EXTRA 1

490 53 2
                                    

Unicode

[အလယ်တန်း တတိယနှစ်]

စာကြည့်စားပွဲ၏ မျက်နှာချင်းဆိုင်ဘက်အခြမ်းတွင် ထိုင်ကာ အာရုံစူးစိုက်လျက် စာရေးနေသူကို Singto ဘာရယ်မဟုတ် ငေးနေမိသည်။ တစ်ယောက်ယောက်က စူးစိုက်ကြည့်နေလျှင် အလိုလိုခံစားသိတတ်သည့် လူတို့၏ ဆဋ္ဌမအာရုံကြောင့် ဖြစ်မည် ထင်သည်။ စာရေးနေရာမှ ရပ်၍ Singto ကို မော့ကြည့်လာသည်။

သူ၏ မျက်နက်ဝန်းများဖြင့် စူးစမ်းသလို ကြည့်လာရင်း ချက်ချင်းဆိုသလိုပင် မျက်မှောင်တန်းနှစ်သွယ်ကို အတွန့်ချိုးလျက် အော်ပြောလာသည်။

“ဟေ့. မင်း စာမရေးဘဲ ဘာထိုင်လုပ်နေတာလဲ ။ မင်းပဲ ငါ့ကို အစီရင်ခံစာ စာအုပ် ရေးတာ ကူပေးဖို့ ဒီကို ခေါ်ထားတာ မဟုတ်ဘူးလား”

“ဟမ် .. အိုး .. ခေါ်ထို့”

Singto Parachaya တစ်ယောက် သူရဲ့ငယ်သူငယ်ချင်း Krist Perawat ကို မြင်တိုင်း ‘Krist က တော်တော်ချစ်ဖို့ကောင်းတယ်’ လို့ပဲ အခုတလော တွေးမိနေဖြစ်သည်။ ထိုကဲ့သို့ တဆူဆူတပူပူလုပ်နေဟန်ကပင် ချစ်စဖွယ်ဖြစ်နေသဖြင့် Singto  သတိလက်လွတ် ငေးကြည့်နေမိပြီးမှ အယောင်ယောင်မှားမှားဖြင့် ပြန်ဖြေဖြစ်သည်။

“ငါက မင်းကို ကူညီပေးဖို့ ကျူရှင်တောင်ပျက်ထားတာ . … . ”

ခေါင်းပြန်ငုံ့သွားကာ စာပြန်ရေးနေရင်း ဘာတွေရေရွတ်နေမှန်းမသိ ။ ရှေ့ဆုံးက စကားကိုသာ သဲသဲကွဲကွဲ ကြားရသည်။

‘ငါရူးနေတာပဲဖြစ်ရမယ်! သူ့ ခေါင်းအပေါ်ပိုင်းပုံစံကတောင် ချစ်ဖို့ကောင်းနေတယ်ဆိုတော့! Singto Parachaya .. မင်း ဘယ်လိုအရူးလဲ!  ဘာလို့များ Krist ကို ဒီကို ခေါ်လာရတာပါလိမ့် .. ခုတော့ မင်း လုံးဝကို အာရုံစိုက်လို့ မရတော့ဘူးပဲ .. အား! ငါ ဘာမှလည်းမဟုတ်ဘဲနဲ့ သူ့ကို စာအတူလုပ်ဖို့ ခေါ်လာခဲ့မိတာပဲ’

Singto တစ်ယောက် သူ့ဘာသူအတွေးထဲနစ်ရင်း သတိလက်လွတ်ဖြင့် စာကြည့်စားပွဲဖြင့် သူ့ဦးခေါင်းအား ဆောင့်နေသည်ကို Krist အူကြောင်ကြောင်ဖြင့် ကြည့်နေမိတော့သည်။ ‘သူ ဘာလို့ဒီလိုလုပ်နေလည်းမသိ’ ဟု တွေးနေမိသော်လည်း Krist  ထုတ်မမေးဖြစ် ။

Falling In Love With My Best Friend Where stories live. Discover now