အချိန်အနည်းငယ်ကြာလာသည်နှင့်အမျှ ဝါဆိုဦး ထိုစားပွဲဝိုင်းမှ ထထွက်သွားချင်စိတ်တွေဖြစ်ပေါ်နေသည် ဝါဆိုဦးအရှေ့က မြင်ကွင်းကို တစ်စက်ကလေးမှမကြည့်ချင်တော့ စိတ်ထဲမှာ ဒေါသအစား ဝမ်းနည်းလို့ကျလာမည့်မျက်ရည်တွေကို ထိန်းနေရပြီး ထထွက်သွားရင်လည်း လူမူရေးမကောင်းဖြစ်မယ့်ဆိုတဲ့စိတ် မြန်မြန်ပြန်ချင်စိတ်တွေ ဝါဆိုဦးထိန်းချုပ်နေရသည် ခက်ထန်ကသာ ပုံမှန်ဆိုပေမယ့် ဘေးက မြူခိုးကိုနည်းနည်းလေးမှမကြည့်ချင်တော့တဲ့စိတ် ခဏအကြာ ခက်ထန်တို့ပြန်ရန်နှုတ်ဆက်တော့သည် ဝါဆိုဦး ပျော်သွားသည် အနည်းဆုံးတော့ သူမမြင်ချင်တဲ့မြင်ကွင်းတွေမမြင်ရတော့သလို နောက်နှောင်း မြူခိုးဝေနဲ့မဆုံမိအောင် နေမယ်ဆိုတော့ဆုံးဖြတ်ချက်ကိုချလိုက်သည်
ဝါဆိုဦးအရှေ့ကနေ ထွက်လာပြီး အနောက်မှ ခက်ထန်လက်ကိုမလွှတ် ပခုံးမှီပြီးလိုက်လာတဲ့မြူခိုးဝေကို ဝါဆိုဦးမျပ်မှောင်ကုတ်၍ကြည့်လိုက်သည် ဒါပေမယ့်လည်း လူမူရေးအရ နှုတ်ဆက်ပြီး ဝါဆိုဦးကားပေါ်အရင်တက်နှင့်သည် ခက်ထန်လည်း မြူခိုးဝေကိုနှုတ်ဆက်၍ ကားပေါ်တက်ခါနီး မြူခိုးဝေမှ ခက်ထန်ရဲ့ ပါးကိုနမ်းလိုက်သည် ဝါဆိုဦး မျက်နှာချက်ချင်းလွဲ၍ လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ပြီး ဒေါသကိုထိန်းလိုက်သည် ကားမောင်းထွက်လာပြီး အချိန်တော်တော်ကြာအထိ ဘာစကားတစ်ခွန်းမှမပြော ဝါဆိုဦး စိုးရိမ်နေသည် ဘာမှမဆိုင်သေးတဲ့ သူ့အချစ်တွေကိုလူရာမသွင်းတဲ့ သူအသက်တမျှချစ်တဲ့ခက်ထန် သူ့ဆီကနေလုယူမည့်သူပေါ်လာမယ့်အခြေနေကို ဘယ်တုန်းကမှမတွေးမိခဲ့သောကြောင့် ဝါဆိုဦးအတွက်ရင်ထဲဗလောင်ဆူနေသည် ဒီအခြေနေလေးတောင် ဝါဆိုဦးမိုးပြိုမတက်ဖြစ်နေရင် နောက်အခြေနေဆိုးတွေကြုံလာရင် ဝါဆိုဦးဘာလိုလုပ်မလဲ သူ့ကိုယ်သူမေးခွန်ထုတ်နေသည် ဘာပဲဖြစ်ဖြစ် ခက်ထန်အချစ်ကိုမရရအောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့အားတင်းလိုက်သည် ခဏအကြာ ကားရပ်သွားလို့ဝါဆိုဦးမော့ကြည့်လိုက်တော့ အိမ်တောင်ပြန်ရောက်လာပြီဖြစ်သည် ဝါဆိုဦးလည်းကားပေါ်မှဆင်း၍ မေကြည့်ကိုရယ်ပြလိုက်သည် ခက်ထန်ကတော့ အပေါ်ထပ်သို့တန်းတက်သွားသည်
မေကြည်လည်းဝါဆို့အား
YOU ARE READING
The Rain..............မိုး
Romanceရှင်းဗိုလ်ရဲ့..the rain....လေးကိုဖတ်ပြီး ရှင်းဗိုလ်ကိုဝေဖန်အကြံပြုပေးကြပါနော် အစွမ်းကုန်ကြိုးစားနေပါတယ်😘😘😘