ဝမ်ရှောင်ရီက နေမကောင်းဖြစ်နေတဲ့ သူ့ရဲ့ကျန့်ကျန့်ကြောင့် ပါးပါးအူပုတ်ကြီးကို မကျေမနပ်နဲ့စိုက်ကြည့်နေတယ် ။ ကျန့်ကျန့်က မနေ့ကအကောင်းကြီးရှိနေတာကို ဘာလို့နေမကောင်းဖြစ်သွားရတာလဲ ။ သေချာတယ်!! သူရဲ့ပါးပါးအူပုတ်ကြီးကြောင့်ပဲနေမှာ ။ ပါးပါးအူပုတ်ကြီးက ကျန့်ကျန့်ကို သူမသိခင်အနိုင်ကျင့်လိုက်လို့ပဲနေမယ် ။
" ပါးပါးဝမ် ''
" အင်း ''
" ကျန့်ကျန့်ကို အနိုင်မကျင့်ပါနဲ့ဆို ''
ဝမ်ရီပေါ်က နှုတ်ခမ်းလေးစူပြီး မျက်မှောင်လေးကြုတ်ကာ ကြည့်နေတဲ့သားဖြစ်သူကို မျက်ခုံးတစ်ချက်ပင့်ပြလိုက်တယ် ။ ဒီကလေးက အရမ်းဆရာလုပ်လွန်းတယ် ။ ကိုကိုနဲ့တစ်စက်လေးမှမတူဘူး ။
" သားရဲ့ကျန့်ကျန့်ကို ဘာလို့နှိပ်စက်နေတာလဲ ။ ပါးပါးဝမ်ကဆိုးတယ် ဘွားဘွားနဲ့တိုင်ပြောမယ် ။ "
" ဘယ်မှာနှိပ်စက်နေလို့လဲ ? "
" ဟွန့်! သားကိုလာညာမပြောနဲ့ ။ ပါးပါးဝမ် ကျန့်ကျန့်ကို တစ်ခုခုလုပ်ထားတာသေချာတယ် ။ ကျန့်ကျန့်ရဲ့လက်ကောက်ဝတ်တွေမှာ ကြိုးရာကြီးရှိနေတယ် ။ ပြီးတော့ ကျန့်ကျန့်ရဲ့လည်ပင်းတွေမှာလည်း သွားရာကြီးနဲ့ နီနီကြီးတွေ ။ ''
" အဲ့တာကနှိပ်စက်တာမဟုတ်ဘူး ။ ချစ်လို့လုပ်ထားတာ ''
" သားလည်းချစ်တာပဲ ဒါပေမဲ့ ပါးပါးဝမ်လိုတော့ ကျန့်ကျန့်ကို အနိုင်မကျင့်ဘူး ''
" ကလေးက ကလေးလိုနေ ။ မင်းကြီးလာရင် သိလာလိမ့်မယ် ''
ဝမ်ရီပေါ်က သားဖြစ်သူရဲ့ပါးအိအိလေးကို မနာအောင်ဖျစ်ညစ်လိုက်ပြီး နဖူးလေးကိုတောက်လိုက်တယ် ။ ရှောင်ကျန့်က သူနိုးလာတော့ သားကိုအနိုင်ကျင့်နေတဲ့ ရီပေါ်ကိုတွေ့လိုက်တာမို့ မျက်ခုံးလေးတွေတွန့်ချိုးသွားတယ် ။
" ကိုကို နိုးလာပြီပဲ ''
" ရီပေါ် သားကိုအဲ့ဒီလိုမလုပ်ရဘူးလို့ ကိုကိုပြောထားတယ်လေ ။ ကြည့်ပါအုံး မင်းလက်ကြမ်းကြီးတွေကြောင့် သားသားရဲ့မျက်နှာလေးနီရဲသွားပြီ ''
![](https://img.wattpad.com/cover/220860015-288-k902717.jpg)
ESTÁS LEYENDO
My Possessive Husband [ Completed ]
FanficStart Date - 1 Jan 2021 End Date - 25 Feb 2021 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]