသိတော့ အမျိုးမျိုးနှစ်သိမ့်ပေးရှာသလို။ ဟိုလူကလည်းသူ့ကိုစကားလမ်းကြောင်းအမျိုးမျိုးလွှဲပြီးပြောပြပါတယ်။ထိုအချိန်အရှေ့က ဘိတ်သိပ်ဆရာက ဩဘာပေးနေပြီး သူတို့နှစ်ယောက်အားခေါ်နေလေသည်။ပိုင်စီစဉ်လာပြီးသားပါသူ့ရဲ့အနောက်တိုင်း၀တ်စုံမှာ တစ်ချက်ထိုးရုံမျှသေစေနိုင်တဲ့ အဆိပ်ကိုသူ့ဓားအသေးလေးတစ်ခုကို သူ့အတွင်းအိတ်ထဲမှာထည့်ထားပြီးသား။ကိုယ်မချစ်မနှ်သက်တဲ့သူကို ဘယ်သူက ယူချင်မှာလည်း။မိဘတွေကပေးစားတာဆိုမေမေတို့မျက်နှာကိုကြည့်ပြီးတော့ပဲဖြစ်ဖြစ်သူယူမှာပေါ့။ပြီးတော့သူယူမဲ့သူက မိန်းကလေးမဟုတ်ဘူး။ယောကျာ်းလေး သေသွားတဲ့သူ့ဇနီးလောင်းကိုသူဘယ်လိုမျက်နှာပြမလဲ။အဲ့လူက သူချစ်လို့ဆိုတမျိုး။အခုကသူယုတ်မာပြီးတော့ ကိုယ့်ကိုမရ ရအောင်ယူထားတာ။သူနဲ့ယူပြီးတသက်လုံးစိတ်ဆင်းရဲနေမယ့်အစားကိုယ့်ကိုကိုပဲ အဆုံးစီရင်လိုက်တော့မှပေါ့။အရင်တုန်းက ဖေဖေတို့ကိုသနားပြီးအသက်ဆက်ရှင်မယ်လို့တွေးထားခဲ့တာ အခုတော့ သူစိတ်ဆင်းရဲတာကိုသူ့မိဘတွေကဘယ်လိုစိတ်ချမ်းသားပြီးကြည့်နေနိုင်မှာလဲ။ပိုင်တယောက်အတွေးကောင်‌းနေတုန်းဟိုလူလက်လာကိုင်မှသူသတိရတော့တယ်။အရှေ့က ဘိတ်သိတ်ဆရာက သူ့အား"မောင်ပိုင်မင်းဆက်ကရော ဒီက မောင်ခွန်းဦမာန်ကိုတသက်လုံး သစ္စာရှိရှိပေါင်းသင်းဆက်ဆံမည်လား"
"ဟက် ခဗျားကတော်တော်ရည်ရတာပဲ ဦးခွန်းဦးမာန် ခင်ဗျားကို ကျနော်က မချစ်မနှစ်သက်ပဲနဲ့ ယူမယ်ထင်နေလား အရာအားလုံးကို ချုပ်ကိုင်နိုင်တဲ့သူက ဒီလောက် အ ရလား "
"ပိုင်မင်းရူးနေလား ငါတို့သဘောတူထားတာကိုမင်းမေ့ပစ်လို့မရဘူး မင်းငါ့ကိုအခုပဲယူရတော့မှာ"
"ကျနော် သဘောတူခဲ့တာ ကျနော့် ဖေဖေ့လုပ်ငန်းအကုန်လုံးကို ခင်ဗျားမတရား လုပ်ကြံပြီး စီးပွားရေးပျက်အောင်လုပ်ခဲ့တ‌ာလေ ပြီးတော့ ကျနော့်ကို ချိန်းခြောက်ခဲ့တာမလား ကျနော် က ဖေဖေတို့ကို ပြန်အဆင်ပြေအောင်လုပ်ပေးခဲ့တာ ဟက် ခင်ဗျားကို ယူမယ့်အစား ကျနော် ကိုယ့်ဘာသာ သတ်သေလိုက်မှာပေါ့ "
"သားပိုင်လေး မင်းရှောက်မလုပ်စမ်းနဲ့မေမေ တို့က မင်းမရှိတော့ရင် ဘယ်သူ့ကိုချစ်ရမှာတုန်း"
"သားတောင်းပန်ပါတယ် မေမေ အရာအားလုံးအတွက် ပြီးတော့ ဒီအရွယ်ထိသားကိုဂရုတစိုက်နဲ့ချစ်ပေးပြီး ပျိုးထောင်ခဲ့ပေးလလို့ မေမေ့ကိုရော ဖေဖေ့ကိုရော အရမ်းကျေးဇူးတင်ပါတယ် ပြီးတော့အရမ်းလည်းချစ်ပါတယ်"
