အပိုင်း(၂၁)

1.6K 65 19
                                    

ဝါဆိုလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ မေတ္တာငတ်နေတဲ့ခက်ထန်အတွက် သူဘာလုပ်ပေးရမလဲ
သူဘယ်လိုကာကွယ်ပေးရမလဲ အန်တီမယ်ရီ နဲ့ ခက်ထန် အဖေလက်မထပ်ဖို့ကို သူဘယ်လိုတားရမလဲ ကြံရာမရ ဖြစ်နေသည်

"......ဒေါက်....ဒေါက်....ဒေါက်"

မေကြည်:: သမီးလေးဝါဆို....မေကြည်ပါ

ဝါဆိုဦးလည်း မေကြည့်အသံကြောင့် တံခါးထဖွင့်ပေးလေသည်

ဝါဆို:: ဟုတ်....မေကြည်...ဘာဖြစ်လို့လဲ

မေကြည်:: မေကြည်...စကားနည်းနည်းပြောချင်လို့ပါ

ဝါဆို:: ဟုတ်...ပြောလေမေကြည်..လာ....ဒီမှာလာထိုင် မေကြည်

မေကြည်:: ခက်ထန်လေး အဖေက နောက်အိမ်ထောင်ပြုတော့မယ်တဲ့သမီးလေးရယ်

ဝါဆို:: သမီးကြားပါတယ်...မေကြည်

မေကြည်:: သူဌေးကြီးက ခက်ထန်အတွက် မိခင်မေတ္တာလိုအပ်နေလို့ ခက်ထန်အခုလိုဖြစ်နေတာဆိုပြီး အခုလိုစီစဉ်တာတဲ့ ခက်ထန်လေးက နာကြည်းစိတ်တွေနဲ့ရှင်သန်နေရတာပါ လူမှန်းသိတတ်စအရွယ်ထဲက မိခင်ဖြစ်သူက ဖခင်အတွက်ကြောင့်
စိတ်ဆင်းရဲပူလောင်ခဲ့ရတာတွေကိုမြင်ခဲ့ရတာရော
ဖခင်ဆီက လိုချင်တဲ့မေတ္တာကိုလည်း အပြည့်အဝမရခဲ့တာကြောင့် အခုလိုဖြစ်နေတာ တကယ့်လိုအပ်နေတဲ့ဖခင်မေတ္တာကိုမပေးပဲ သူနာကြည်းမုန်းတီးနေတဲ့ မိန်းမဆီက မေတ္တာကိုပေးချင်တာဆိုတော့ ခက်ထန်လေး ဘယ်လောက်တောင်ပူလောင်လိုက်မလဲ သမီးလေးရယ်

ဝါဆို:: ခက်ထန်မုန်းတီးနေတဲ့မိန်းမဆိုတာ.......

မေကြည်:: သမီးလေးရဲ့အဒေါ် မယ်ရီလေ

ဝါဆို:: ဟမ်.....မေကြည် သိနေတာလား ဒီကိစ္စတွေ ခက်ထန်ကရော အန်တီမယ်ရီ ကိုသိနေတာလားဟင်

မေကြည်:: မေကြည်အကုန်သိတယ် ......သမီး
ခက်ထန်က သမီးနဲ့ မယ်ရီက အမျိုးတွေဆိုတာတော့မသိပါဘူး ငယ်ငယ်ကခက်ထန်အဖေနဲ့အမေ စကားများရင် မယ်ရီကြောင့်ပဲ စကားများကြတာ များတယ်
"မမကြီး" နဲ့ "သူဌေးကြီး"က မိဘတွေပေးစားလို့ယူတာဆိုပေမယ့် မမကြီး က သူဌေးကြီးပေါ်သိပ်ချစ်ရှာတာ ဒါပေမယ့် သူဌေးကြီးဆီက မေတ္တာကိုပြန်မရခဲ့ပါဘူးသမီးရယ် သူဌေးကြီးရဲ့ စိတ်တွေ သူ့ငယ်ရည်းစားဟောင်းဆီပဲ ရောက်နေတာလေ တစ်နေ့ သူဌေးကြီးက မမကြီးကို ကွာရှင်းဖို့ ဖွင့်ပြောတယ် မမကြီး ဆီကို မယ်ရီကိုခေါ်လာပြီ သူတို့နှစ်ယောက်ရှေ့ကပျောက်ကွယ်သွားပေးဖို့ သူ့ကိုအသာတကြီးကွာရှင်းပေးဖို့တောင်းဆိုတယ်လေ မမကြီး လည်း မာနကိုရှေ့တန်းတင်ပြီး သမီးလေးလက်ကဆွဲပြီး ဒီအိမ်ကြီးဆီရောက်လာတာ မမကြီးက နောက်ခံမိသားစုအားကလည်း တောင့်တောင့်တင်းတင်းရှိတော့ ဘယ်သူ့အကူညီမှမလိုပဲ တစ်ယောက်တည်း ရပ်တည်နိုင်တယ်လေ မမကြီး
က သိပ်သဘောထားပြည့်ဝတာ သူသိပ်ချစ်တဲ့သူဌေးကြီးကို တစ်စက်ကလေးမှ မေတ္တာမပျက်ခဲ့ဘူး အပြစ်မမြင်ခဲ့ဘူး

The Rain..............မိုးWhere stories live. Discover now