Part(9) ( အတိတ်ကို အိမ်မက်မက်ခြင်း )

22.4K 2K 21
                                    

Zawgyi

ရေချိုးပြီးနောက် စိုနေသည့်ခေါင်းကိုသုတ်ကာ ထမင်းစားခန်းတံခါးကိုမှီ၍ ရှောင်းကျန့် ချက်ပြုတ်နေတာကို ငေးကြည့်လိုက်၏။ ဒီဇိုင်နာseanက ချက်တာပြုတ်တာလည်း ဝါသနာပါတာပဲလား။

" ခင်ဗျားပြီးပြီလား လာထိုင်လေ "

ရှောင်းကျန့်က သူရောက်နေတာသိပုံပေါ်သည်။ ထို့ကြောင့် ရိပေါ် ခုံတစ်ခုံဆွဲကာထိုင်ပြီး စားပွဲပေါ်မှ မနက်စာတွေကို ကြည့်လိုက်၏။ ပန်းကန်ပြားပေါ်မှ ကြက်ဥနှစ်လုံး,ကြက်ဥချောင်းများနှင့် ဝက်သားဆားနယ်တွေသည် အငွေ့တစ်ထောင်းထောင်းထနေလေသည်။ ပေါင်မုန့်မီးကင်နှင့် ယိုဘူးကလည်းဘေးတွင်ချထားသေးသည်။ ဒါလုံးဝ အနောက်တိုင်း မနက်စာဖြစ်သည်။

" ခင်ဗျားဘာကြိုက်တတ်မှန်းမသိလို့ ကျွန်တော်စားနေကြအတိုင်းပြင်ပေးထားတာ အဆင်ပြေတယ်မလား "

"အဆင်ပြေတယ် "

" အင်း ခင်ဗျားကတစ်ယောက်ထဲနေတာလား ထမင်းချက်လေးဘာလေးခေါ်သင့်တယ် စားပွဲတွေမှာလည်း ဖုန်တွေနဲ့ မနက်ကအမြင်မတော်လို့ သန့်ရှင်းရေးလုပ်ပေးထားတယ် "

" တစ်ခါတစ်လေတော့ အခန်းရှင်းတဲ့သူတွေကိုခေါ်ပြီး ခိုင်းလိုက်တာ တစ်ယောက်ထဲနေတာဆိုတော့ ဒီတိုင်းပါပဲ "

မိသားစုရှိပေမယ့် ဝမ်ရိပေါ်က တစ်ယောက်ထဲနေသည်။ မိသားစုနဲ့ ပြသာနာတစ်ခုခုများ ရှိထားလို့လား။ ရှောင်းကျန့်ဆက်မေးချင်ပေမယ့် မသင့်တော်၍ တိတ်တိတ်လေးသာနေလိုက်ပါ၏။

" မင်းအကိုက်အခဲပျောက်ဆေးသောက်ထားသေးလား ခန္တာကိုယ်ကနာနေမှာကို ဘာလို့ သန့်ရှင်းရေးလုပ်တာလဲ ပင်ပန်းအောင် "

" အဟွတ် ! "

"ကိုယ်တောင်းပန်ပါတယ်....မင်းကို"

" ဆက်မပြောနဲ့တော့ အဲ့ဒီကိစ္စ ကျွန်တော်တို့နှစ်ယောက်ကြားမှာ မဖြစ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ရအောင် "

" ဘယ်လို မင်းကိုယ့်ကိုနောက်နေတာလား မနေ့ညက ကိုယ်ဆေးခတ်ခံရပြီးတော့ မင်းနဲ့အိပ်ခဲ့တယ် အဲ့ဒါကို မင်းကမသိချင်ယောင်ဆောင်ဖို့ ပြောနေတာလား အခု "

A Contract Without Love? Forget It! (Completed)Tempat cerita menjadi hidup. Temukan sekarang