Part(10) ( မင်းကိုဖက်ထားချင်လို့ )

21.1K 2K 22
                                    

Zawgyi

ညရောက်တာနှင့် ခန္တာကိုယ်က ကိုက်ခဲလာသည်။ မှောက်မအိပ်နိုင်တာကြောင့် ခေါင်းအုံးကို ဝမ်းဗိုက်အောက်မှာခံကာမှောက်မှောက်လေးအိပ်ရင်း ရှုံ့မဲ့လာ၏။ အကိုက်အခဲပျောက်ဆေးသောက်ထားပေမယ့် နာနေဆဲဖြစ်သည်။ ရှောင်းကျန့် ဟိုလူ့အကြောင်းတွေးမိတိုင်း မကျေနပ်စိတ်နှင့် ရှက်စိတ်များသာ တဝဲလည်လည်ဖြစ်နေတော့သည်။ တစ်ခါတစ်လေ ရင်ခုန်သလို တစ်ခါတစ်လေလည်း လူကိုသူ့အပိုင်လို ဆွဲလားရမ်းလားနှင့် တို့တတ်ထိတတ်တာကိုလည်း အမြင်ကပ်ပြန်သည်။ ပြီးတော့ သူ့အကြည့်တွေ။ ရှောင်းကျန့် သက်ပြင်းချလိုက်သည်။

" သဘောမကျဘူး အဲ့ဒီမျက်လုံးတွေကို"

ရှောင်းကျန့်ကို ကြည့်တတ်တဲ့ အဲ့ဒီမျက်လုံးတွေ။

" အား! မစဉ်းစားချင်တော့ဘူး "

ရှောင်းကျန့် တင်မဟုတ်ပဲ ဝမ်ရိပေါ်သည်လည်း အိပ်မပျော်နိုင်ဖြစ်နေ၏။ အလိုလိုနေရင်း ဒေါသတွေပဲအသားကုန်ထွက်နေတော့သည်။ အပြစ်ပုံချစရာလူကလည်းမရှိဖြစ်နေတာကြောင့် တောက်ခခေါက်ခေါက်နှင့် အလိုမကျနိုင်ပဲ ရှိနေသည်။ ရှောင်းကျန့်အကြောင်းကိုပဲ တွေးနေမိပြီး အဲ့ဒီညက ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုပြန်ပြန်စဉ်းစားရင်း ခန္တာကိုယ်ကတုန့်ပြန်လာတတ်တာကြောင့်လည်း အားမလိုအားမရ။

"တောက်!"

ရှောင်းကျန့်....သူထိုကောင်လေးကို ရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားချင်သည်။ ခန္တာကိုယ်အနှံ့ကို အချစ်အမှတ်အသားတွေပေးချင်သည်။ နှုတ်ခမ်းနုနုလေးတွေကို ငါးမိနစ်တစ်ခါနမ်းပစ်ချင်ပြီး ဆူငေါက်တတ်သည့်အသံလေးတွေကို ကြားချင်သည်။ သူ့ပါးလေးကို မတော်တဆဟန်ဆောင်ကာနမ်းမိတိုင်း ဖြစ်သွားသည့်မျက်နှာအမူအယာကိုလည်း သူမြင်ချင်သည်။ ခန္တာကိုယ်ချင်းရင်းနှီးခဲ့ဖူးလို့ ထပ်ပြီးလိုအပ်နေတာလား။ ရှောင်းကျန့်ကို သူ့အပိုင်ဖြစ်စေချင်သည်။ သူတစ်ယောက်ထဲသာ ရှောင်းကျန့်ကိုနမ်းခွင့်ရချင်၏။

" ကျစ်! သည်းမခံနိုင်တော့ဘူး "

ညသန်းခေါင် လူမရှိသည့်လမ်းမကြီးပေါ်တွင် BMWလေးတစ်စီးပြေးလွှားနေသည်။ တတ်နိုင်သလောက်မိုင်ကုန်မောင်းလာပြီးနောက် ရှောင်းကျန့်တို့၏ ကွန်ဒိုအောက်ရောက်လာသည်။ အိမ်ရာဝန်းကြီးဖြစ်တာကြောင့် လုံခြုံရေးတွေလည်းရှိ၏။

A Contract Without Love? Forget It! (Completed)Donde viven las historias. Descúbrelo ahora