4

528 74 0
                                    

Unicode

“အဲ့လိုဆို ငါ့ကို ပြောစရာရှိတယ် ဆိုတာက မင်းက ဖွင့်ပြောဖို့ ကူညီပေးမယ်လို့ ပြောချင်တာပေါ့ .. ဒါနဲ့ ဘာလို့ မင်းက ငါ့ကိုကူညီမှာလဲ”

“အင်း .. ရိုးရှင်းတဲ့ အကြောင်းပြချက်တစ်ခုရှိတယ်”

Krist နှင့် Nammon တို့ ဓါတ်လှေကားရှေ့သို့အရောက်တွင် ဓါတ်လှေကားပြုပြင်နေ၍ အသုံးပြု၍မရနိုင်ကြောင်း ပြောထားသည့် စာက သူတို့ကို ဆီးကြိုနေခဲ့သည်။

“အာ .. ငါတို့ ရိုးရိုးလှေကားကပဲ သွားရတော့မယ်”

“ဘာ!!”

Nammon ၏ ခပ်အေးအေးအပြောကို Krist အလန့်တကြားထအော်မိသည်။

‘ဆယ့်ခြောက်လွှာကို ငါက ဘယ်လိုလုပ် ရိုးရိုးလှေကားနဲ့ တက်နိုင်မှာလဲ .. မောလို့သေမှာပဲ ။. ပြီးတော့ ဒီကောင်နဲ့အတူ ။ ရူးတော့မှာပဲ’ ဟု Krist တွေးလိုက်ရုံနှင့် စိတ်ပင်ပန်းသွားရပါ၏။

သူတို့နှစ်ယောက် ရိုးရိုးလှေကားကနေ အပေါ်သို့တက်လာကြရင်း Nammon က စကားပြန်ဆက်ပါ၏။

“အဲ့ဒါကြောင့် မင်း အခု ဆုံးဖြတ်ရတော့မယ် ..။ မင်းက Singto နဲ့ ဝေးဝေးနေမလား . ဒါမှမဟုတ်  အရင်လိုပဲ ဆက်နေမလား ဒါမှမဟုတ် ဖွင့်ပြောမလား”

“ .. ..”

“တကယ်လို့ မင်းအငြင်းခံရရင်လည်း မင်း ဘေးနားကလူကို ပြန်ကြည့်သင့်တယ် ။ အဲ့လိုဆို ငါ့အတွက် အခွင့်အရေးရှိလာနိုင်မယ်မဟုတ်လား”

Krist မျက်ခုံးကျုံ့ရင်း Nammon ကို ကြည့်ဖြစ်ရင်း ..
“နေပါဦး!  မင်း ဘာတွေပြောနေတာလဲ! အဲ့ဒါနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”

“တကယ်ကြီး!  မင်းက ဒီလောက်ပဲ တုံးနေတာလား ၊ တမင် မသိချင်ယောင်ဆောင်နေတာလားတောင် ငါမသိတော့ဘူး။ ငါမင်းကိုကြိုက်လို့ .. အဲ့ဒါကြောင့်မို့ ငါ ကူညီပေးမယ်ပြောတာ ”

Krist ရုတ်တရက်ဆွံ့အပြီး ကြောင်ကြည့်နေမိစဉ်မှာပင် Nammon က ပြုံးရယ်လျက် ဆိုလာပြန်သည်။

“မင်း သူ့အပေါ် ခံစားချက်တွေကိုမေ့ပစ်ပြီး ငါ့ဆီလာရင်ရော ဘယ်လိုလဲ”

Krist ခေါင်းသာ အသာယမ်းဖြစ်သည်။

“ဟမ့် .. မင်းက တစ်ကယ့်ကို တစ်ခုခုပဲ”

Falling In Love With My Best Friend Where stories live. Discover now