part. 6

29K 1.8K 23
                                    

" ရီပေါ် ခဏ!! စိတ်ကိုလျော့ထား အရမ်းဒေါ်သမထွက်နဲ့ ''

" ကျစ်! ဒီလောက်အထိအဲ့ဒီခွေးကောင်က အတင်ရဲ​နေတာကို ကျွန်တော်ရဲ့စိတ်ကိုလျော့ရအုံးမှာလား ။ ကိုကို့ကိုအဲ့တာတွေကြောင့် ဘယ်မှမလွှတ်ချင်တာ ။ ကြာကူလီကောင်တွေက နည်းနည်းလေးမှစောက်ရှက်ကိုမရှိကြဘူး ။ အဲ့ဒီလိုဟာတွေက ​မွေးကိုမမွေးလာသင့်တာ ။ ''

" ရီပေါ် ဖြည်းဖြည်း ကိုကိုလက်နာနေပြီ ''

" မင်းကိုဘယ်လိုလုပ်မှ မင်းကငါ့စကားကိုနားထောင်ပေးမှာလဲ ။ အခုတွေ့လား ငါ့စကားနားမထောင်တော့ ဘာတွေဖြစ်လာလဲဆိုတာ ။ ငါသာ မင်းနဲ့အတူလိုက်မလာခဲ့ရင် အဲ့ဒီကောင်က မင်းကိုဆေးခတ်ပြီးတက်လုပ်ပြီးနေလောက်ပြီ ။ အား!! ဒေါ်သထွက်လွန်းလို့ ရူးတော့မှာပဲ ။ ''

" စိတ်မဆိုးပါနဲ့ နောက်တစ်ခါ ကိုကို မင်းပြောတာကိုလက်ခံပါမယ် အဲ့တာကြောင့်ဒေါ်သမထွက်ပါနဲ့တော့ ''

" ကျစ်!! ငါအခုဒေါ်သထွက်နေတာ မင်း ငါ့စကားကိုနားမထောင်လိုမဟုတ်ဘူး ။ အဲဒီခွေးကောင်ကြောင့် အဲ့ဒီခွေးကောင်က တမင်သက်သက်ငါ့ကိုမထီမဲ့မြင်လုပ်ပြီး ရန်စနေလို့ ''

"........''

" ယွဲ့မျိုးရိုးကဟာတွေက တစ်ယောက်မှကိုသောက်ကောင်းကျိုးမပေးကြဘူး ။ တစ်ခုမဟုတ်တစ်ခု ငါ့ကိုဒေါ်သမထွက်ထွက်အောင်ပြီး ကိုယ့်ကိုသေကြောင်းကြံနေတဲ့ဟာတွေ ။ အကုန်လုံးကိုသတ်ပစ်မယ် ''

" ရီပေါ်!! မဟုတ်တာတွေမလုပ်ရဘူး "

" အဲ့ဒီဟာတွေက ဒီတိုင်းလွှတ်ပေးထားလို့ရတဲ့ဟာတွေမဟုတ်ဘူး ။ ကိုကိုသာဒီလိုမျိုးဆက်ပြီးတုံးအပြနေမယ်ဆိုရင် ကျွန်တော်လူသတ်မားပဲလုပ်တော့မယ် ''

".......''

ရှောင်ကျန့် သူ့အတွက်နဲ့လူသတ်ဖို့လုပ်နေတဲ့ရီပေါ်ကြောင့် အရမ်းထိတ်လန့်သွားတယ် ။ ဘယ်လိုလုပ်ပြီး ဘယ်လိုလုပ်ပြီးတော့များ ရီပေါ်က ဒီလိုကြောက်စရာကောင်းတဲ့စကားကို ထမင်းစားရေသောက်သလိုမျိုး လွယ်လွယ်နဲ့ပြောနိုင်ရတာလဲ?? ပြီးတော့သူကြောင့်တဲ့ သူ့ကြောင့် ရီပေါ်က လူသတ်သမားလုပ်မလိုတဲ့ ။

My Possessive Husband [ Completed ] Nơi câu chuyện tồn tại. Hãy khám phá bây giờ