စနေနေ့ကျောင်းပိတ်ရက်တွင် မနက်စောစော ခြံရှေ့မှာ ဘဲလ်ကိုတစ်တောင်တောင်တီးနေသော ကောင်မလေးသည် အထုပ်အပိုးအပြည့်နှင့်တံခါးလာဖွင့်သည်ကိုစောင့်နေသည် ထိုသူကဝါဆိုဦး ဘဲလ်တီးသံကြောင့် ခြံစောင့်ဦးထွန်းမြ အပြေးအလွှား လာဖွင့်ပေးလေသည် ဝါဆိုဦးသယ်လာသော အထုတ်အပိုးတို့သည် ခဏလာနေပုံနဲ့မတူ
တစ်သက်လုံးခက်ထန်နဲ့အတူနေရန်ကြံစည်လာသည့်ပုံ
အိမ်ဝတွင်စောင့်နေသော မေကြည်မှ ဝါဆိုဦးကိုသမီးလေး လာပြီလား..... လာ...မေကြည်.....အခန်းလိုက်ပြပေးမယ် ......အခန်းလိုက်မပြခင်...တစ်ခုခုအရင်စားမလားသမီးလေး
ဝါဆို:: မေကြည်...ခက်ထန်ရော
မေကြည်ပြောသည်ကိုအာရုံမရောက် ခက်ထန်ကိုသာရှာနေတော့သည်
မေကြည်::မမလေးက ဒီအချိန်မထသေးဘူး သမီးလေးရဲ့
ဝါဆို:: ဟုတ်လား.....
မေကြည်:: သမီးလေး မနက်စာအရင်စားမလား
ဝါဆို:: ခက်ထန်နဲ့မှအတူတူစားမယ်...
မေကြည်:: ကောင်းပါပြီ...
ဝါဆိုဦးကို ခက်ထန်နဲ့အခန်းကပ်ရပ်ကိုစီစဉ်ပေးထားလေသည် အခန်းချင်းနီးပေမယ့် ဝါဆိုဦးက ခက်ထန်အခန်းမှာသာနေချင်သည် ဝါဆိုဦးကိုအခန်းဆီသို့လိုက်ပို့်ပြီး မေကြည်လည်းထွက်သွားပြီး ခဏအကြာ ဝါဆိုဦးမယောင်မလည်နဲ့ ခက်ထန်အခန်းသို့ခိုးဝင်သွားလေသည် ညဝတ်အင်္ကျီပန်းရောင်လေးနဲ့ အိပ်ယာပေါ်မှာ ကလေးတျောက်လိုအပူအပင်ကင်းကင်းအိပ်နေသော ခက်ထန်အား အနားသို့သွား၍တစ်စိမ့်စိမ့်ကြည့်နေသည် ပါးမှာလည်းသွေးကြောစိမ်းစိမ်းလေးတွေနဲ့ နှုတ်ခမ်းရဲရဲလေးမှာလည်း ဖူးဖူးလေးနဲ့ စုတ်ချင်စရာချိုချဉ်လုံးလေးအလား ဝါဆိုဦးခက်ထန်ကိုကြည့်ရင်းကြည့်ရင်း စိတ်မထိန်းနိုင် ဝါဆိုဦးနှုတ်ခမ်း ခက်ထန်ပါးဆီသို့ရောက်သွားတော့သည် ပါးမို့မို့ရဲရဲလေးကို အနမ်းခြွေလိုက်သည် ခက်ထန်လည်း ဝါဆိုဦးနှုတ်ခမ်း အေးအေးလေးရဲ့ထိတွေ့မှုကြောင့်လန့်နိုးပြီး ကြည့်လိုက်တော့ ဝါဆိုဦးဖြစ်နေသည် ဝါဆိုဦးလည်းမျက်လုံးပြူး မျက်ဆံပြူးနဲ့ကြည့်နေသည် ခက်ထန်စိတ်ဆိုးမှာကိုကြောက်သောကြောင့် တောင်းပန်ရနိုးနိုး ပြေးထွက်ရနိုးနိုး ဘာလုပ်လို့လုပ်ရမှန်းမသိ
![](https://img.wattpad.com/cover/188433777-288-k562906.jpg)
YOU ARE READING
The Rain..............မိုး
Lãng mạnရှင်းဗိုလ်ရဲ့..the rain....လေးကိုဖတ်ပြီး ရှင်းဗိုလ်ကိုဝေဖန်အကြံပြုပေးကြပါနော် အစွမ်းကုန်ကြိုးစားနေပါတယ်😘😘😘