part. 15

21.3K 1.6K 42
                                    

" ဘာပြောလိုက်တယ်!! "

".........''

" ကိုကို ငါ မေးနေတယ်လေ ''

ဝမ်ရီပေါ်က ကိုကိုပြောတဲ့စကားတွေကိုနားထောင်ပြီးနောက် အသားတွေတစက်စက်တုန်တဲ့အထိ ဒေါ်သထွက်လာတယ် ။ ကလေးလိုချင်လို့ သားအိမ်သွားထည့်ထားတယ်တဲ့လား!! ။ သူ ဒီလောက်အထိ ကလေးမလိုချင်ဘူးလို့ပြောထားတောင်မှ ကိုကိုက သူမသိအောင်ခိုးပြီးသွားလုပ်လိုက်သေးတယ် ။ စိတ်ထဲရှိတဲ့အတိုင်းသာဆိုရင် ကိုကို့ကိုပုခုံးကနေစောင့်ဆွဲပြီး အော်ဟစ်လိုက်ပြီးပြီ ။ ဒါပေမဲ့အခုအချိန်က ကိုကိုက နည်းနည်းလေးတောင် စိတ်အထိခိုက်ခံလို့မဖြစ်တာမို့ ကိုယ့်စိတ်ကိုမနည်းထိန်းချုပ်နေရတယ် ။

" ကိုကိုက ကလေးအရမ်းလိုချင်နေတာလား ''

"..........''

" တကယ်လို့ ကိုကိုလိုချင်ရင် ကျွန်တော်ကလုပ်ပေးမှာပေါ့ ။ ဘာလို့အခုလို ကျွန်တော့်ကိုဖုံးကွယ်ထားရတာလဲ ။ ဒီကိစ္စကဘယ်လောက်အထိ အန္တာရာယ်များလဲဆိုတာ မသိတာလား ။ ကိုကို့ကို လုပ်ပေးတဲ့ဆရာဝန်က ကိုကို့ကို မရှင်းပြဘူးလား ''

" သူ... သူက ကိုကိုပြောပြပါတယ် ။ ''

" ဒါဆိုဘာလို့လဲ!! ဘာလို့အခုလိုလုပ်ရတာလဲ ။ ကိုကိုသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်က အဲ့ဒီကလေးကို ချစ်မယ်လို့များထင်နေတာလား ။ မဟုတ်ဘူးနော်!! ကျွန်တော်က သူ့ကိုစွန့်ပစ်မှာ ။ ကိုကို့ကို ဒုက္ခပေးတဲ့လူက ကျွန်တော်တို့ရဲ့သွေးသားဖြစ်နေရင်တောင်မှ ကျွန်တော်က ငဲ့ညှာမှာမဟုတ်ဘူး ''

" ရီ... ရီပေါ် ! "

" ကျွန်တော်က အတ္တကြီးတယ် ။ ကျွန်တော်ပြောဖူးသားပဲ ကလေးမလိုချင်ဘူးလို့ ။ ဒါက ကိုကို့အတွက်ပဲ ။ ကိုကို တစ်ခုခုဖြစ်မှာကိုကြောက်လို့ ''

" ကိုကိုဘာမှမဖြစ်ဘူးဆိုရင်ရော ကိုကိုဘာမှမဖြစ်ရင် လက်ခံပေးမှာလား ။ ကိုကို ကလေးလိုချင်တယ် မွေးစားတာမျိုးမဟုတ်ဘူး ။ ကိုကိုနဲ့ရီပေါ်ရဲ့ကလေးကိုပဲ ကိုကိုကလိုချင်တာ ။ ''

ဝမ်ရီပေါ်က သူ့ကို ယုံကြည်မှု့အပြည့်နဲ့ကြည့်လာတဲ့ ကိုကိုရဲ့မျက်ဝန်းတွေကိုမြင်တော့ သူဆက်ပြောဖို့ပြင်နေတဲ့စကားလုံးတွေကို ပြန်မျိုချလိုက်တယ် ။ ကိုကိုက ဒီလောက်အထိတောင်စိတ်အားထက်သန်နေတာလား ! ။ ဒါပေမဲ့ ကိုကို့ကိုဆုံးရှုံးသွားရင်ရော ။ သူ ဒီကိစ္စကိုလက်ခံပေးလိုက်လို့ ကိုကို့ကိုဆုံးရှုံးသွားရင် သူတကယ်နောင်တရနေရမှာ ။ ကလေးကိုလည်း မချစ်ပေးနိုင်တဲ့အပြင် ရန်သူလိုပါဆက်ဆံမိလိမ့်မယ် ။

My Possessive Husband [ Completed ] Donde viven las historias. Descúbrelo ahora