EXTRA 3(i)

312 42 2
                                    

Unicode

အကြည့်ချင်းဆုံနေကြရာမှ Singto ကပဲ အရင် စကားစဖြစ်လိုက်သည်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ ..အခုမှ ညရှစ်နာရီဆိုတော့ live show ပြီးစရာ အကြောင်းလည်း မရှိဘူး”

Singto က မေးနေရင်းဖြင့်ပင် သူ့လည်ပင်းတွင် ပတ်လာသည့် မာဖလာအား Krist အား ပတ်ပေးရင်း စကားဆက်သည်။

“ပြီးတော့ hoodie လေး တစ်ထပ်ထဲဝတ်ထားတာ မင်း မအေးဘူးလား”

“အဲ့လောက်ကြီးလည်း မအေးပါဘူး”

“တကယ်ကြီး! ငါကတော့ ခဲသေတော့မလို ချမ်းနေတာ. . ဘောလုံးပုတ်သံကြားတော့ ဘယ်လိုအရူးက ဒီလိုရာသီဥတုမျိုးမှာ ထွက်ဆော့နေတာလဲ လို့တောင် တွေးနေသေးတာ .. ။ ပြီးတော့မှ အဲ့အရူးက မင်းဖြစ်နေတာပဲ”

“အာ .. မင်း ချမ်းနေတယ်လည်း ဆိုသေးတယ်.. ဘာလို့ ငါ့ကို မာဖလာပတ်ပေးနေတာလဲ ။ မင်းဘာမင်း ပတ်ထားလေ”

“ရတယ်.. မင်းပဲ ပတ်ထားတော့ ။ ဒါနဲ့ ဘာဖြစ်လို့လဲ .. အခုချိန်မှာ မင်းက အန်တီ နဲ့ အတူ live show မှာ ရှိနေရမှာ မဟုတ်ဘူးလား”

Singto စကားအဆုံးတွင်တော့ Krist မျက်နှာလေးက ချက်ချင်းညှိုးကျသွားပြီး မျက်လွှာချသွားကာ အကြည့်ချင်းဆုံနေရာမှ လွှဲဖယ်သွားတော့သည်။

သူတို့နှစ်ယောက်ရဲ့ ဆယ်နှစ်တာ ခင်မင်မှုသက်တမ်းအရ ဒီမျက်နှာပေးကို Singto ကောင်းကောင်းသိပါ၏။

‘ငါ အဲ့ဒီ့အကြောင်းနဲ့ ပတ်သက်လို့ ဘာမှ မပြောချင်တော့ဘူး’ ဆိုတဲ့ မျက်နှာပါပဲ ။ ဒီလိုအချိန်မျိုးမှာ Singto က ဘာမှဆက်မမေးတော့ပဲ သူပြောလာသည့် အချိန်ထိ စောင့်ပေးရုံအပြင်မရှိ။

Singto က စကားလမ်းကြောင်းပြောင်းဖို့ကို ဘာပြောရမလဲ စဉ်းစားနေစဉ်မှာပဲ Krist က စကားစလာခဲ့သည်။

“အင်း .. ..”

နှုတ်ခမ်းဖူးဖူးလေးကို တစ်ချက်မဲ့လိုက်သည့်ဟန်က ချစ်စရာကောင်းလွန်းသဖြင့် Singto ငေးကြည့်နေဖြစ်ခဲ့သည်။

“ဒီနေ့မနက်ကျမှ Mae က ဖုန်းဆက်တယ် .. ရာသီဥတုအခြေအနေကြောင့် flight က cancel ဖြစ်သွားလို့  အမီ ပြန်မလာနိုင်တော့ဘူးတဲ့ ။ ငါ တစ်ယောက်ထဲ live show ကို သွားဖို့ တွေးမိသေးပေမယ့် .. ..စိတ်ညစ်ပြီး မသွားချင်တော့လို့.. အဲ့ဒါနဲ့ .. ဒီမှာပဲ basket ball ဆော့နေဖို့ ဖြစ်သွားတယ်”

Falling In Love With My Best Friend Where stories live. Discover now