Part(22) ( ဦးထုပ်စိမ်းဆောင်းပေးတာမခံနိုင်ဘူး! )

16.7K 1.5K 34
                                    

Zawgyi

ဝမ်ရိပေါ်ရဲ့ ပိုးပန်းနည်းတွေက ရှောင်းကျန့်ကို တော်တော်လေးဆွံ့အစေသည်။ ရှောင်းကျန့်က public romance ကိုကြိုက်တဲ့သူမျိုးမဟုတ်။ ကိုယ့်ကို proposal လုပ်တာကို လူတွေအများကြီးကဝိုင်းကြည့်ပြီးအားကျနေတာမျိုးက အရမ်းoverဖြစ်မနေဘူးလား။ ရှောင်းကျန့်က ဆင်ဂယ်ဖြစ်လာတာကြာပြီဆိုတော့ အဲ့လို လူအများရှေ့မှာ propose လုပ်တာတွေအများကြီးမြင်ဖူးပြီးသား။ သူလည်းဆင်ဂယ်နံ့တော်တော်ထွက်ခဲ့တာမို့လို့ သူများတွေကိုလည်း သူ့လိုမဖြစ်စေချင်ရုံတင်ပါ။

ဝမ်ရိပေါ်ကို လူကိုယ်တိုင်မမြင်ရပေမယ့်လည်း ရှောင်းကျန့်ကို ရုံးအသွားမှာ လူတစ်ယောက်စီတိုင်းက နှင်းဆီပွင့်တွေလာလာပေးနေတာဆိုတော့ ရှောင်းကျန့်ကိုပိုးပန်းနေတာ မိန်းခလေးဖြစ်နိုင်တယ်လို့ သူတို့ကတွေးကြတော့မှာမဟုတ်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေကအစ ရှောင်းကျန့်ကိုအထင်ကြီးသလိုကြည့်နေကြပြီး သွားလေရာမှာအစခံနေရတာ တော်တော်လည်းရှက်နေပါပြီ။ လုပ်ဖော်ကိုင်ဖက်တွေက စတိုင်း ရှောင်းကျန့်က မျက်နှာကိုဘယ်နားထားရမယ်မသိဖြစ်နေရပြီ။

နောက်တစ်ခုကတော့ ရုံးကမန်နေဂျာကို ခြိမ်းခြောက်ပြီး ရာထူးတိုးခိုင်းတာမျိုးပေါ့။ အဲ့လိုအချိန်မှာဆိုရင် ရှောင်းကျန့်က မန်နေဂျာကို မျက်နှာမပြရဲတော့ပေ။ ဝမ်ရိပေါ်ရဲ့အာဏာဘယ်လောက်မြင့်လည်းမသိပေမယ့် ကိုယ့်အရည်အချင်းနဲ့ရတာမဟုတ်တဲ့ ရာထူးကို ဖြောင့်မတ်တဲ့ရှောင်းကျန့်က မမက်မောပါ။ အဲ့ဒါကြောင့် ချမ်းသာတဲ့မျိုးဆက်သခင်လေးတွေကို ကြည့်မရတာ။ သူတို့က အရာရာကို အလွယ်တကူရနေတော့ သူများခံစားချက်ကိုနားမလည်ကြတော့ဘူး။

"မင်းတို့ ဒီတစ်သက်အထဲဝင်ဦးမှာလား"

သက်တော်စောင့်နှစ်ယောက်ကလည်း အိမ်ရှေ့တံခါးမှာသာအချိန်ပြည့်ရပ်နေပြီး ဘယ်အချိန်နားသလဲ ရှောင်းကျန့်မသိပါ။ အိမ်ရှေ့မှာမတ်တပ်ကြီးတွေဆိုတော့မြင်မကောင်းတဲ့အပြင် ကြာတော့အားနာလာတာမို့ အိမ်ပေါ်ခေါ်တင်ကျွေးထားရသည်။ ရှောင်းကျန့်ကတစ်ယောက်ထဲနေတာဆိုတော့ နှစ်ယောက်စာတိုးချက်ရတာက အလုပ်ရှုပ်တာကလွဲရင် အဆင်ပြေပါသည်။

A Contract Without Love? Forget It! (Completed)Onde histórias criam vida. Descubra agora