1

3.1K 107 3
                                    

Unicode

A/N: ဒါလေးက Mangago က webtoon လေးကို ပြန်ရေးထားတာပါ . .။ ပိစိလေးလောက် ပြင်တာကလွဲရင် ဇာတ်လမ်းတစ်ခုလုံးကို ယူရေးထားတာပါ ။ webtoon ကတော့ extra အပါ ၁၃ ပိုင်းပါ .. ဒီမှာတော့ ဘယ်လောက်သွားမယ် မသိသေးပါဘူး ။ အစအဆုံးရေးပြီးသွားရင် ဘယ်ဇာတ်လမ်းကို ယူရေးသလဲဆိုတာကို link ကအစ ပြောပြပါမယ် ။ အခုလောလောဆယ် မပြောသေးတာကို နားလည်ပေးကြပါလို့ ။ ဖတ်ဖူးတဲ့သူလေးတွေလည်း  ကျေးဇူးပြုပြီး မဖော်ပါနဲ့ဦးလေ .. နော် 🤍

ကျောခိုင်းပြီး လမ်းလျှောက်နေတဲ့ Singto နောက်ကို အပြေးကလေးလိုက်သွားရင်း လက်ကို အတင်းလှမ်းဆွဲပေမယ့်လည်း ထိုသူ့ကို Krist မမီခဲ့ ။

‘Singto ! .. မသွားပါနဲ့ !’

အကျယ်ကြီးအော်ခေါ်လိုက်ပေမယ့် အသံကထွက်မလာခဲ့ ။ အသံရော ခန္ဓာကိုယ်ရောက စိတ်ထဲရှိသလို အလုပ်လုပ်မပေးဘူးပဲ ။ နောက်ကျောကိုပဲ ငေးကြည့်နေရင်း ဝမ်းနည်းနေမိခဲ့သည်။

“Krist!  အိုး! ထတော့ဟ .. Krist ရေ”

“အင် .. ဟင် ”

နံမည်အားအော်ခေါ်သံကြောင့် Krist မျက်လုံးတို့ကို အသာဖွင့်လိုက်တော့မှ စာသင်ခန်းထဲမှာ အိပ်ပျော်သွားမိတာဖြစ်ကြောင်း သတိရလိုက်သည်။

‘ဪ .. အိပ်မက်တစ်ခုဖြစ်နေခဲ့တာပဲ . .
တော်ပါသေးရဲ့’

“ဟေး .. Perawat!  နိုးပြီလား . ကျောင်းကို တည်းခိုခန်းမှတ်နေတာလား .. တွေ့တဲ့နေရာမှာ ကြုံရင်ကြုံသလို အိပ်နေတော့တာပဲ .. မင်းကတော့ ။ ကျောင်းလွှတ်ပြီးတာ နည်းနည်းတောင် ကြာနေပြီကွ ”

စာသင်ခုံအရှေ့က မတ်တပ်ရပ်နေတဲ့လူကို ခေါင်းထောင်ကြည့်လိုက်တော့ Singto ဖြစ်နေခဲ့သည်။

“ဟင်..  .. Sing”

Krist ၏ အိပ်မှုန်စုံမွှားပုံစံ အူကြောင်ကြောင်ဖြင့် သူ့နံမည်အား ခေါ်လာသည်ကို Singto တစ်ယောက် မျက်မှောင်ကုပ်ကြည့်ရင်း ဆိုလိုက်ပါ၏။

“အေး! ဟုတ်တယ် .. မင်းသူငယ်ချင်း ငါ ။ ငါ ဒီလောက် အကျယ်ကြီးခေါ်နေတာတောင် တော်တော်နဲ့ နိုးမလာဘူး .. မင်း .။  အိပ်မက်ဆိုးမက်နေတာလား .. ။ ပြီးတော့ ငါ့လက်ကို လွှတ်ပေးဦး”

Falling In Love With My Best Friend Where stories live. Discover now