Zawgyi
မကြာမီမှာပဲ စစ်ရန်ရဲ့ကျန်းမာရေးမကောင်းတဲ့အမေ ဆုံးပါးသွားခဲ့သည်။ သူမက သားသမီးထက် အမျိုးကိုပိုခင်တွယ်တဲ့သူမို့် စစ်ရန်တို့အတူနေဖို့ခေါ်တာတောင်လက်မခံပဲ သူ့ညိမတွေအိမ်မှာပဲနေပြီး အခုဆုံးတော့မှစစ်ရန်တို့သိကြရသည်။ မမက ငိုပေမယ့် စစ်ရန်ကတော့ ထူးထူးခြားခြား ဝမ်းမနည်းမိပါ။ စစ်ရန် အသည်းမာတာမဟုတ်ပေမယ့် မျက်ရည်ကမကျနိုင်တော့ပေ။ ဆွေမျိုးတွေနဲ့ စီနျန်ကတောင် စစ်ရန်ရင်ထဲပြည့်သိပ်နေလို့ ငိုလို့မရဖြစ်နေတယ်လို့ထင်ကြ၏။
" ကိုကို ငိုချင်ရင်ငိုချလိုက် စိတ်ကိုတင်းမထားနဲ့ "
စီနျန်က စစ်ရန်ရဲ့ပုခုံးနှစ်ဖက်ကို အနောက်မှဆုပ်ကိုင်ထားပြီး တီးတိုးပြောသည်။ စစ်ရန်ခေါင်းယမ်းကာ ဈာပနအခမ်းအနားနှင့် ခပ်လှမ်းလှမ်းနေရာက ခုံတန်းလေးမှာသွားထိုင်လိုက်ပြီး မေမေ့ရုပ်ခန္တာထည့်ထားတဲ့ အခေါင်းကိုငေးကြည့်လိုက်သည်။ Bossတို့ကတော့ ပြည်ပရောက်နေသော်လည်း စစ်ရန်အမေဆုံးတာကို ထပ်တူဝမ်းနည်းရပါကြောင်း ပန်းခွေတွေပို့ပေးလာ၏။ Bossကိုလည်းကျေးဇူးတင်မိပါသည်။ လိုအပ်တာမှန်သမျှကို သူလုပ်ပေးမှာဖြစ်ကြောင်းနဲ့ စစ်ရန်ကို လစာပင်တိုးပေးထားသေးသည်။
" ပျောက်ကွယ်သွားတာကောင်းတယ် လောကကြီးထဲကနေ ပျောက်ကွယ်သွားတာ အမေ့အတွက်ကောင်းပါတယ် ငါ သူ့ရဲ့ နောက်ဆုံးအချိန်မှာ မျက်ရည်ကျလိုက်ရင် အမေ့ကို စိတ်မဖြောင့်အောင်လုပ်ပြီး သားသမီးအစွဲတွေ ဆွေမျိုးတွေကိုစွဲလမ်းတာတွေ ဖြစ်မှာစိုးလို့ ငါမငိုချင်ဘူး "
မေမေဟာ အယောင်ဆောင်ဆွေမျိုးတွေကြားမှာ သိပ်ကိုပင်ပန်းခဲ့တာ။ ဒါတောင် သူက ဒီအမျိုးအယောင်ဆောင်တဲ့ မြေခွေးအိုကြီးတွေကို ပေးကမ်းချင်နေတုန်းပဲ။ ဒါပေမယ့် သူမနောက်ဆုံးအချိန်ထိတော့ စိတ်ချမ်းသာခဲ့ရပါတယ်။ ဆွေမျိုးတွေက မေမေ့ဆီမှာ ဘိုးဘေးဘီဘင်အဆက်ဆက်ကလက်ဆင့်ကမ်းလာခဲ့တဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာအချို့ရှိမှန်းသိတာမို့ ကပ်တွယ်နေကြတာ။ မေမေ ကိုယ်တိုင်ကလည်း ဒါကိုသိသိလျက်နှင့် အချိုသပ်ထားခဲ့တာ။ ဒါကြောင့် အမေမဆုံးခင်မှာ အသည်းအသန်တွေပြုစုကြတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် နှလုံးသားထဲမှာတော့ သေချာပေါက်နာကျင်နေခဲ့မှာပဲ။ ဈာပနပွဲမစခင်အချိန်အထိ ဆွေမျိုးတွေက အမွေကိစ္စကိုပြောဆိုနေခဲ့ကြပြီး ဒါကို စစ်ရန်ကကြားခဲ့သည်။
CZYTASZ
A Contract Without Love? Forget It! (Completed)
FanfictionYizhan စာချုပ်တစ်ခုကြောင့် ဟန်ဆောင်ချစ်သူတွေဖြစ်ခဲ့ရပေမယ့် တစ်ဖက်က ဟန်ဆောင်ရုံသက်သက်မဟုတ်တော့တဲ့အခါ ထိုလူသားအပေါ် ပိုင်စိုးခြယ်လှယ်ချင်စိတ်ဖြစ်လာတဲ့အခါ ထိုလူသားကရော သူ့ကိုလက်ခံပါ့မလား ၊ သူ့မှာရှိနေတဲ့ အတိတ်က ဘာလဲ ဆိုတာနဲ့ အဆုံးသတ်မှာ သူတို့ဘယ်လိ...