||Unicode||
" ငရဲကို သွားလိုက် ခွေး@#@####@@"
*ဒိုင်း
ကျယ်လောင်တဲ့ သေနတ်သံနဲ့အတူ
ဂိုဒေါင်နံရံကို အနီရောင်ခြယ်လိုက်တဲ့ သွေးတွေ။နှဖူးမှာ ကျည်ပေါက်ရာနဲ့အတူ အသက််မဲ့သွားတဲ့
ခန္ဓာကိုယ် တစ်ခု။" လက်နတ်တွေကို အဆုံးခံပြီး ထွက်ပြေးလာတယ်ပေါ့"
" Boss ! Boss ကျွန်တော် တောင်းပန်ပါတယ် ..သူတို့ဘက်က အင်အားများတာမို့ မတက်သာလို့ပါ ခွင့်လွှတ်ပေးပါ Boss !! "
" နားငြီးတယ် "
*ဒိုင်း
နောက်တစ်ကြိမ် နံရံကို စွန်းထင်းသွားတဲ့သွေး..
အာခေါင်ကနေ ခေါင်းအထိ ထုပ်ချင်း ဖောက်သွားတဲ့ ကျည်စံရာနဲ့အတူ နောက်ထပ် အသက််မဲ့ သွားပြန်တဲ့ လူတစ်ယောက်။
" ကျန်တဲ့ကောင်တွေလည်း သတိထားနေ
ဒါတွေကို ရှင်းလိုက် ပြီးရင် လက်နတ်တွေကို
ပြန်ယူ လာခဲ့ "" Yes Boss "
လက််မှာ ပေနေတဲ့ သွေးစအချို့ကို ရေနဲ့
ဆေးလိုက်ကာ ဂိုဒေါင်ထဲက ထွက်သွားတဲ့
Jungkook .....ဒါ အခြားအချိန်တွေနဲ့ လုပ်ငန်းခွင်မှာ တွေ့နေကြ
Jungkookရဲ့ ရက်စက်ပြီး ပြတ်သားတဲ့ ပုံစံပင်။.
.
.
" Jungkook "
" ဟင် "
စိတ်ကြည်ဆေးလေးဖြစ်တဲ့ ထယ်ယောင်းရှိရာ
ပန်းခြံထဲလာပြီး အရိပ်ကအစ မျက်ခြည်မပြတ်
စေဘဲ ထိုင်ကြည့်နေမိတုန်း ဘေးနားလာထိုင်ကာ
စကား လာပြောတဲ့ ထယ်ယောင်း။" ဟိုလေ ထယ့်ကို သေနတ်ပစ် သင်ပေးပါ့လား"
ရုတ်တရပ် မထင်မှတ်ထားတဲ့ စကားကို
ပြောလိုက်တာမို့ တကယ် အံ့ဩမိသွားတာအမှန်။" ထယ်က ဘာလို့လဲ "
" ဒီတိုင်း Jungkookမရှိတဲ့ အချိန်တွေမှာ
တစ်ခုခု ဖြစ်လာခဲ့ရင် ကွကိုယ် ကာကွယ်ချင်လို့"တကယ်တမ်းဆို ဒီတောင်းဆို ချက်ကို
သူ သဘောကျမိပါသည်။ထယ့်ကို ကာကွယ်ပေးဖို့ သူအသင့်ရှိနေမှာ
ဆိုပေမယ့် ထယ့်ကို အများကြီး သန်မာစေချင်သည်။
YOU ARE READING
𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||
Romance[ Unicode ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ " [ Zawgyi ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ "