part. 1

101K 2.6K 83
                                    

[ A/N~~ Fall In Love With My Step-brother ရဲ season(2)ဆိုလည်းမမှားပါဘူး ။ ]

လက်ထပ်ပြီးတစ်နှစ်ကြာသွားတဲ့နောက်မှာတော့ ရီပေါ်ရဲ့သိပ်ကိုချစ်မြတ်နိုးရတဲ့ကိုကိုက အိမ်မှာပဲကလေးလေးလုပ်ကာ နေ့ရက်တိုင်းကိုအပူအပင်မရှိပျော်ရွှင်စွာဖြတ်သန်းနေတယ် ။ သူရဲ့ဘာအလုပ်မှမလုပ်ရဘူး ကျွန်တော်ရှာပေးတဲ့ငွေတွေပဲ ထိုင်ဖြုန်းနေဆိုတဲ့စကားကို ကိုကိုကလိမ်လိမ်မာမာနဲ့နာခံတယ် ။ သဘောမကျတဲ့လက္ခာတွေနည်းနည်းလေးမှမပြ ။

ဝမ်ရီပေါ်ဆိုတဲ့သူက သိပ်ကိုအတ္တကြီးတဲ့လူတစ်ယောက် ။ ကိုကိုနဲ့ပတ်သတ်လာရင် သူ့အတ္တတွေ၊ပိုင်ဆိုင်လိုမှု့တွေက ပင်လယ်လိုပဲ ။ တရားဝင်ပိုင်ဆိုင်ထားတာတောင်မှ စိတ်မချနိုင်ပေ ။ မယုံကြည့်လို့လားဆိုရင်တော့ ရီပေါ်မှာအဖြေတစ်ခုပဲရှိတယ် ။ ယုံကြည်တာပေါ့ ကိုကိုက ဒီကမ္ဘာပေါ်မှာ သူအယုံကြည်ရဆုံးလူသားလေ ။

သူမယုံကြည်တာက လှည့်စားတက်လွန်းတဲ့ကံကြမ္မာကိုပဲ ။ ဒါကြောင့်ရီပေါ်က ကြိုတင်ကာကွယ်တဲ့သဘောအနေနဲ့ ကိုကိုအပေါ်ချုပ်ချယ်ထားမိတယ် ။ သူမပါရင် ဘယ်တော့မှအိမ်ထဲကနေ အပြင်ကိုပေးမထွက်ခဲ့ချေ ။ မိဘအိမ်သွားချင်ရင်တောင်မှ သူကိုယ်တိုင်လိုက်ပို့ပေးခဲ့တာ ။ တစ်ခြားလူတွေကတော့ သူအချစ်တွေကိုအရမ်းမွန်းကြပ်လွန်းတာပဲလို့ ထင်ကောင်းထင်နေလိမ့်မယ်။

ဒါပေမဲ့သူဂရုမစိုက်ပါဘူး ။ ဘာလို့ဆိုဝမ်ရီပေါ်ဆိုတဲ့သူချစ်တဲ့လူက ရှောင်ကျန့်ဆိုတဲ့လူသားလေးလေ အဲ့ဒီလူတွေမှမဟုတ်ပဲ ။ ကိုကိုသာအဆင်ပြေနေရင် ကိုကိုသာသဘောကျနေရင် အရာအားလုံးကအဆင်ပြေနေတာပဲမလား ။ သူရဲ့အမူအကျင့်တွေနဲ့ရင်နီးတဲ့ကိုကိုကလည်း စိတ်ထဲဘယ်လိုမှထားမှာမဟုတ် ။ ဒါကသူ့လုပ်ပိုင်ခွင့်လို့ပဲထင်နေမှာ ။

" ရီပေါ် မနက်ဖြန်ကျရင် မေမေတို့ဆီသွားရအောင် ။ ကိုကို မေမေကိုအရမ်းလွမ်းတယ် ''

" မနက်ဖြန် ကုမ္မဏီမှာအရေးကြီးတဲ့အစည်းအဝေးရှိတယ် ကိုကိုရဲ့ ။ ကျွန်တော်အိမ်ပြန်နောက်ကျမှာမို့လို့ နောက်တစ်ရက်မှသွားကြမယ်လေ ''

" .......... ''

နှုတ်ခမ်းလေးတွေစူလာပြီး သူ့ကိုစကားမပြောတော့တဲ့ကိုကို ။ စိတ်ကောက်ကာ သူ့ရင်ခွင်ထဲကနေအတင်းရုန်းထွက်နေတယ် ။ ကိုကိုက သူနဲ့လက်ထပ်ပြီးနောက်ပိုင်း ပိုပြီးတော့တောင်ကလေးဆန်လာသေးတာ ။ အလိုမကျရင်ဖြစ်ဖြစ် လိုချင်တာမရရင်ဖြစ်ဖြစ် တန်းပြီးကိုစိတ်ကောက်တော့တယ် ။

My Possessive Husband [ Completed ] Tempat cerita menjadi hidup. Temukan sekarang