part. 20

21K 1.4K 69
                                    

ဖန်ရီလျုံက ယွဲ့ချင်းဖုန်းကြောင့်ခံစားနေရတဲ့ အသည်းကွဲဝေဒနာကို တောင့်မခံနိုင်တော့တာမို့ ဂေးဘားသွားပြီး ဖြေဖျောက်ဖို့ဆုံးဖြတ်လိုက်တယ် ။ ဘာမှမလုပ်ပဲဒီအတိုင်းနေရင် ကြာလာရင်ရူးသွားလိမ့်မယ် ။ အဲ့ဒီက သူ့ကိုသဘောကျနေတဲ့ကောင်လေးတစ်ယောက်နဲ့ တစ်ညတာကုန်ဆုံးဖို့ဆုံးဖြတ်ခဲ့တယ် ။ ဒါပေမဲ့ သူ့ဦးနှောက်နဲ့နှလုံးသားက အတင်းငြင်းဆန်နေတဲ့အတွက် လက်လျော့လိုက်ရတော့တယ် ။

အဲ့ဒီကောင်လေးကို ပိုက်ဆံပေးလိုက်ပြီး ထွက်သွားခိုင်းခဲ့တယ် ။ မထင်မှတ်ထားစရာကတော့ အဲ့ဒီကောင်လေးက လက်မခံခဲ့တာပဲ ။ အားသုံးပြီးဖြေရှင်းဖို့လုပ်နေတုန်း သူ့ဒူးတွေကပျော့ခွေကုန်ပြီး ကြမ်းပြင်ပေါ်လဲကျသွားတော့တယ် ။ သူ့ကို တစ်စုံတစ်ယောက်က ဆေးခတ်ရဲမယ်လို့ တွေးတောင်မတွေးကြည့်ဖူးဘူး ။

" နောက်ဆုံးတော့ အကိုက ကျွန်တော်စီရောက်လာခဲ့ပြီပဲ ''

"..........''

" အကိုရီလျုံ အကိုက ကျွန်တော့်ကိုမမှတ်မိတော့ဘူးလား? အကိုရဲ့ညီငယ်လေး ကျူးလျန်လေ ''

" ကျူးလျန်? မင်းက အဲ့ဒီကျူးလျန်လား! "

ရီလျုံက ကျူးလန်လို့အမည်ရတဲ့ကောင်လေးကို မယုံကြည်နိုင်စွာစိုက်ကြည့်နေမိတယ် ။ အတိတ်မှာ ကျူးလျန်ဆိုတဲ့ကောင်လေးက သူရဲ့ညီငယ်လေးဖြစ်ခဲ့လိုပဲ ။ ဒါပေမဲ့သူနိုင်ငံခြားထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားတယ် ။ ဒီလိုအနေအထားနဲ့ပြန်တွေ့ရမယ်လို့တော့ လုံးဝမထင်ထားခဲ့ဘူး ။

" မင်းက ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်နေရတာလဲ ? မင်းမိဘတွေရော ? ''

" သေကုန်ကြပြီ ။ ''

"...........''

ဖန်ရီလျုံက ဘာပြန်ပြောရမလဲမသိအောင်စွန့်အသွားတယ် ။

" အကိုက ဂေးဖြစ်နေမယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး ။ အခုတော့အတော်ပဲဖြစ်သွားတာပေါ့ ''

" ဘာကို..အု ''

ဖန်ရီလျုံက သူ့ကိုအတင်းအကြပ်နမ်းလာတဲ့ ကျူးလျန်ကြောင့် မျက်လုံးတွေပြူးကျယ်ကုန်တယ် ။ ကျူးလျန်က သူရုန်းလို့မရအောင်ဆေးခပ်ထားတဲ့အတွက်လည်း အော်ဟစ်ရုံပဲတက်နိုင်တယ် ။ သူ့အဝတ်တွေအောက် ဝင်လာတဲ့လက်တွေကြောင့်လည်း စတင်တုန်လှုပ်လာတယ် ။ အဲ့ဒီအချိန်မှာပဲ 'ဒုန်း'ဆိုတဲ့အသံအကျယ်ကြီးနဲ့အတူ အခန်းတံခါးကိုဖျက်ပြီး ဝင်လာတဲ့ချင်းဖုန်း ။

My Possessive Husband [ Completed ] Where stories live. Discover now