EXTRA 2

321 42 0
                                    

Unicode

[ကျောင်းဆင်းချိန်]

Singto အခန်းထဲက ထွက်အလာတွင် သူ့အခန်းရှေ့တွင် မတ်တပ်ရပ်ရင်းက ဖုန်းသုံးနေသော Krist အား တွေ့လိုက်ရပါ၏။

“Krist! ဘာတွေကြည့်နေတာလဲ!
အိမ်ပြန်ကြရအောင်လေ.”

Krist က သူ့အား ပါးချိုင့်ငယ်လေးများပေါ်သည်အထိ ပြုံးပြကာ လက်ထဲက ဖုန်းအား သူ့ဘက်လှည့်ပြလာသည်။

“ငါ့Mae က Potato Band ရဲ့ live show လက်မှတ်ဝယ်ပေးတယ်.. christmas လက်ဆောင်လေ .. ပြီးတော့ သူပါ အတူလိုက်ကြည့်ပေးမယ်တဲ့”

“အမ်း ..ကောင်းတာပေါ့ ။  ဒါနဲ့ မင်းအမေ အလုပ်ကိစ္စနဲ့ ခရီးသွားနေတာ christmas အမီ ပြန်လာမယ်တဲ့လား”

“အေး..”

Krist ပုံစံလေးက ရွှင်မြူးနေကာ လမ်းလျှောက်နေသည့်ပုံစံလေးကလည်း ခုန်ဆွဆွလေး ။

“ဒီလောက်တောင် သဘောကျတာလား”

“အင်း ! .. ငါအရမ်းကြိုက်တဲ့ အဖွဲ့ပဲဟာ .. ပြီးတော့ ငါလည်း ငါ့မိသားစုနဲ့ အချိန်ကုန်ခွင့် ရပြီလေ”

အပြုံးအရယ်မပျက်ပြန်ဖြေလာသူရဲ့ မျက်နှာလေးအား Singto ငေးကြည့်နေဖြစ်၏။

“အဲ့လိုဆို christmas ကျ ငါတို့အိမ်မလာတော့ဘူးပေါ့”

“မင်းမိသားစုတွေ အကုန်ရှိနေမှာလေ .. ငါလာရင်လည်း နည်းနည်း တစ်မျိုးများ ဖြစ်နေမလားလို့ ။ ဘာပဲဖြစ်ဖြစ် ငါ show ကို Mae နဲ့ အတူသွားဖြစ်မှာဆိုတော့ မလာဖြစ်တော့ဘူးလေ”

Krist ၏ ခပ်အေးအေးအပြောကို Singto သိပ်သဘောမကျ။

လမ်းအတူလျှောက်နေရာမှ Singto ရပ်ပစ်လိုက်တော့ Krist  က အနောက်ကို ပြန်လှည့်ကြည့်လာကာ  ‘ဘာလို့လဲ’ ဟူသော သဘောမျိုးဖြင့် မျက်ခုံးပင့်ရင်း မေးဆတ်ပြသည်။

Singto က သက်ပြင်းချရင်း ..
“မင်းလည်း မိသားစုဝင်ပဲလေ .. ဘာလို့ အခုထိ သူစိမ်းတွေလိုမျိုး ပြောနေရတာလဲ .. ။ Krist .. အဲ့လိုမျိုး မလုပ်ပါနဲ့လား”

Krist က Singto ၏ စကားအား တုံ့ပြန်စကားမဆိုပဲ Singto ၏ မျက်နှာကိုသာ ကြောင်ငေးကြည့်နေပါသည်။ အဲ့အခိုက်အတန့်က Krist ရဲ့ နားမလည်နိုင်ခြင်း၊ ရှုပ်ထွေးခြင်းတွေ ပြည့်နေတဲ့ အကြည့်တွေ၊ အမူအယာတွေက Singto မမေ့နိုင်တဲ့ ပုံရိပ်လေးပါပဲ။

Falling In Love With My Best Friend Where stories live. Discover now