"ဒီမှာ ဦးခွန်းဦးမာန် အခြားလူတယောက်ပိုင်ဆိုင်ထားတဲ့ အရာကို လုယူထားတာက ဘယ်တော့မှ မအေးချမ်း‌ရကြောင်း မခိုင်မြဲကြောင်း ခင်ဗျားကိုအခုလက်တွေ့ပြမယ် ခင်ဗျားကို ဘယ်ဘ၀ရောက်ရောက် ကျနော်‌မုန်းတယ် "
လို့ဆိုကာ ပိုင်တယောက် သူ့အိတ်ထဲမှာထည့်ထားတဲ့ဓားလေးကိုလည်ပင်းတဆုံးထိုးထည့်လိုက်သည်။မာန်တယောက် ဘာမှကို မလိုက်နိုင်လိုက် ကြောင်အကာ ပိုင်တယောက် လှဲ ကျသွားတော့မှ အပြေးအလွှားပိုင့်အား "ငယ်မင်းမသေရဘူးနော် မင်းကိုယ့်ဘ၀ထဲက ထွက်သွားလို့်မရဘူး အခုချက်ချင်း မျက်လုံးဖွင့်ကြည့်စမ်းပါကွာ ကိုယ်ရူးတော့မယ်"ထိုအခါမာန့်အားဆွဲလှည့်ပြီး ပါးရိုက်လိုက်သူက ပိုင့်‌ေ‌မမေ။
"မင်းကြောင့်ငါ့သားသေရတာ မင်းကိုငါလုံး၀ခွင့်မလွှတ်ဘူး ခွန်းဦးမာန်"မာန်တယောက်ဘာမှပြန်မပြောနိုင် အရှေ့က အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုသာ ကြည့်နေလေ၏။.....
1years later...
မာန်တယောက် ညောင်ပင်းကြီးအောက်တွင်ရှိသော အုတ်ဂူနှစ်လုံးရှေ့၌ရပ်နေလေသည်။ထိုအုတ်ဂူတွေရဲ့ပိုင်ရှင်ကတော့ သူအရမ်းချစ်တဲ့ ကောင်လေးနဲ့ သူ့အရမ်းချစ်ရတဲ့ ကောင်းလေးရဲ့ အချစ်ဆုံး မိန်းကလေးရဲ့ အုတ်ဂူ‌တွေဖြစ်တယ်။ပိုင်ဆုံးသွားတာ တစ်နှစ်ပဲကြာနေပြီ။မာန်တယောက်တနေ့မှမမေ့နိုင်သေး ပိုင်သေပြီးတော့ သူ့ရဲ့နောင်တအရဆုံးအလုပ် ကိုယ့်ခံစားချက်ကို ရှေ့တန်းမတင်ပဲ တပါးသူရဲ့ ခံစားချက်ကိုပါကြည့်ပေးရမယ်ဆိုတာပဲ။အခုသူ အရမ်းတကိုယ်ကောင်းဆန်ခဲ့လို့ သူအချစ်ဆုံးလူသားက သေသွားသလို သူရဲ့အရူးတပိုင်းလိုနောင်တအရဆုံးလူသားအဖြစ်ကျန်ရစ်ခဲ့သည်လေ။အခု လူတိုင်းလည်း ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကိုယ်ပဲ မကြည့်ဘဲ သူတစ်ပါးရဲ့ ခံစားချက်ကိုလည်း ထည့်တွေးပေးနိုင်တယ် လို့ ကျနော်ထင်တယ်။ဘာလို့လဲဆိုတော့ ဒီ ဥပမာကြီးကို ကျနော် ကိုယ်တိုင်ခံစားခဲ့ရ‌တာမလို့ တခြားလူတွေကိုယ်လည်း ကျနော့်လိုမဖြစ်စေချင်လို့ ကျနော် သတိပေးလိုက်ပါတယ်။

In The End......



(A/N တကိုယ်ကောင်းဆန်တဲ့ စိတ်နဲ့ကိယ်ချစ်တဲ့လူသားတွေကို မဆက်ဆံပါနဲ့ မကြာဘူး အဲ့လူသားတွေက ကိုယ့်အနားက ထွက်သွားတတ်ပါတယ်။)

ငယ်Where stories live. Discover now