part,3

5.5K 415 0
                                    

#Zawgyi

👑​ခေတ်​သစ်​မိဖုရား 👑

အပိုင်း(၃)

အမတ်​ကြီးဘယ်​လိုပင်​အတင်း​လျောက်​​တင်​​နေပါ​စေ ဘုရင်​ဝမ်​ရိ​ပေါ်မှာ​ရှောင်​ကျန့်​​ကိုယ်​​လေးအား ​ပွေ့ချီကာ

"ငါကိုယ်​​တော်​စိတ်​ဆုံးဖြတ်​ပြီးပြီ"

ဟု ​ပြောကာသူ၏နန်း​ဆောင်​​တော်​သို့​ခေါ်သွား​လေသည်​။

ရှောင်​ကျန့်​မှာလဲ မထင်​မှတ်​ပဲဘုရင်​မင်းမြတ်​မှ​ပွေ့ချီကာ​ခေါ်​ဆောင်​​သော​ကြောင့်​အူ​ကြောင်​​ကြောင်​​မျက်​နှာ​လေးဖြင့်

*ငါ့ကိုဘယ်​​ခေါ်သွားမှာလဲ*

ဟုစိတ်​ထဲမှ​ပြောရင်း ယုန်​က​လေးပါသွား​လေးတတည်း။

ကျန်​ရစ်​ခဲ့​သော​ချောင်​အမတ်​ကြီးမှာ သူကြံ့စည်​ထားတဲ့အတိုင်းသူ့သမီး​​ချောင်​မင်​ မိဖုရား​ခေါင်​မ​ဖြစ်​​သော​ကြောင့်​စိတ်​တို​ဒေါသဖြစ်​လျက်​ ကျန်​ရစ်​ခဲ့​ပေ​တော့သည်​။

မင်းကြီးဝမ်​ရှိ​ပေါ်မှာ အသစ်​ဆက်​ဆက်​မိဖုရား​လေး​ရှောင်​ကျန့်​ကို သူ၏အိအ်ပ်​​ဆောင်​​တော်​တွင်းကုတင်​ထက်​သို့ပစ်​ချကာ

"အခု ငါတို့ပဲရှိ​တော့တယ်​ ​ပြောစမ်းမင်းဘယ်​သူလဲ ဘယ်​ကလဲနာမည်​​ပြောစမ်း"

အရှင်​မင်းကြီးဝမ်​ရိ​ပေါ်အ​မေးကိုမ​ဖြေပဲ​ရှောင်​ကျန့်​တ​ယောက်​ကုတင်​​ပေါ်မှကုန်းထကာ​သူထင်​ရာကိုသာဇွတ်​​ပြော​နေသည်​။

"ရပြီ...သရုပ်​မ​ဆောင်​နဲ့​တော့ ဇာတ်​လမ်း​ရေးဆရာကဘယ်​လိုစဉ်းစားလဲ​တော့မသိဘူး...မင်းလိုလူသစ်​တ​ယောက်​ကိုဘုရင်​​နေရာကသရုပ်​​ဆောင်ခိုင်းတယ်​ ငါလိုနတ်​သား​လေးကို​တော့မ​ခေါ်ဘူး😒 ကင်​မယာကိုဘယ်​မှာများဖွတ်​ထားကြလဲ"

ဟုသူ၏မူပိုင်​နှာ​ခေါင်း​လေးကိုလက်​ညိုး​လေးဖြစ်​ပွတ်​ကာ​ပြော​နေ​လေသည်​။

"ငါကိုယ်​​တော်​နာမည်​ကဝမ်​..ရိ..​ပေါ်...မင်းငါ့ကိုအရှင်​မင်းကြီးလို့​ခေါ်နိုင်​တယ်​ဒီ​နေ့မိုးနတ်​မင်းကမင်းကို မိဖုရား​ခေါင်​အဖြစ်​​ရွေးချယ်​ခဲ့တယ်​အနာဂတ်​မှာမင်းငါ့ကိုကူညီ​ပေးနိုင်​ဖို့ ​မျှော်​လင့်​တယ်​"

"​ခေတ်​သစ်​မိဖုရား "(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